မဲဆန္ဒရှင်စာရင်းတွင်ချို့ယွင်းချက်များတွေ့ရှိ

...

မဲဆန္ဒရှင်စာရင်းတွင်ချို့ယွင်းချက်များတွေ့ရှိ

DVB News, 16 Jul 2015

URL: https://www.dvb.no/elections/voters-find-flaw-in-electoral-roll-54834-burma-myanmar-suukyi/54834
မြန်မာနိုင်ငံ၌တက်ကြွစွာလှုပ်ရှားသူအတိုက်အခံပါတီများမှတစ်အိမ်တက်ဆင်းလိုက်လံပညာပေးဆောင်ရွက်ကာ“မဲစာရင်းများသွားရောက်
စစ်ဆေးကြ”ဟုအဆက်မပြတ်တိုက်တွန်းနေသည်။မဲဆန္ဒရှင်စာရင်းတွင်အမှားများအများအပြားရှိကြောင်းနှင့်သမိုင်းဝင်မဲပေးခြင်း၌မဲပေး
ရန်အခွင့်အရေးအများအပြားကိုပိတ်ပင်နိုင်စေသည်ဟုပြောခဲ့သည်။

“ကျွန်တော်တို့အမှားအယွင်းအတော်များများတွေ့ရှိရပါတယ်၊မွေးရက်မှားတာတွေကအစပေါ့”ဟုရှေ့ဆက်မှားယွင်းမှုများဖြစ်ပွားမည်ကိုစိုး
ရိမ်နေသည့်အမျိုးသားဒီမိုကရေစီအဖွဲ့(NLD)ဥက္ကဌအတိုက်အခံခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နှင့်အတူအရှိတစ်ဦးဖြစ်သည့်ဦးသောင်း
ထွဋ်ကပြောခဲ့သည်။

၎င်းတို့မှတရားဝင်စာရင်းကိုစစ်ဆေးပြီးနေထိုင်သူများကိုအမှားတွေ့ရှိပါကအမှားပြင်ဆင်ရန်အတွက်လျှောက်လွှာများပေးနေသည်။
သို့သော်လည်းပထမဦးဆုံးအကြိမ်သန်းပေါင်း(၃၀)ကျော်မဲဆန္ဒရှင်စာရင်းကွန်ပြူတာထည့်သွင်းခြင်းလုပ်ငန်းစဉ်သည်နိုင်ငံ၌ရွေးကောက်
ပွဲစနစ်အဆင့်မီအောင်ပြင်ဆင်တည်ထောင်ခြင်းတွင်အဓိကစိန်ခေါ်မှုတစ်ရပ်ပင်ဖြစ်သည်။

သြဂုတ်လတွင်မဲစာရင်းအပြည့်အစုံကိုနိုင်ငံတစ်ဝှမ်းထုတ်ဝေသင့်ပြီးမဲဆန္ဒရှင်များမည်သည့်အမှားမဆိုပြင်ဆင်ရန်အတွက်အောက်တိုဘာ
လထိရှိမည်ဖြစ်သည်။

တိုင်းပြည်၏အကြီးဆုံးနှင့်အဆင့်မြင့်မြို့တော်ဖြစ်သည့်ရန်ကုန်မြို့၏အချို့နေရာများတွင်ကြိုတင်မဲစာရင်းနှင့်ပက်သက်၍အမှားအယွင်းရာ
ခိုင်နှုန်းသည်(၃၀)ရာခိုင်နှုန်းမှ(၈၀)ရာခိုင်နှုန်းအတွင်းရှိနေသောကြောင့်ယခင်စစ်အစိုးရလက်ထက်တွင်(၁၅)နှစ်နေအိမ်အကျယ်ချုပ်ကျခံ
ရသူဒေါ်အောင်ဆန်းစုကြည်မှစိုးရိမ်ပူပန်ခဲ့သည်။

“ရွေးကောက်ပွဲအတွက်ဒီအမှားစာရင်းအားလုံးကိုအချိန်မီကျွန်မတို့ဘယ်လိုမှန်ကန်အောင်ပြင်ဆင်ကြမလဲ။ရန်ကုန်မှာတောင်ဒီလောက်ဖြစ်
နေရင်နယ်စပ်ဒေသတွေမှာဆိုသူတို့ဘယ်လိုလုပ်မလဲ”ဟုဇွန်လ၌ဝါရှင်တန်ပို့စ်နှင့်တွေ့ဆုံမေးမြန်းမှုပြုလုပ်ရာ၌သူမမှပြောကြားခဲ့ခြင်းဖြစ်
သည်။

နိုဗယ်ဆုရှင်သူမသည်သူမ၏မဲဆန္ဒနယ်မြေဖြစ်သောကော့မှူးနှင့်လွှတ်တော်တက်စဉ်အတွင်းသူမနေထိုင်သောနေပြည်တော်တို့၌တစ်အိမ်
တက်ဆင်းသွားရောက်ကာမဲဆန္ဒပညာပေးခြင်းများပြုလုပ်ခဲ့ပြီးအထက်အမိန့်ကြောင့်စိုးရိမ်ပူပန်မှုများကိုရင်ဆိုင်ကျော်လွှားရန်နှင့်မဲစာရင်း
စစ်ဆေးကြရန်ပြည်သူလူထုအားတိုက်တွန်းဖျောင်းဖျခဲ့သည်။


ရန်ကုန်၌ကပ်ထားသောစာရင်းတွင်အံ့သြစရာအကောင်းဆုံးမှာမဲဆန္ဒရှင်များ၏မွေးလမွေးရက်သည်ဇွန်လ(၃၀)ရက်တစ်ခုထဲဖြစ်နေပြီး
ရွေးကောက်ပွဲကော်မရှင်မှထိုသူများသည်၎င်းတို့၏မွေးနေ့မွေးရက်ကိုမမှတ်မိသောကြောင့်အသုံးပြုခဲ့ခြင်းဖြစ်သည်ဟုပြောခဲ့သည်။

“သေတဲ့လူတွေကစာရင်းထဲပါလာပြီးတော့ရှင်တဲ့လူတွေကျတော့မပါဘူး”ဟု(NLD)အဖွဲ့မှလာရောက်စစ်ဆေးပြီးနောက်ဗဟန်းမြို့နယ်
တွင်နေထိုင်သူအသက်(၅၃)နှစ်အရွယ်ဒေါ်နီလာမြင့်မှမကျေမနပ်ပြောခဲ့သည်။

နိုင်ငံ၏ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှစာရင်းသည်အမှားအယွင်းကျယ်ကျယ်ပြန့်ပြန့်ရှိကြောင်းဝန်ခံပြောကြားခဲ့သော်လည်း
နည်းပညာပိုင်းဆိုင်ရာပြဿနာများကြောင့်သာဖြစ်ကြောင်းပြစ်တင်ပြောကြားခဲ့သည်။

အမှားအယွင်းအများအပြားကိုပြင်ဆင်ရန်အချိန်ရှိသေးကြောင်း၎င်းတို့မှပြောခဲ့သည်။

“ကျွန်တော်တို့က၂၀၁၄နိုဝင်ဘာလကစာရင်းကိုသာကွန်ပြူတာထဲမှာထည့်သွင်းခဲ့တာပါ”ဟုရန်ကုန်ရှိရွေးကော်ပွဲကော်မရှင်မှသန့်ဇင်
အောင်ကပြောခဲ့သည်။

သြဂုတ်လ၌ရုပ်မြင်သံကြားတွင်စည်းရုံးလှုံ့ဆော်ခြင်းကိုကော်မရှင်၏ကွန်ပြူတာအလုံးနှစ်ထောင်တွင်တစ်ဝက်လှူဒါန်းခဲ့သည့်ရွေးကောက်
ပွဲစနစ်အတွက်နိုင်ငံတကာငွေကြေးထောက်ပံ့သည့်ယူအက်စ်ရန်ပုံငွေအဖွဲ့မှထောက်ပံ့ပေးခဲ့ခြင်းဖြစ်သည်။

ကော်မရှင်မှမကြာသေးမီကအင်တာနက်ဝက်ဆိုက်တစ်ခုနှင့်ဖေ့ဘုတ်စာမျက်နှာတစ်ခုကိုတင်ခဲ့ပြီး“မဲစာရင်းသွားစစ်ကြပါစို့”ဟုအွန်လိုင်း
တွင်လည်းသွားရောက်စစ်ဆေးရန်ဖော်ပြထားသည်။ရွေးကောက်ပွဲမဲစာရင်းတွင်နာမည်ပါဝင်မှုရှိမရှိသွားရောက်စီစစ်ကြရန်မဲဆန္ဒရှင်များ
ကိုတိုက်တွန်းထားသည်။

“အချက်အလက်တွေကိုလက်ရှိအခြေအနေအလိုက်လုပ်ထားတာမဟုတ်ဘူး၊ပြီးတော့ရှေ့နောက်ကိုက်ညီမှုလဲမရှိဘူး”ဟုအခြေအနေတွင်
အမည်မဖော်လိုသူအတိုင်ပင်ခံပုဂ္ဂိုလ်မှ(AFP)သို့ပြောခဲ့သည်။