သမ္မတ၊ ကာချုပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်များတွေ့ဆုံရန်ရက်မသတ်မှတ်နိုင်သေး

...

သမ္မတ၊ ကာချုပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်များတွေ့ဆုံရန်ရက်မသတ်မှတ်နိုင်သေး

Independent Mon New Agency, 27 Aug 2015

URL: http://monnews.org/2015/08/27/date-unknown-for-president-defense-chief-and-eaos-leaders-conference/
တစ်နိုင်ငံလုံးဆိုင်ရာအပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ် NCA ကိုလက်မှတ်ရေးထိုးရန်အတွက်နိုင်ငံ တော်သမ္မတ ၊တပ်မ
တော်ကာကွယ်ရေးစစ်ဦးစီးချုပ်နှင့်တိုင်းရင်းသားလက်နက်ကိုင်ထိပ်သီးခေါင်းဆောင် များနေပြည်တော်၌တွေ့ဆုံဆွေးနွေးရန်
ရက်မသတ်မှတ်နိုင်သေးကြောင်းသိရသည်။

မြန်မာ့ငြိမ်းချမ်းရေးစင်တာ MPC ၏ညှိနှိုင်းချက်အရသြဂုတ်လ ၂၅ (သို့မဟုတ်) ၂၈ ရက်နေ့တွင်နေ ပြည်တော်၌အဆိုပါနှစ်
ဖက်ခေါင်းဆောင်များတွေ့ဆုံရန် ကြိုတင်ရက်ချိန်းသတ်မှတ်ခဲ့ခြင်းဖြစ်သည်။

တိုင်းရင်းသားများ၏အဆင့်မြင့်ညှိနှိုင်းရေးကိုယ်စားလှယ်အဖွဲ့ SD အဖွဲ့ဝင်မွန်ပြည်သစ်ပါတီဒုဥက္ကဌနိုင်ဟံသာက “ဟိုဘက်
(အစိုးရ)နဲ့ညှိပြီးအတတ်နိုင်ဆုံးအစောဆုံးဖြစ်နိုင်ဖို့အတွက်ရှေ့လထဲမှာတွေ့ဆုံဖို့ပါ၊ ဒီလ(၂၈) ရက်နေ့မှာ တွေ့ဆုံဖြစ်ဖို့တော့
အလားအလာမရှိဘူး” ဟုပြောသည်။

နေပြည်တော်သို့သွားရောက်ဆွေးနွေးရန်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းထိပ်သီးခေါင်းဆောင်(၅)ဦး တွင်မွန်ပြည်
သစ်ပါတီ NMSP ဥက္ကဌ နိုင်ထောမွန်၊ ကရင်အမျိုးသား အစည်းအရုံး KNU ဥက္ကဌဗိုလ်ချုပ်ကြီး မူတူးစေးဖိုး၊ ကချင်လွတ်လပ်
ရေးအဖွဲ့KIO ဒုဥက္ကဌဗိုလ်ချုပ်ကြီးအင်ဘန်လ၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP ဥက္ကဌအေဘယ်တွိ၊ ရှမ်းပြည်တိုး
တက်ရေးပါတီ SSPP နာယကဒုဗိုလ်ချုပ် ကြီးဆေထင်တို့ပါ၀င်မည်ဖြစ်ကြောင်းသိရသည်။

ထို့အတူတစ်နိုင်ငံလုံးဆိုင်ရာအပစ်အခတ်ရပ်စဲရေးအဆင့်မြင့်ညှိနှိုင်းရေးကိုယ်စားလှယ်အဖွဲ့ SD အဖွဲ့ခေါင်းဆောင်ပဒိုနော်စီဖိုး
ရာစိန်၊ ဒုအဖွဲ့ခေါင်းဆောင်(၁)ဒေါက်တာလဂျာ၊ ဒုအဖွဲ့ခေါင်းဆောင်(၂)ပူးဇင် ကျုံးတို့လည်းပါဝင်မည်ဖြစ်သည်။

နိုင်ဟံသာက “အဆင်ပြေရင်တော့လည်းရက်ချိန်းတွေသတ်မှတ်ပြီးတော့လက်မှတ်ထိုးရုံပဲပေါ့၊ အပေး အယူဆိုတဲ့ဟာကတော့
အဆင်မပြေတော့လည်းနဂို်အတိုင်းပဲပြန်ဖြစ်သွားမှာပေါ့”ဟုသတင်းထောက်များကိုချင်းမိုင်၌ပြုလုပ်ခဲ့သည့်ပြီးခဲ့သော EAOs
ညီလာခံတွင်ပြောကြားခဲ့သည်။

လက်ရှိတွင်အစိုးရက NCA လက်မှတ်ရေးထိုးရန်တိုင်းရင်းသားအဖွဲ့(၁၅)ဖွဲ့ကိုသာဖိတ်ခေါ်ထားပြီးအခြား လက်နက်ကိုင်တပ်ဖွဲ့
(၆ဖွဲ့ဖြစ်သည့်တအာင်း(ပလောင်)အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA၊ မြန်မာအမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မ
တော်- ကိုးကန့်တပ်ဖွဲ့ MNDAA- ရက္ခိုင့်တပ်မတော် AA ၊ “၀” အမျိုးသားအဖွဲ့ချုပ် WNO၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး
LDU နှင့်ရခိုင်အမျိုးသားကောင်စီ ANC ကန့်သတ်ထားဆဲဖြစ်သည်။

သို့ရာတွင်တစ်နိုင်ငံလုံးဆိုင်ရာပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ် NCA လက်မှတ်ရေးထိုးရာ၌တိုင်းရင်း သားလက်နက်ကိုင်
အဖွဲ့အားလုံးတစ်ပြိုင်နက်တည်းပါ၀င်ရေးမူအတွက်ကြိုးပမ်းသွားမည်ဖြစ်ကြောင်းကိုသြဂုတ်လ(၂၁)ရက်မှ(၂၄)ရက်နေ့အထိ
ထိုင်းနိုင်ငံ၊ ချင်းမိုင်၌ပြုလုပ်ခဲ့သောတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များညီလာခံ (EAOs)အစည်းအဝေးကဆုံးဖြတ်ကြောင်း
သဘာပတိအဖြစ်ဆောင်ရွက်သူ KNU ဥက္ကဌဗိုလ်ချုပ် ကြီးမူတူးစေးဖိုးကအခမ်းအနားအပြီးသတ်ချိန်တွင်အတည်ပြုဖတ်ကြား
ခဲ့သည်။

အချက်(၃၃)ချက်ပါရှိသော NCA စာချုပ်တွင်အချက်( ၃၂)ချက်အထိအစိုးရနှင့်တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့နှစ်ဖက်ကို
ယ်စားလှယ်များသဘောတူညီမှုရရှိပြီးသော်လည်းသဘောတူစာချုပ်လက်မှတ်ရေးထိုး၌အစိုးရမှလက်နက်ကိုင်အဖွဲ့(၆)ဖွဲ့ပါဝင်
ရန်ပယ်ချခဲ့ပြီးလုပ်ငန်းစဉ်များနှောင့်နှေးသွားသည်။