ထိုင်းနိုင်ငံနှင့်မြန်မာနိုင်ငံအကြားနှစ်ဦးနှစ်ဖက်ကုန်သွယ်စီးပွားရေးတိုးမြှင့်စေမည့်အသစ်ဖွင့်လှစ်လိုက်သည့်ကော့ကရိတ်-သင်္ကန်းညီနောင်-မြဝတီအဝေးပြေးလမ်းမကြီး

...

ထိုင်းနိုင်ငံနှင့်မြန်မာနိုင်ငံအကြားနှစ်ဦးနှစ်ဖက်ကုန်သွယ်စီးပွားရေးတိုးမြှင့်စေမည့်အသစ်ဖွင့်လှစ်လိုက်သည့်ကော့ကရိတ်-သင်္ကန်းညီနောင်-မြဝတီအဝေးပြေးလမ်းမကြီး

The Global New Light of Myanmar, 31 Jul 2015

URL: http://issuu.com/zawzaw5/docs/31_aug_15_gnlm
ထိုင်းနိုင်ငံ၊တာ့ခ်ခရိုင်ရှိမဲဆောက်မြို့နှင့်မြန်မာနိုင်ငံကိုချိတ်ဆက်ပေးထားသည့်(၄၅.၄၅)ကီလိုမီတာရှိသောကော့ကရိတ်-
သင်္ကန်းညီနောင်-မြဝတီအဝေးပြေးလမ်းမကြီးသည်အိန္ဒိယ-မြန်မာ-ထိုင်းနိုင်ငံကိုဆက်သွယ်ပေးထားသည့်လမ်းမကြီး၏
တစိတ်တပိုင်းဖြစ်ရုံသာမကမဟာမဲခေါင်ဒေသခွဲအရှေ့-အနောက်စီးပွားရေးစင်္ကြန်လမ်းတို့၏အစိတ်အပိုင်းဖြစ်ကြောင်း
ကိုတနင်္ဂနွေနေ့လမ်းမကြီးလွှဲပြောင်းပေးအပ်ပွဲကျင်းပသည့်သင်္ကန်းညီနောင်လမ်းဆုံ၌ဒုတိယသမ္မတဦးဉာဏ်ထွန်းမှပြော
ကြားခဲ့သည်။

ဒုတိယသမ္မတမှလမ်းမကြီးသည်မြန်မာနှင့်ထိုင်းနိုင်ငံအကြားကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်လာစေမည်ဖြစ်ပြီးမြန်မာနိုင်ငံနှင့်
မဟာမဲခေါင်ဒေသအတွင်းရှိနိုင်ငံများသာမကအာရှနိုင်ငံများနှင့်လည်းဆက်သွယ်မှုပိုမိုကောင်းမွန်လာမည်ဟုပြောကြား
ခဲ့သည်။

ကေအဲန်ယူအမျိုးသားအစည်းအရုံးဥက္ကဌဖြစ်သူစောမူတူးစေးဖိုးမှလည်းလမ်းသစ်ကြောင့်ဒေသတွင်းနိုင်ငံများနှင့်သယ်
ယူပို့ဆောင်ရေးပိုမိုကောင်းမွန်စေနိုင်ပြီးအာဆီယမ်စီးပွားရေးလူ့အဖွဲ့အစည်းဖော်ထုတ်ရေးကိုအဓိကအထောက်အကူ
ပေးနိုင်မည်ဖြစ်ကြောင်းကျေးဇူးတင်စကားပြောကြားခဲ့သည်။

ထိုင်းနိုင်ငံဒုတိယဝန်ကြီးချုပ်ဒေါက်တာ Somkid Jatusripitak မှမြန်မာနိုင်ငံသာမကတခြားနိုင်ငံများပါအကျိုးကျေးဇူးရ
ရှိစေရန်အတွက်မြဝတီနှင့်ကော့ကရိတ်ကြားတွင်ရှိသည့်လမ်းကိုဆောက်လုပ်ခဲ့ခြင်းဖြစ်ကြောင်း၊ထိုင်းနိုင်ငံနှင့်မြန်မာနိုင်
ငံအကြားကုန်သွယ်စီးဆင်းမှုကိုပိုမိုအဆင်ပြေချောမွေ့စေမည်ဖြစ်ကြောင်းကျေးဇူးတင်စကားပြောကြားခဲ့သည်။

ဆောက်လုပ်ရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးကျော်လွင်၊ KNUဥက္ကဌစောမူတူးစေးဖိုး၊ထိုင်းနိုင်ငံပို့ဆောင်ရေးဝန်
ကြီးဌာနဝန်ကြီးနှင့်နိုင်ငံခြားရေးရာဝန်ကြီးစသည်တို့မှလမ်းသစ်ကိုဖွင့်လှစ်ပေးခဲ့သည်။

ဒုတိယသမ္မတနှင့်ထိုင်းဒုတိယဝန်ကြီးချုပ်တို့သည်ကမ္ပမည်းမော်ကွန်းကျောက်စာတိုင်ကိုစက်ခလုတ်နှိပ်ဖွင့်လှစ်ပေးခဲ့သည်။
See Sang Co Ltd(စီးဆမ်းကုမ္ပဏီ)ဥက္ကဌမှယာဉ်အလေးချိန်စစ်ဆေးသည့်ကတ္တားနှင့်သက်ဆိုင်သောစာရွက်စာတမ်းများကို
လမ်းဦးစီးဌာနညွှန်ကြားရေးမှူးချုပ်ထံသို့လွှဲပြောင်းပေးအပ်ခဲ့သည်။အဆိုပါလမ်းမကြီးကို၂၀၁၁ခုနှစ်၊ဇန်နဝါရီလ(၁၁)ရက်
နေ့မှစတင်ကာထိုင်းနိုင်ငံအကူအညီဖြင့်ထိုင်းဘတ်ငွေ(၁၁၆၆)သန်းအသုံးပြုပြီးတည်ဆောက်ခဲ့ခြင်းဖြစ်ကာ၂၀၁၄ခုနှစ်၊
ဧပြီလတွင်ပြီးစီးခဲ့သည်။