မဲဆွယ်စည်းရုံးရေးကာလစတင်သော်လည်းပါတီအချို့အတွက်သာဖြစ်

...

မဲဆွယ်စည်းရုံးရေးကာလစတင်သော်လည်းပါတီအချို့အတွက်သာဖြစ်

Myanmar Times, 08 Sep 2015

URL: http://www.mmtimes.com/index.php/national-news/16365-campaign-period-starts-but-only-for-some-parties.html
နောက်ဆုံးရက်သတ်မှတ်မှုများရှိသည့်ဤရေးကောက်ပွဲရာသီနှင့်အတူတရားဝင်ကိုယ်စားလှယ်လောင်းမဲဆွယ်စည်းရုံးမှုစတင်
ခြင်းကာလကိုယနေ့တွင်လက်တွေ့စတင်လိုက်ပြီဖြစ်သည်။နိုင်ငံရေးပါတီများသည်စည်းရုံးရေးဆင်းခြင်းအချိန်ဇယားစတင်ခြင်း
မှလွဲချော်မည်ဖြစ်သည်(အဖွင့်စည်းရုံးရေးဆင်းခြင်းသီချင်းများနှင့်ကြေငြာဆောင်ပုဒ်များနှင့်ပတ်သက်၍)၊အဘယ့်ကြောင့်ဆို
သော်ကိုယ်စားလှယ်လောင်းစီစစ်ရေးလုပ်ငန်းစဉ်များသည်အစီအစဉ်ဇယားနောက်တွင်ရှိနေသောကြောင့်ဖြစ်သည်။မျှော်လင့်
ထားသည့်ရွေးကောက်ပွဲစီစစ်ခြင်းအားလုံးကိုကြေငြာရာတွင်ပြန်လည်စီစစ်ရန်အလုပ်ကြွေးများရှိနေခြင်းသည်နှောင့်နှေးခြင်း
ကိုဖြစ်ပေါ်စေခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ဗဟိုအမှုဆောင်ကော်မတီအဖွဲ့ဝင်တစ်ဦးဖြစ်သူဦးထွန်းထွန်းလှိုင်ကပါတီသည်ခရိုင်အဆင့်ရွေး
ကောက်ပွဲကော်မရှင်ခွဲမှအတည်ပြုထားသည့်ကိုယ်စားလှယ်လောင်းစုစုပေါင်းအရေအတွက်ကိုလက်ခံရရှိမှုမရှိသေးကြောင်း၊ထို့
ကြောင့်လူထုစည်းရုံးရေးဆင်းခြင်းများကိုရွှေ့ဆိုင်းခဲ့ရကြောင်းပြောကြားခဲ့သည်။

“ကျွန်တော့်တို့စည်းရုံးရေးစတင်ဖို့အတွက်စာရင်းကိုစောင့်နေတာပါ” ဟုသူကပြောခဲ့သည်၊ကိုယ်စားလှယ်လောင်းတစ်ဦးချင်းစီ
အမည်သာဖြစ်ကြောင်းထပ်ပေါင်းပြောသည်။ရန်ကုန်ရှိတာမွေမြို့နယ်တွင်ဒေသကြီးလွှတ်တော်အတွက်နေရာတစ်ခုဝင်ရောက်
ယှဉ်ပြိုင်ခြင်းကိုလည်းအချိန်အတော်ကြာပြီးမှထုတ်ပြန်ကြေငြာခဲ့သည်။

အခြားတဘက်တွင်လည်းကိုယ်စားလှယ်လောင်းစာရင်းအပြီးသတ်ခြင်းမရှိပဲယနေ့အစီအစဉ်အတိုင်းရှေ့ဆက်သွားလိမ့်မည်ဟု
အမျိုးသားဒီမိုကရေစီအင်အားစုများကပြောခဲ့သည်။

“ကျွန်တော်တို့ရဲ့စတင်စည်းရုံးခြင်းကိုဒဂုံမြို့သစ်မြို့နယ်မှာရှိတဲ့ဓမ္မာရုံမှာကျင်းပပါမယ်” ဟုဦးခင်မောင်ဆွေကပြောခဲ့သည်။ NDF
ပါတီတွင်ကိုယ်စားလှယ်လောင်း(၂၄၇)ဦးအနက်(၃)ဦးသည်ခရိုင်ရွေးကောက်ပွဲကော်မရှင်ခွဲမှပယ်ချခဲ့သည်။

ကိုယ်စားလှယ်လောင်းမဲဆွယ်စည်းရုံးခြင်းကျင်းပပြုလုပ်ချိန်အတောအတွင်းတရားဝင်ခွင့်ပြုချိန်ကာလသည်စက်တင်ဘာ(၈)ရက်
နေ့မှနိုဝင်ဘာ(၇)ရက်နေ့အတွင်းဖြစ်သည်၊ပါတီများသည်သက်ဆိုင်ရာကော်မရှင်ရုံးခွဲမှခွင့်ပြုချက်ရရှိဖို့လျှောက်ထားရန်အတွက်
အနည်းဆုံး(၇)ရက်ကြိုတင်လျှောက်ထားရမည်ဖြစ်သည်။ကော်မရှင်အရာရှိများသည်စည်းရုံးရေးဆင်းခြင်း၏ပါဝင်သည့်အကြောင်း
အရာများကိုစီစစ်သတ်မှတ်ထားသည်၊သို့သော်လည်းစည်းရုံးရေးဆင်းရန်အတွက်ကိုယ်စားလှယ်လောင်းများကိုအတည်ပြုခဲ့ခြင်း
မရှိသောကြောင့်ပါတီအများအပြားသည်မဲဆွယ်စည်းရုံးခြင်းပြုလုပ်ရန်အတွက်ပစ္စည်းများကိုပုံနှိပ်ထုတ်ဝေရန်နှင့်၎င်းကိုအတည်
ပြုချက်ရရှိရန်အတွက်တုံ့ဆိုင်းနေခဲ့ကြသည်။

SNLD သည်တရားဝင်မဲဆွယ်စည်းရုံးခြင်းစတင်ရန်အတွက်ပင်လုံမြို့နယ်တွင်မဲဆန္ဒရှင်များနှင့်တွေ့ဆုံဆွေးနွေးနေသည်။ပါတီမှ
ကိုယ်စားလှယ်လောင်းစာရင်းအကျဉ်းပါဝင်သည့်လက်ကမ်းစာစောင်များ၊မူဝါဒများနှင့်အနာဂတ်မဲဆွယ်စည်းရုံးရေးအစီအစဉ်များ
ကိုဖြန့်ဝေပေးရန်လည်းစီစဉ်နေသည်။

“အခုကျွန်တော်တို့ရှမ်းဘာသာနဲ့သီချင်းကိုအသံသွင်းခဲ့ပါတယ်၊အဲ့သီချင်းကိုကျွန်တော်တို့တွေစည်းရုံးရေးဆင်းတဲ့အခါမှာအသုံး
ပြုမှာပါ။ကျွန်တော်တို့လက်ကမ်းစာစောင်တွေကိုလည်းပုံစံထုတ်ထားပါတယ်၊ဒါပေမယ့်အဲ့ဒါကိုပုံနှိပ်ထုတ်ဝေဖို့ကလိုပါသေးတယ်”
ဟုသူမကထပ်ပေါင်းပြောခဲ့သည်။

ပါတီစည်းလုံးညီညွတ်စွာစည်းရုံးရေးဆင်းခြင်းနည်းဗျူဟာအတိုင်းကြီးကြပ်ကွပ်ကဲရန်ရည်ရွယ်ကာ ပါတီသည်ကိုယ်စားလှယ်
လောင်းများအတွက်နှစ်ရက်တာသင်တန်းလည်းပေးမည်ဖြစ်သည်။

ယခင်ကကိုယ်စားလှယ်မဲဆွယ်စည်းရုံးရေးစတင်သည့်ကာလတွင်ပါတီများသည်ရွေးကောက်ပွဲဆိုင်ရာလုပ်ထုံးလုပ်နည်းများအရ
၎င်းတို့ကိုမဲထည့်ရန်တိုက်တွန်းခဲ့သော်လည်းကိုယ်စားလှယ်လောင်းကိုသီးသန့်ရွေးချယ်မဲထည့်ရန်သတ်မှတ်မှုမရှိခဲ့ပေ။ရွေးကောက်
ပွဲမတိုင်မီတစ်ရက်တွင်ပြီးဆုံးမည့်မဲဆွယ်စည်းရုံးရေးဆင်းခြင်းကာလအတွင်းကိုယ်စားလှယ်လောင်းများသည်အများဆုံးသိန်း(၁၀၀)
ရာကျပ်(ယူအက်စ်ဒေါ်လာ၈၀၀၀)သုံးစွဲနိုင်သည်။