UN၊ EU နှင့်(၅)နိုင်ငံများမှ NCA လက်မှတ်ရေးထိုးရာအသိသက်သေအဖြစ်ပါဝင်မည်

...

UN၊ EU နှင့်(၅)နိုင်ငံများမှ NCA လက်မှတ်ရေးထိုးရာအသိသက်သေအဖြစ်ပါဝင်မည်

Burma News International, 16 Sep 2015

URL: http://www.bnionline.net/news/mon-state/item/790-un-eu-and-five-countries-to-witness-nca-signing.html
ကုလသမ္မဂ(UN)၊ဥရောပသမဂ္ဂ(EU)နှင့်အခြားနိုင်ငံ(၅)နိုင်ငံမှကိုယ်စားလှယ်များသည်အစိုးရ၊တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့
အစည်း(EAO)ကိုယ်စားလှယ်များ၏တနိုင်ငံလုံးဆိုင်ရာအပစ်အခတ်ရပ်စဲရေးစာချုပ်(NCA)ကိုလက်မှတ်ရေးထိုးရာတွင်အသိသက်
သေပြုလုပ်ပေးမည်ဖြစ်သည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ(EAOs)မှအောက်တိုဘာတွင်NCAကိုလက်မှတ်ရေးထိုးရန်အဆိုပြုခဲ့သဖြင့်သူ့အနေနှင့်လက်
မှတ်ရေးထိုးခြင်းဖြစ်ရန်ကိုးဆယ်ရာခိုင်နှုန်းသေချာကြောင်းမြန်မာ့ငြိမ်းချမ်းရေးစင်တာ(MPC)၏အပစ်အခတ်ရပ်စဲရေးညှိနှိုင်းအ
သင်းနှင့်အကောင်အထည်ဖော်ရေးအစီအစဉ်မှညွှန်ကြားရေးမှူးဖြစ်သူဒေါက်တာမင်းဇော်ဦးကပြောခဲ့သည်။

NCAလက်မှတ်ရေးထိုးတဲ့အခါအသိသက်သေအဖြစ်တက်ရောက်ဖို့အတွက်UNနဲ့အခြားနိုင်ငံ(၆)နိုင်ငံကိုဖိတ်ကြားခဲ့ပြီးပါပြီ။ကျွန်
တော်တို့ဒီနိုင်ငံတွေဖိတ်ကြားရတာကတော့EAOs(တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့)ကသူတို့ကိုဖိတ်ကြားစေချင်လို့ပါပဲ။EAOsအ
ဆိုပြုခဲ့တဲ့အတိုင်းမြန်မာပြည်ကပြည်တွင်းအသိသက်သေတွေကိုလည်းကျွန်တော်တို့ဖိတ်ကြားခဲ့ပါတယ်။

NCAလက်မှတ်ရေးထိုးဖို့အတွက်ဖိတ်ကြားခဲ့သည့်နိုင်ငံတကာအသိသက်သေများမှာUN ၊EU ၊ထိုင်း၊တရုတ်၊အိန္ဒိယ၊ဂျပန်နှင့်နော်
ဝေးတို့ဖြစ်ကြသည်။ပြည်တွင်းအသိသက်သေအဖြစ်ဖိတ်ကြားထားသူများမှာအမျိုးသားဒီမိုကရေစီအဖွဲ့ချူပ်(NLD)ဥက္ကဌဒေါ်အောင်
ဆန်းစုကြည်နှင့်ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့(SNLD)မှဥက္ကဌ​ဖြစ်သူခွန်ထွန်းဦးတို့ဖြစ်ကြသည်။

သို့သော်လည်းMPCမှဒေါက်တာအောင်နိုင်ဦး၏ပြောကြားချက်အရထိုင်းနိုင်ငံသည်အသိသက်သေလုပ်ပေးဖို့မသေချာကြောင်းသိ
ရှိရသည်၊အဘယ့်ကြောင့်ဆိုသော်၎င်းသည်ASEANအဖွဲ့ဝင်ဖြစ်သောကြောင့်ဖြစ်သည်။အိန္ဒိယသည်လည်းအသိသက်သေအဖြစ်
လက်မှတ်ထိုးရန်မဆုံးဖြတ်ရသေးကြောင်း၊အဘယ့်ကြောင့်ဆိုသော် မြန်မာနိုင်ငံနယ်စပ်ပေါ်တွင်နာဂလမ်းအမျိုးသားဆိုရှယ်လစ်
ကောင်စီ[NSCN-K]နှင့်တိုက်ပွဲဖြစ်ပွားနေသောကြောင့်ဖြစ်သည်။NCAတွင်​တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအားလုံးကိုလက်
မှတ်ရေးထိုးခွင့်ပြုပါမှအိန္ဒိယသည်အသိသက်သေအဖြစ်လုပ်ဆောင်မည်ဖြစ်ကြောင့်အိန္ဒိယကိုယ်စားလှယ်များကဦးခွန်ထွန်းဦးသို့
ပြောခဲ့သည်။

အောက်တိုဘာလပထမအပတ်တွင်NCAကိုလက်မှတ်ရေးထိုးဖြစ်လိမ့်မည်ဟုမျှော်မှန်းထားသော်လည်းလက်ရှိတွင်ကချင်လွတ်
မြောက်ရေးအစည်းအရုံး(KIO)သည်လက်မှတ်ရေးထိုးရန်မပြင်ဆင်ရသေးဟုKIO၏ဒုတိယဥက္ကဌဖြစ်သူဒုတိယဗိုလ်ချူပ်ကြီးအမ်
ဘန်လကပြောခဲ့သည်။

စက်တင်ဘာလ(၁၁)ရက်နေ့၌ရန်ကုန်၊စမ်းချောင်းမြို့နယ်ရှိကချင်ဘုရားရှိခိုးကျောင်း၌ကချင်လူထုနှင့်တွေ့ဆုံစည်းဝေးစဉ်၎င်းမှ
အောက်ပါအတိုင်းပြောခဲ့သည်။

"လက်မှတ်ရေးထိုးတဲ့အခါတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအားလုံးပါဝင်မှ KIO ကNCA ကိုလက်မှတ်ထိုးမှာပါ။သမ္မတကို
လည်းပြောခဲ့ပါတယ်။အခုအစိုးရကNCAကိုလက်မှတ်ထိုးဖို့အတွက်တိုင်းရင်းသားအဖွဲ့(၁၅)ဖွဲ့ကိုပဲခွင့်ပြုပါတယ်။အဆင့်မြင့်ညှိနှိုင်း
ရေးအသင်း(SD)မှအဖွဲ့ဝင်အားကအသင်းဝင်အားလုံးကိုNCAလက်မှတ်ရေးထိုးရာမှာပါစေချင်ပါတယ်။ဒါပေမယ့်အစိုးရကလက်
မခံပါဘူး။နေပြည်တော်မှာကျွန်တော်တို့သမ္မတနဲ့တွေ့ဆုံတဲ့တုန်းကကျွန်တော်တို့အဲ့ဒါကိုအဆိုပြုခဲ့ပေမယ့်လည်းဘာမှမဖြစ်လာပါ
ဘူး၊ဒါကြောင့်အစိုးရကလက်မခံတဲ့အဖွဲ့တွေနဲ့အဲ့ဒီအကြောင်းကိုကျွန်တော်တို့ဆွေးနွေးရပါလိမ့်မယ်။ကျွန်တော်တို့ကောင်းစွာအ
ဖြေရှာဖို့အတွက်ကျွန်တော်တို့တွန်းအားပေးနိုင်တာလောက်ပါပဲ။ဒါကြောင့်သမ္မတအဆိုပြုထားတဲ့စက်တင်ဘာပထမအပတ်မှာ
NCAကိုကျွန်တော်တို့လက်မှတ်ရေးထိုးမှာမဟုတ်ပါဘူး၊NCAကတော့လက်မှတ်ရေးထိုးဖြစ်မှာပါ၊ဒါပေမယ့်ပြည်သူလူထုကိုပြော
ချင်တာကတော့သမ္မတအကြံပေးထားတဲ့နေ့မှကျွန်တော်တို့လက်မှတ်ထိုးဖို့အဆင်သင့်ဖြစ်မှာမဟုတ်ဘူးဆိုတာပါပဲ။"

KIOထွေထွေအတွင်းရေးမှူးဒေါက်တာလဂျာ၏ပြောကြားချက်အရသမ္မတသည်စက်တင်ဘာလ(၂၅)ရက်မှ(၂၆)နေ့အထိတိုင်းရင်း
သားလက်နက်ကိုင်ခေါင်းဆောင်များ၏ထိပ်ပေါင်းခေါင်းဆောင်(၅)ဦးနှင့်တွေ့ဆုံမည်ဖြစ်ကြောင်းသိရှိရသည်။ယင်းနောက်တိုင်း
ရင်းသားလက်နက်ကိုင်ခေါင်းဆောင်များသည်အစည်းအဝေးတွင်ပြောဆိုဆွေးနွေးခဲ့သည်များကိုသမ္မတနှင့်မတွေ့ဆုံခဲ့သည့်တိုင်း
ရင်းသားခေါင်းဆောင်များထံသို့သွားရောက်တွေ့ဆုံကာဆွေးနွေးကြမည်ဖြစ်သည်။