အစိုးရငြိမ်းချမ်းရေးအကျိုးဆောင်မှအပစ်ရပ်စာချုပ်တွင်လက်မှတ်ရေးထိုးရန်မွန်လက်နက်ကိုင်အဖွဲ့အားတိုက်တွန်း

...

အစိုးရငြိမ်းချမ်းရေးအကျိုးဆောင်မှအပစ်ရပ်စာချုပ်တွင်လက်မှတ်ရေးထိုးရန်မွန်လက်နက်ကိုင်အဖွဲ့အားတိုက်တွန်း

The Irrawaddy, 30 Sep 2015

URL: http://www.irrawaddy.org/burma/govt-peace-broker-urges-mon-rebels-to-sign-ceasefire.html
မြန်မာအစိုးရ၏ငြိမ်းချမ်းရေးညှိနှိုင်းအဖွဲ့ခေါင်းဆောင်သည်မကြာသေးမီကနိုင်ငံ၏အရှေ့တောင်ပိုင်းဖြစ်သောမွန်ပြည်နယ်သို့
သွားရောက်လည်ပတ်ခဲ့သည်၊တနိုင်ငံလုံးဆိုင်ရာအပစ်အခတ်ရပ်စဲရေးစာချုပ်ကိုမလိုက်လျောပါကနိုင်ငံရေးဆွေးနွေးမှုများပြု
လုပ်စဉ်အတောအတွင်းတွင်အခြေအနေများကိုလေ့လာသူအဖြစ်လေ့လာရာတွင်အဖွဲ့အနည်းစုကိုကန့်သတ်လိမ့်မည်ဖြစ်ကြောင်း
အမှာစကားပေးခဲ့သည်။

ပြည်နယ်၏တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်သည့်မွန်ပြည်သစ်ပါတီ(NMSP)ဗဟိုကော်မတီဝင်တစ်ဦးမှဦးအောင်မင်းသည်
တိုင်းရင်းသားခေါင်းဆောင်များနှင့်မတွေ့ဆုံမီလွန်ခဲ့သည့်ရက်သတ္တပတ်အကျော်တွင်မွန်ပြည်နယ်ရှိအထင်ကရဘုန်းတော်ကြီး
များနှင့်တွေ့ဆုံခဲ့ကြောင်း၊နိုဝင်ဘာလ(၈)ရက်နေ့အထွေထွေရွေးကောက်ပွဲမတိုင်မီကြိုတင်၍ငြိမ်းချမ်းရေးစာချုပ်တွင်လက်မှတ်
ရေးထိုးရန်၎င်းတို့အားတိုက်တွန်းခဲ့ကြောင်းပြောခဲ့သည်။

“တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့(၈)ဖွဲ့က NCA ကိုလက်မှတ်ထိုးဖို့အဆင်သင့်ဖြစ်နေပြီဆိုပြီးအစိုးရကိုအကြောင်းကြားခဲ့တယ်
ဆိုတဲ့အကြောင်းဝန်ကြီးကကျွန်တော်တို့ကိုပြောပြခဲ့ပါတယ်။အစိုးရကအောက်တိုဘာလ(၁၀)ရက်နေ့မှာလက်မှတ်ရေးထိုးဖို့စီ
စဉ်ထားပါတယ်။သူတို့တွေနဲ့အတူကျွန်တော်တို့အဖွဲ့လည်းလက်မှတ်ထိုးချင်ပါတယ်” ဟု NMSP မှတာဝန်ရှိသူဖြစ်သူဗညားလိုင်
ကပြောခဲ့သည်။

ဦးအောင်မင်းနှင့်(NMSP)တို့အတွင်းပြုလုပ်သည့်အစည်းအဝေးတွင်တက်ရောက်ခဲ့သည့်ဗညားလိုင်မှအကယ်၍မွန်ပြည်သစ်ပါ
တီမှစာချုပ်တွင်လက်မှတ်မရေးထိုးပါက၎င်းတို့သည်သဘောတူစာချုပ်တွင်ပါသည့်အတိုင်းရက်(၉၀)အတွင်းနိုင်ငံရေးဆွေးနွေး
မှုများစတင်ပြုလုပ်ရာ၌ကဏ္ဍများတွင်ဝင်ရောက်ပါဝင်နိုင်လိမ့်မည်မဟုတ်ဟုဝန်ကြီးကသူတို့အားအကြောင်းကြားခဲ့ကြောင်းပြော
ခဲ့သည်။

“ကျွန်တော်တို့လက်မှတ်ထိုးရင်မွန်ကိုယ်စားလှယ်တွေကနိုင်ငံရေးဆွေးနွေးပွဲတွေမှာပါဝင်ဖို့အခွင့်အရေးရမယ်၊ဒါပေမယ့်ကျွန်
တော်တို့လက်မှတ်မထိုးဘူးဆိုရင်တော့နိုင်ငံရေးဆွေးနွေးပွဲတွေမှာတက်ရောက်ခွင့်ရှိပေမယ့်လေ့လာသူအဆင့်နဲ့ပဲရမယ်လို့သူ
ကကျွန်တော်တို့ကိုပြောခဲ့ပါတယ်”ဟုသူကပြောခဲ့သည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့မှအဖွဲ့ဝင်များအားအောက်တိုဘာလအစောပိုင်းတွင်အစိုးရနှင့်နောက်ထပ်ဆွေးနွေးမှုများပြု
လုပ်ရန်အတွက်ကြိုတင်ပြင်ဆင်ရာ၌သုံးရက်တာထိပ်သီးခေါင်းဆောင်ပိုင်းညီလာခံသို့တက်ရောက်ရန်ကိုယ်စားလှယ်များကိုထိုင်း
နိုင်ငံမြောက်ပိုင်း၊ချင်းမိုင်သို့စေလွှတ်ခဲ့သည်။

လက်ရှိတွင်အစိုးရမှလက်မခံသည့်တိုင်းရင်းသားအဖွဲ့တွေမပါပဲစာချုပ်တွင်လက်မှတ်မထိုးဟု၎င်းတို့အခိုင်အမာငြင်းဆိုလိုက်
သည့်ညီလာခံမတိုင်မီ NMSP မှ ဗဟိုကော်မတီအစည်းအဝေးပြုလုပ်ခဲ့သည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတိုက်ပွားများဖြစ်ပွားနေစဉ်အတောအတွင်း AA ၊TNLA နှင့် MNDAA တို့သည်ကချင်လွတ်မြောက်
ရေးတပ်မတော်(KIA)၏မဟာမိတ်အဖြစ်ပူးပေါင်းပါဝင်ခဲ့သည်၊အစိုးရနှင့်အတူနှစ်ဦးနှစ်ဖက်အပစ်ရပ်စဲရေးမရှိပဲတနိုင်ငံလုံး
ဆိုင်ရာအပစ်ရပ်စာချုပ်အတွက်သတ်မှတ်ချက်နှင့်ပြည့်မီသည့်တစ်ခုတည်းသောအဖွဲ့ဖြစ်သည့်KIA သည်လည်း၎င်းမဟာမိတ်
များကိုပါဝင်ဖို့အပြင်းအထန်တောင်းဆိုခဲ့သည်။၎င်းတို့ထဲမှအချို့အဖွဲ့များသည်ပါဝင်ရန်ငြင်းဆန်ခဲ့သော်လည်းကနဦးပိုင်းက
အကြဉ်ခံထားသည့်အခြားအဖွဲ့များသည်လက်ရှိတိုက်ပွဲဖြစ်နေသည့်အဖွဲ့များမဟုတ်သောကြောင့်ဆွေးနွေးပွဲများတွင်ဖိတ်ကြား
ခံခဲ့ရသည်။