အလုပ်သမားအခွင့်အရေးအတွက်အလုပ်သမားဥပဒေများကိုပြန်လည်ပြင်ဆင်မည်

...

အလုပ်သမားအခွင့်အရေးအတွက်အလုပ်သမားဥပဒေများကိုပြန်လည်ပြင်ဆင်မည်

Xinhau News, 29 Sep 2015

URL: http://news.xinhuanet.com/english/2015-09/29/c_134671307.htm
မြန်မာနိုင်ငံ၌အလုပ်သမားငှားရမ်းခြင်းစာချုပ်များတွင်အလုပ်သမားဥပဒေများကိုပြန်လည်ပြင်ဆင်ခြင်းနှင့်သတ်မှတ်ချက်အ
ဆင့်အတန်းများပြန်လည်သုံးသပ်ခြင်းတို့ကိုလုပ်ဆောင်မည်ဖြစ်ပြီးထိုသို့လုပ်ဆောင်ခြင်းသည်အလုပ်သမားများအခွင့်အရေးကို
အကာအကွယ်ပေးရန်ဖြစ်ကြောင်းအလုပ်သမား၊အလုပ်အကိုင်နှင့်လူမှု့ဖူလုံရေးဝန်ကြီးဌာန၏အင်္ဂါနေ့တွင်ပြောကြားချက်အရ
သိရှိရသည်။

လွန်ခဲ့သည့်လေးရက်ကျော်ကနေပြည်တော်၌ပြုလုပ်သည့်သုံးဦးဖလှယ်ပါဝင်သောနိုင်ငံတော်ဆွေးနွေးပွဲဖိုရမ်တွင်အစိုးရကိုယ်
စားလှယ်များသည်ပြန်လည်ပြင်ဆင်ခြင်းပြုလုပ်ရန်အတွက်စက်ရုံပိုင်ရှင်များနှင့်အလုပ်သမားများနှင့်သဘောတူညီမှုရရှိခဲ့သည်။
အငြင်းပွားဖွယ်ရာအလုပ်သမားဥပဒေများကိုပြေငြိမ်းအောင်လုပ်ဆောင်ခြင်း၊အလုပ်သမားများကိုလျော်ကြေးပေးသည့်ဥပဒေ
များနှင့်၂၀၁၂ခုနှစ်အလုပ်သမားအစည်းအရုံးဥပဒေများစသည်တို့ကဲ့သို့မြန်မာနိုင်ငံ၏အလုပ်သမားဥပဒေများသည်အားနည်း
ချက်များရှိသည်ဟုပြည်ထောင်စုမြန်မာနိုင်ငံတော်၏အကျိုးတူပူးပေါင်းကုန်သွယ်ရေးဥပဒေရာဌာနမှအရာရှိတစ်ဦးဖြစ်သူက
ပြောခဲ့သည်။

ပြန်လည်ပြင်ဆင်သည့်အချက်အလက်အသေးစိတ်များကိုဆုံးဖြတ်ချက်ခြင်းမပြုလုပ်ရသေးပေ။

စက်ရုံများတွင်အလုပ်သမားသမဂ္ဂအတွက်ကဏ္ဍများကင်းမဲ့နေသည့်အပေါ်ဖြေရှင်းရာတွင်အထူးအလေးထားဆောင်ရွက်ခြင်း
ဖြင့်တည်ရှိဆဲအလုပ်သမားငှားရမ်းခြင်းစည်းကမ်းသတ်မှတ်ချက်များကိုအစိုးရကိုယ်စားလှယ်များနှင့်အတူပြည်ထောင်စုကုန်
သွယ်ရေးမှဆွေးနွေးလိမ့်မည်ဖြစ်ကြောင်းအစီရင်ခံခဲ့သည်။

ယခုအခါအလုပ်လျော့ချခံရသည့်လုပ်သမားတစ်ထောင်ကျော်သည်အလုပ်အကိုင်အသစ်ရရှိသွားပြီဟုစာရင်းအင်းဌာန၏ပြော
ကြားချက်အရသိရှိရသည်။

လက်ရှိတွင်ရန်ကုန်တိုင်းဒေသကြီးရှိမြို့နယ်(၁၁)မြို့နယ်တွင်စက်ရုံ(၁၃၅)ရုံမှအလုပ်အကိုင်အခွင့်အလမ်းနှစ်သောင်းခုနစ်
ထောင်ခန့်ပေးခဲ့သည်။

ပြီးခဲ့သည့်တစ်လကျော်ကနိုင်ငံရှိအလုပ်သမားအားလုံးအတွက်အစိုးရ၏အမျိုးသားလုပ်ခအနိမ့်ဆုံးသတ်မှတ်သည့်ကော်မတီ
မှတစ်နေ့လျှင်အနိမ့်ဆုံးအလုပ်ချိန်ရှစ်နာရီတွင်ကျပ်ငွေ(၃၆၀၀)ရာ(ယူအက်စ်-၂.၈၃ဒေါ်လာ)အတွက်အခြေခံနှင့်အဆင့်အ
တန်းများသတ်မှတ်ခဲ့သည်။

အနိမ့်ဆုံးလုပ်ခကိုခွဲခြားမှုမရှိပဲဒေသနှင့်ပြည်နယ်အားလုံးတွင်လက်တွေ့ဆောင်ရွက်မည်ဖြစ်ပြီးအလုပ်သမား(၁၅)ဦးထက်ပို
များသောအလုပ်ရုံအမျိုးအစားအားလုံးအတွက်စက်တင်ဘာလ(၁)ရက်နေ့တွင်သက်ရောက်မည်ဖြစ်သည်။

အလုပ်သမား၊အလုပ်အကိုင်နှင့်လူမှု့ဖူလုံရေးဝန်ကြီးဌာနမှနိုင်ငံရှိစက်ရုံအလုပ်ရုံပိုင်ရှင်များအားစက်တင်ဘာလတွင်စတင်
မည့်၎င်းတို့၏အလုပ်သမားငှားရမ်းခြင်းဦးဆုံးလတွင်အလုပ်သမားများနှင့်အတူအလုပ်သမားငှားရမ်းခြင်းစာချုပ်ကိုလက်မှတ်
ရေးထိုးရာ၌အလုပ်သမားများအတွက်အနိမ့်ဆုံးလခကိုသေချာစေရန်တိုက်တွန်းခဲ့သည်။