အပစ်အခတ်ရပ်စဲရေးလုပ်ငန်းစဉ်များချော်ထွက်သွားခဲ့မှုမရှိကြောင်းအစိုးရလက်ထောက်များမှအခိုင်အမာပြောကြား

...

အပစ်အခတ်ရပ်စဲရေးလုပ်ငန်းစဉ်များချော်ထွက်သွားခဲ့မှုမရှိကြောင်းအစိုးရလက်ထောက်များမှအခိုင်အမာပြောကြား

Myanmar Times, 01 Oct 2015

URL: http://www.mmtimes.com/index.php/national-news/16775-ceasefire-process-not-derailed-government-aides-insist.html
တနိုင်ငံလုံးဆိုင်ရာအပစ်အခတ်ရပ်စဲရေးကိုယခုထက်ထိတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အနည်းငယ်သာလက်မှတ်ရေးထိုးရန်
သဘောတူညီခဲ့သော်လည်းမြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များသည်နိုင်ငံရေးဆိုင်ရာဆွေးနွေးပွဲသို့နောက်တဆင့်ဆက်လက်သွား
မည်ဟုအစိုးရအကြံပေးမှယမန်နေ့ကပြောခဲ့သည်။

စက်တင်ဘာလ(၂၉)ရက်နေ့တွင်ချင်းမိုင်၌ကြေငြာခဲ့သည့်လက်နက်ကိုင်အဖွဲ့(၇)ဖွဲ့သာသဘောတူထားနှင့်ပြီးသောတနိုင်ငံလုံးဆိုင်
ရာအပစ်အခတ်ရပ်စဲရေးစာချူပ်(NCA)ကိုလက်မှတ်ထိုးရန်ရည်ရွယ်ပြီး၎င်းတို့မှရှေ့ဆက်သွားမည်ဟုအစိုးရအားအခိုင်အမာပြော
ခဲ့ကြောင်းကိုမြန်မာတိုင်းမ်းအားပြောပြခဲ့သည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့်(၂)နှစ်နီးပါးကြာဆွေးနွေးပွဲများကိုဖြစ်မြောက်အောင်ဆောင်ရွက်ပေးခဲ့သည့်အရာရှိတစ်
ဦးဖြစ်သူမြန်မာ့ငြိမ်းချမ်းရေးစင်တာမှအကြံပေးဦးလှမောင်ရွှေကလက်မှတ်ရေးထိုးခြင်းကိုအောက်တိုဘာလ(၁၅)ရက်နေ့တွင်ဖြစ်
နိုင်ကြောင်းနှင့်အစိုးရနှင့်အဖွဲ့(၇)ဖွဲ့တို့အတွင်းအောက်တိုဘာလ(၃)ရက်နေ့ပြုလုပ်မည့်အစည်းအဝေးတွင်ရက်သတ်မှတ်နိုင်ရန်
မျှော်လင့်ကြောင်းပြောခဲ့သည်။

အစိုးရမှချန်လှပ်ထားချင်သည့်အဖွဲ့(၃)ဖွဲ့အပါအဝင်ချင်းမိုင်အစည်းအဝေး၌အခြားအဖွဲ့(၁၀)ဖွဲ့သည်ထိုအချိန်တွင်လက်မှတ်ရေး
ထိုးရန်ငြင်းဆိုခဲ့သည်။“ဝ”ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA)အပါအဝင်တက်ရောက်ခြင်းမရှိသောအခြားအဖွဲ့များ
သည်အပစ်အခတ်ရပ်စဲရေးစာချုပ်အပြင်ဘက်တွင်ရှိနေဆဲဖြစ်သည်။ချင်းမိုင်အစည်းအဝေးတွင်ရှမ်းပြည်နယ်မှအခြားအဖွဲ့(၂)ဖွဲ့
သည်ဆုံးဖြတ်ချက်မချပဲကျန်နေသေးသည်။

“နှစ်ပေါင်း(၆၀)ဆယ်ကျော်ကြာဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေပြီးတဲ့နောက်ပိုင်းမှာတော့အခုဖြစ်နေတဲ့အခက်အခဲကတော့ယုံကြည်မှုအ
ဆင့်ပါပဲ ” ဟုဦးလှမောင်ရွှေကပြောခဲ့သည်။

စာချုပ်ချုပ်ဆိုပြီးရက်ပေါင်းကိုးဆယ်အတွင်းပြုလုပ်မည့်အလွန်အရေးပါသောအကြောင်းကိစ္စများနှင့်ပတ်သက်၍နိုင်ငံရေးဆိုင်ရာ
ဆွေးနွေးမှုများရှေ့ဆက်ကျင်းပမည့်စာချုပ်၏စာပုဒ်များကို၎င်းကကာကွယ်ပြောဆိုသွားခဲ့သည်။“NCAကပထမဦးဆုံးခြေလှမ်းပါပဲ”
ဟုသူကပြောခဲ့သည်။

အစိုးရအရာရှိများသည်ချင်းမိုင်မှသတင်းများအပေါ်မှတ်ချက်မပေးခဲ့ပေ၊နိုဝင်ဘာလရွေးကောက်ပွဲမတိုင်မီတနိုင်ငံလုံးဆိုင်ရာအ
ပစ်အခတ်ရပ်စဲရေးသည်အပြီးသတ်ဦးစားပေးဖြစ်ကြောင်းသမ္မတဦးသိန်းစိန်မှထုတ်ဖော်ပြောကြားခြင်းသည်မအောင်မမြင်ဖြစ်ခဲ့
သည်။

“လက်နက်ကိုင်အဖွဲ့တွေကွဲကွဲပြားပြားနဲ့သဘောတူညီလိုက်တဲ့အပစ်အခတ်ရပ်စဲရေးဟာပြီးပြည့်စုံတဲ့အပစ်အခတ်ရပ်စဲရေးမဟုတ်
ပါဘူး။အခြေခံအားဖြင့်နိုင်ငံရေးဆိုင်ရာသဘောတူညီမှုတွေချွင်းချက်မရှိပြုလုပ်ဖို့အတွက်စစ်ပြေငြိမ်းခြင်းတွေစတင်နေပါပြီ”ဟု
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနှင့်ပတ်သက်၍သမ္မတအကြံပေးတစ်ဦးဖြစ်သူဦးသန်းမြင့်ဦးကမြန်မာတိုင်း(မ်)သို့ပြောခဲ့သည်။

ယခုလက်မှတ်ရေးထိုးရန်သဘောတူညီလိုက်သည့်အဖွဲ့(၇)ဖွဲ့တွင်ကရင်အမျိုးသားအစည်းအရုံးတခုတည်းသာ ၁၉၄၈ ခုနှစ်မြန်မာ
နိုင်ငံလွတ်လပ်ရေးရပြီးသည့်အချိန်ကတည်းကစ၍တိုက်ခိုက်ခဲ့သည့်အဖွဲ့ဖြစ်ပြီးကြီးမားသောတပ်တစ်ခုဖြစ်ကာတပ်သား(၅)ထောင်
ခန့်ရှိသည်။

လက်မှတ်ရေးထိုးရန်ငြင်းဆန်သည့်အဖွဲ့များကကိုးကန့်ဒေသနှင့်အနီးကပ်လက်ရှိတိုက်ပွဲဖြစ်ပွားနေသည့်တိုင်းရင်းသားလက်နက်
ကိုင်မဟာမိတ်အဖွဲ့သုံးဖွဲ့ကိုသဘောတူစာချုပ်တွင်ထည့်သွင်းရန်ငြင်းဆန်ထားသည့်အစိုးရ၏ငြင်းဆန်မှုကိုပယ်ဖျက်သည့်တိုင်၎င်း
တို့သည်လက်မှတ်ထိုးလိမ့်မည်မဟုတ်ဟုပြောလိုက်သည်။

လက်မှတ်ထိုးရန်ငြင်းဆန်လိုက်သည့်မွန်ပြည်သစ်ပါတီဥက္ကဌဖြစ်သူနိုင်ထောမွန်မှအတိတ်ကိုမမေ့လျောကြရန်(သို့မဟုတ်)ဆက်
လက်ကျေနပ်နေမှုမရှိရန်တိုက်တွန်းလိုက်သည်။အပစ်အခတ်ရပ်စဲရေးစာချုပ်တွင်သဘောတူညီမှုမရှိခဲ့သော်လည်းတိုင်းရင်းသား
ခေါင်းဆောင်များသည်၎င်းတို့အမှန်တကယ်သဘောတူညီထားသည့်ပန်းတိုင်ဖြစ်သောငြိမ်းချမ်းရေးနှင့်ဖက်ဒရယ်ပြည်ထောင်စု
တည်ထောင်ရေးတို့ကိုမမေ့သင့်ကြောင်း၎င်းမှပြောခဲ့သည်။

ခန့်မှန်းခြေတပ်သားနှစ်ရာရှိပြီးအပစ်အခတ်ရပ်စဲရေးကိုလက်မှတ်ထိုးရန်ဆုံးဖြတ်ခဲ့သည့်ချင်းအမျိုးသားရှေ့ဦးတပ်မှအထွေထွေ
အတွင်းရေးမှူးဖြစ်သူပူဇင်တောင်းကအမျိုးမျိုးသောတိုင်းရင်းသားအဖွဲ့များသည်ဆက်လက်ညီညွတ်နေကြောင်းအခိုင်အမာပြောခဲ့
သည်။“ပြည်သူလူထုနဲ့အချို့သောတိုင်းရင်းသားအဖွဲ့တွေကအဖွဲ့နှစ်ဖွဲ့ကွဲနေပြီလို့ထင်ကြတယ်။(NCA)နဲ့ပတ်သက်ပြီးကျွန်တော်တို့
သဘောထားအယူအဆတွေပဲကွဲတာပါ။ကျွန်တော်တို့အမြဲတမ်းစည်းလုံးကြပါတယ်”ဟုမြန်မာတိုင်းမ်းသို့၎င်းကပြောခဲ့သည်။

ခန့်မှန်းခြေတပ်သားခြောက်ရာခန့်ရှိပြီးလက်မှတ်ရေးထိုးရန်ပွင့်ပွင့်လင်းလင်းသဘောမတူကန့်ကွက်ခဲ့သည့်ကရင်နီအမျိုးသားတိုး
တက်ရေးပါတီမှအတွင်းရေးမှူးဖြစ်သူဦးအောင်ဆန်းမြင့်က“တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနှစ်ဖွဲ့ကွဲနေပြီလို့ကျွန်တော်တို့
ပြောနိုင်ပါတယ်။လာမယ့်အစည်းအဝေးကိုတိုင်းရင်းသားအဖွဲ့(၁၀)ဖွဲ့နဲ့ပဲကျင်းပမယ်လို့ကျွန်တော်ထင်ပါတယ်။အဲ့အချိန်မှာအဖွဲ့(၇)
ဖွဲ့ပါဝင်မှာမဟုတ်ပါဘူး၊ဘာကြောင့်လဲဆိုတော့သူတို့က(NCA)ကိုလက်မှတ်ထိုးဖို့ဆုံးဖြတ်ထားလို့ပါ”ဟုသူကပြောခဲ့သည်။