တနိုင်ငံလုံးဆိုင်ရာအပစ်အခတ်ရပ်စဲရေးလက်မှတ်ရေးထိုးရန်ရက်သတ်မှတ်

...

တနိုင်ငံလုံးဆိုင်ရာအပစ်အခတ်ရပ်စဲရေးလက်မှတ်ရေးထိုးရန်ရက်သတ်မှတ်

The Global New Light of Myanmar, 05 Oct 2015

URL: http://issuu.com/zawzaw5/docs/5_oct_15_gnlm
အစိုးရနှင့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့မှတနိုင်ငံလုံးဆိုင်ရာအပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ်ကိုအောက်တိုဘာလ
(၁၅)ရက်နေ့တွင်လက်မှတ်ရေးထိုးမည်ဟုမြန်မာ့ငြိမ်းချမ်းရေးစင်တာမှအဆင့်မြင့်အကြံပေးတစ်ဦးကတနင်္ဂနွေနေ့၌ပြုလုပ်သော
သတင်းစာရှင်းလင်းပွဲအတွင်းပြောကြားခဲ့သည်။

သဘောတူစာချုပ်တွင်ရက်အတိအကျသတ်မှတ်ခြင်းကိုရန်ကုန်၌အစိုးရပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီနှင့်
တိုင်းရင်းသားအဖွဲ့(၈)ဖွဲ့တို့မှကိုယ်စားလှယ်များအတွင်းပြုလုပ်သောအစည်းအဝေး၌ရက်သတ်မှတ်ခဲ့ခြင်းဖြစ်သည်ဟုအဆင့်မြင့်
အကြံပေးဦးလှမောင်ရွှေကပြောကြားခဲ့သည်။

လက်မှတ်ရေးထိုးပွဲအခမ်းအနားကိုနေပြည်တော်ရှိမြန်မာ့အပြည်ပြည်ဆိုင်ရာညီလာခံစင်တာ(၂)တွင်အောက်တိုဘာလ(၁၅)ရက်နေ့
၌လက်မှတ်ရေးထိုးရန်အစီအစဉ်ရေးဆွဲထားသည်။အစည်းအဝေးအတွင်း၌နှစ်ဖက်စလုံးမှ(၁၀)ဦးစီပါ ဝင်သောပူးတွဲကော်မတီကို
NCA လက်မှတ်ရေးထိုးပွဲအခမ်းအနားစီစဉ်ရန်အတွက်ဖွဲ့စည်းမည်ဖြစ်ကြောင်းသဘောတူညီခဲ့သည်ဟု၎င်းကပြောခဲ့သည်။

ကရင်အမျိုးသားအစည်းအရုံးမှအထွေထွေအတွင်းရေးမှူးဖြစ်သူပဒိုကွယ်ထူးဝင်းနှင့်မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုက
ရက်တစ်တပ်ဦးမှဒုတိယဥက္ကဌရဲဘော်မျိုးဝင်းတို့ကသတင်းစာရှင်းလင်းပွဲသို့တက်ရောက်ခဲ့ကြသည်။

“NCAကိုတက်ရောက်ဖို့တိုင်းရင်းသားအဖွဲ့(၁၅)ဖွဲ့အတွက်အစိုးရကလမ်းဖွင့်ပေးထားပေမယ့်ဒီနေ့အစည်းအဝေးမှဘယ်အဖွဲ့တွေ
ကစာချုပ်မှာလက်မှတ်ရေးထိုးမယ်ဆိုတာကိုကျွန်တော်တို့မဆွေးနွေးခဲ့ပါဘူး။လက်မှတ်ရေးထိုးပွဲအခမ်းအနားမတိုင်မီလက်မှတ်
ရေးထိုးမယ့်အရေအတွက်ကိုတော့အတိုချုပ်အတည်ပြုပေးနိုင်ပါတယ်။”

အစည်းအဝေးတွင်ကရင်အမျိုးသားအစည်းအရုံး၊ကရင်အမျိုးသားလွတ်မြောက်ရေးငြိမ်းချမ်းရေးတပ်မတော်-ကောင်စီ၊ပအို့အမျိုး
သားလွတ်မြောက်ရေးအစည်းအရုံး၊မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး၊ချင်းအမျိုးသားရှေ့ဦးတပ်၊ရှမ်း
ပြည်နယ်ပြန်လည်ထူထောင်ရေးတပ်မတော်၊ရခိုင်လွတ်မြောက်ရေးတပ်မတော်နှင့်ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော်စသည်
တို့အပါအဝင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့(၈)ဖွဲ့မှ NCA ကိုလက်မှတ်ရေးထိုးရန်အတွက်ရက်သတ်မှတ်ရာတွင်တက်ရောက်ခဲ့
ကြသည်။

ထိုင်းနိုင်ငံ၊ချင်းမိုင်၌ပြုလုပ်သည့်အဆင့်မြင့်အစည်းအဝေးတွင်စာချုပ်ကိုလက်မှတ်ရေးထိုးရန်မကြာသေးမီကဆုံးဖြတ်ခဲ့သည့်အ
ဖွဲ့(၇)ဖွဲ့မှတစ်ဖွဲ့ဖြစ်သည့်KNUမှပဒိုကွယ်ထူးဝင်းကစာချုပ်မှသတ်မှတ်ချက်များကိုအပြည့်အဝအကောင်အထည်ဖော်ဆောင်ခြင်း
အားဖြင့်ယုံကြည်မှုတည်ဆောက်နိုင်လိမ့်မည်ဖြစ်ကြောင်းပြောခဲ့သည်။

သတင်းစာရှင်းလင်းပွဲအရကုလသမဂ္ဂ၊ဥရောပသမဂ္ဂ၊တရုတ်၊အိန္ဒိယ၊ထိုင်းနိုင်ငံနှင့်ဂျပန်တို့ကိုနိုင်ငံတကာအသိသက်သေအဖြစ်
လက်မှတ်ရေးထိုးပွဲသို့တက်ရောက်ရန်ဖိတ်ကြားမည်ဖြစ်သည်။

အခြားဖိတ်ကြားမည့်သူများမှာနိုင်ငံခြားသံရုံး(၆၇)ရုံး၊နိုင်ငံရေးပါတီ(၉၇)ပါတီနှင့်အရပ်ဖက်လူမှု့အဖွဲ့အစည်းများအပါအဝင်အပစ်
အခတ်ရပ်စဲရေးတွင်ပါဝင်လက်မှတ်ရေးထိုးမည်မဟုတ်သည့်ခေါင်းဆောင်များစသည်တို့ပါဝင်သည်။

သမ္မတ၊ဒုတိယသမ္မတ၊ကာကွယ်ရေးစစ်ဦးစီးချုပ်နှင့်ဒုတိယကာကွယ်ရေးစစ်ဦးစီးချုပ်တို့ကတနိုင်ငံလုံးဆိုင်ရာအစ်အခတ်ရပ်စဲရေး
စာချုပ်ကိုအစိုးရကိုယ်စားလက်မှတ်ရေးထိုးမည်ဖြစ်ကြောင်းMPCမှအဆင့်မြင့်အကြံပေးကအခိုင်အမာပြောကြားခဲ့သည်။

လက်မှတ်ရေးထိုးသည့်နေ့ရက်မတိုင်မီနှစ်ရက်၊သုံးရက်အလိုတွင်စာချုပ်၌လက်မှတ်ရေးထိုးမည့်သူများကိုအစိုးရမှမတရားအသင်း
ဟုထည့်သွင်းထားသည့်စာရင်းမှပယ်ဖျက်ပေးဖြစ်ကြောင်း MPC အဆင့်မြင့်အကြံပေးမှမီဒီယာများသို့ပြောကြားခဲ့သည်။