ဒုက္ခသည်များမှရွေးကောက်ပွဲအားစိတ်ဝင်တစား၊ရင်တထိတ်ထိတ်ဖြင့်စောင့်ကြည့်နေ

...

ဒုက္ခသည်များမှရွေးကောက်ပွဲအားစိတ်ဝင်တစား၊ရင်တထိတ်ထိတ်ဖြင့်စောင့်ကြည့်နေ

Myanmar Times, 07 Oct 2015

URL: http://www.mmtimes.com/index.php/national-news/16856-refugees-watch-election-with-interest-trepidation.html
ထိုင်းနိုင်ငံမြောက်ပိုင်း၌နွိုင်းစွယ်ရွာအပြင်ဘက်တွင်ကယားပြည်နယ်မှလာသည့်လူဦးရေ(၁၄၀၀၀)ထက်ပိုမိုများပြားဒုက္ခသည်
များသည်နယ်စပ်ဖြတ်ကျော်သည်နှင့်တွေ့ရှိရမည့်လာမည့်ရွေးကောက်ပွဲအကြောင်းကိုဝေဖန်ဆွေးနွေးနေကြသည်။ထိုင်းနိုင်ငံ
၏ဒုက္ခသည်စခန်းတွင်နေထိုင်သူများအတွက်မဲဆန္ဒပေးခြင်းရှိမည်မဟုတ်ပေ၊အများစုမှာနိုင်ငံသားကတ်မရှိကြသော်လည်းလာ
မည့်လူထုမဲဆန္ဒကောက်ယူခြင်းနှင့်ပတ်သက်၍၎င်းတို့တွင်ထင်မြင်ချက်များမရှိဟုယူဆ၍မရပေ။

၁၉၉၂ခုနှစ်၌လူထုသည်ဘန့်မဲ့နိုင်းစွယ်ဒုက္ခသည်စခန်းတွင်စတင်အခြေချခဲ့ကြပြီး၎င်းစခန်းကို၁၉၉၆ခုနှစ်တွင်တရားဝင်ဖွင့်လှစ်
ခဲ့သည်ဟုကရင်နီဒုက္ခသည်ကော်မတီ၏ပြောကြားချက်အရသိရသည်။စခန်းထဲ၌နေထိုင်သူအများစုသည်လွတ်လပ်ရေးအတွက်
တပ်မတော်နှင့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအကြားတိုက်ပွဲများဖြစ်ပွားမှု့ကြောင့်ကယားပြည်နယ်မှထွက်ပြေးလာခဲ့သူ
များဖြစ်သည်။၂၀၁၂ခုနှစ်၌ကရင်နီအမျိုးသားတိုးတက်ရေးပါတီသည်အစိုးရနှင့်ဒုတိယအကြိမ်အပစ်အခတ်ရပ်စဲရေးကိုလက်
မှတ်ရေးထိုးခဲ့သည်။၁၉၉၄ခုနှစ်တွင်ပထမအကြိမ်လက်မှတ်ရေးထိုးခဲ့သော်လည်းသုံးလမကြာပဲပျက်ပြားသွားခဲ့သည်။

“ကျွန်တော်ရှားတောမှာမွေးဖွားခဲ့ပါတယ်၊ကျွန်တော့်မိသားစုနဲ့အတူစခန်းထဲကိုလွန်ခဲ့တဲ့နှစ်(၂၀)တုန်းကရောက်ရှိခဲ့ပါတယ်”ဟု
ကိုစူးရယ်(၂၂နှစ်)ကပြောပြခဲ့သည်။“မြန်မာတပ်နဲ့ကရင်နီလက်နက်ကိုင်တွေအကြားဖြစ်ပွားတဲ့တိုက်ပွဲတွေကကျွန်တော်တို့ကို
တနေရာကနေတနေပြောင်းဖို့အတင်းအကြပ်ဖြစ်လာစေခဲ့ပါတယ်။”

သူ၏ဘဝဇာတ်ကြောင်းသည်ပြင်းထန်သည့်တိုက်ပွဲများကြောင့်ကြိမ်ဖန်များစွာနေရာပျောက်ခဲ့ရသည့်ဒုက္ခသည်များအကြားဖြစ်
နေကျဇာတ်လမ်းပင်ဖြစ်သည်။ဒုက္ခသည်လူငယ်အများအပြားသည်၎င်းတို့၏ဘဝတခုလုံးကိုစခန်းထဲတွင်ကုန်ဆုံးခဲ့ပြီးနိုင်းစွယ်
ရွာဝန်းကျင်(၅)ကီလိုမီတာလောက်ထိသာသိကြသည်။

မြန်မာအစိုးရမှဤနေရာကိုအလွယ်တကူမလာရောက်နိုင်ဟုယုံကြည်နေကြသည်။ဒုက္ခသည်များကကြံ့ခိုင်ရေးပါတီသည်အမျိုး
သားဒီမိုကရေစီအဖွဲ့အားဆန္ဒမဲပေးရာတွင်ရှုံးနိမ့်လိမ့်မည်ဟုမျှော်လင့်ကြသော်လည်းအတိုက်အခံပါတီအောင်ပွဲခံပြီးနောက်ပိုင်း
တွင်၎င်းတို့ဒုက္ခများအပြီးသတ်အဆုံးတိုင်လိမ့်မည်ဆိုသည်ကိုတော့သူတို့ကြိုတင်မျှော်မှန်းမထားကြပေ။

NLD အနိုင်ရပြီးမြန်မာနိုင်ငံ၏နိုင်ငံရေးအခြေအနေများတည်ငြိမ်ပြီဖြစ်ပါက၎င်းတို့စခန်းအားပိတ်သိမ်းလိမ့်မည်ဖြစ်ပြီး၎င်းတို့
အကြမ်းဖက်ခံရပြီးဆင်းရဲဒုက္ခရောက်ခဲ့ရသည့်နိုင်ငံထဲသို့၎င်းတို့အားအတင်းအကြပ်ပြန်လည်ပို့ဆောင်မည်ကိုအစိုးရိမ်ဆုံးဖြစ်
သည်။

“NLD နိုင်ရင်အခွင့်အရေးကောင်းတွေလာမယ်လို့ကျွန်တော်ထင်ပါတယ်၊ဒါပေမယ့်ကယားပြည်နယ်မှအကျိုးဆက်တွေမရရှိခင်
ထိတော့အချိန်အတော်ကြာကြာယူရအုံးမှာပါ”ဟုဒုက္ခသည်စခန်းသို့၂၀၁၁ခုနှစ်ကရောက်ရှိလာသူဖြစ်သည့်ကိုသန်းထွန်းဦး(၂၀)
နှစ်ကပြောခဲ့သည်။

ဒုက္ခသည်များကယားပြည်နယ်သို့ပြန်လည်အခြေချခြင်းမပြုမီထိုဒေသတွင်၎င်းတို့အတွက်ကောင်းစွာနေထိုင်မှုများနှင့်အသက်
မွေးဝမ်းကျောင်းဘဝတွေရရှိဖို့သေချာစေရန်အတွက်ဒေသတွင်းအုပ်ချုပ်သူများမှသဘောတူညီခဲ့သည့်၎င်းတို့အတွက်အစီအ
စဉ်များကိုမြင်တွေ့ချင်ကြသည်။၎င်းတို့အားလုံးမှအများစုသည်၎င်းတို့နေရပ်သို့ပြန်လည်အခြေချခြင်းမပြုလုပ်မီတနိုင်ငံလုံး
ဆိုင်ရာအပစ်အခတ်ရပ်စဲရေးနှင့်စစ်မှန်သောငြိမ်းချမ်းရေးရရှိရန်တောင်းဆိုကြသည်ဟုကိုသန်းထွန်းဦးကပြောခဲ့သည်။

“ဇူလိုင်လတုန်းက UNHCR ကသူတို့ရဲ့တတိယနိုင်ငံအခြေချတဲ့လုပ်ဆောင်မှုအစီအစဉ်ကိုတင်ပြခဲ့ပါတယ်၊ဒါပေမယ့်နေရပ်ပြန်
ဖို့သိပ်မကြာတော့ဘူးလို့ကျွန်တော်တို့ထင်ပါတယ်”ဟုKRCအတွင်းရေးမှူးကိုလုဇ်မာတင်ကပြောခဲ့သည်။

“လူများအပြားကတော့အထိတ်တလန့်ဖြစ်ကုန်ကြတာပေါ့။ထိုင်းအစိုးရကဒုက္ခသည်တွေကိုအတင်းအကြပ်ပြန်မပို့ဘူးလို့ပြောပေ
မယ့်လည်းဒီနှစ်နှစ်အတွင်းကျွန်တော်တို့ပြန်ရမှာပါ။ဒုက္ခသည်တွေပြန်လာတာကြိုဆိုဖို့အတွက်မြန်မာနိုင်ငံကအဆင်သင့်ဖြစ်နေ
ပြီလို့မြန်မာ့ငြိမ်းချမ်းရေးစင်တာကဦးအောင်မင်းကပြောခဲ့ပါတယ်။”

သို့သော်လည်းမြန်မာနိုင်ငံတွင်တိုက်ပွဲများပြန်လည်ဖြစ်ပွားနေပြီးအများယုံကြည်လက်ခံသည့်အပစ်အခတ်ရပ်စဲရေးစာချုပ်ကို
တိုင်းရင်းသားလက်နက်ကိုင်အားလုံးကလက်မှတ်ရေးထိုးလိမ့်မည်မဟုတ်ပေ၊သံသယများကျန်ရှိနေဆဲဖြစ်သည်။တချိန်ကသ
ဘောတူညီမှုခဏတဖြုတ်သာပေးခဲ့သောကြောင့်နေထိုင်သူအများအပြားသည်နောက်ဆုံးဖြစ်ပေါ်လာသည့်အပစ်အခတ်ရပ်စဲ
ရေးသဘောတူညီမှု၌ယုံကြည်ကိုးစားမှုများများစားစားမရှိတော့ပေ။

အချိန်ကာလတန်ကြာကတည်းကနေအိမ်မရှိသူများအတွက်ပြန်လည်အခြေချခြင်းကိုလည်းရုပ်လုံးဖော်တွေးကြည့်ရန်ခက်ခဲ
နေသည်။

“စခန်းထဲမှာဆိုလည်းခက်ခဲမှုရှိပါတယ်၊လူတိုင်းလူတိုင်းအသက်ရှင်ဖို့အတွက်ရုန်းကန်နေရတာပါပဲ၊ဒါပေမယ့်ကျွန်တော်တို့ပြန်
မယ်ဆိုရင်ကျွန်တော်တို့ဘာလုပ်ရမှာလဲ”ဟုကိုအန်တိုနီ(အသက်၃၀)ကပြောခဲ့သည်။၂၀၀၈ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်
ဆင်ရန်ဆန္ဒပြ​သည့်စည်းရုံးရေးပြီးသည့်နောက်ပိုင်းတွင်အဖမ်းခံရမည်စိုးသောကြောင့်သူသည်၂၀၁၀ခုနှစ်၌မြန်မာနိုင်ငံမှထွက်
ပြေးလာခဲ့သည်။နေရပ်ရင်းသို့ပြန်လည်အခြေချခြင်းအပေါ်တွင်နိုင်ငံရေးဆိုင်ရာလိုက်လံနှောက်ယှက်မှုများပြုလုပ်ခြင်းခံရရန်စိုး
ရိမ်ခြင်းသည်လည်းဒုက္ခသည်များအကြားဖြစ်နေကျဖြစ်သည်။

“ဒုက္ခသည်အများစုကမတရားအသင်းလို့သတ်မှတ်ထားတဲ့လက်နက်ကိုင်အဖွဲ့တွေနဲ့ဆက်သွယ်လို့ဆိုပြီးစွပ်စွဲခံခဲ့ရတဲ့သူတွေပါ
ပဲ။သူတို့အမိမြေကိုပြန်တဲ့အခါအဖမ်းခံရမှကြောက်ကြပါတယ်။ကယားပြည်နယ်အရှေ့ပိုင်းကနေဒီကိုလာတဲ့သူအများစုကပြည်
တွင်းစစ်ကြောင့်အကြီးအကျယ်ပျက်စီးထိခိုက်မှုတွေရှိခဲ့တဲ့သူတွေပါပဲ၊သူတို့ရွာတွေလည်းနောက်ထပ်မရှိတော့ပါဘူး။မြေမြုပ်
မိုင်းတွေနဲ့မြေယာသိမ်းမှုတွေရှိနေဆဲပါပဲ”ဟုကိုလုဇ်မာတင်ကပြောခဲ့သည်။

သို့သော်လည်းထိုင်းမှအိမ်ရှင်အဖြစ်လက်ခံခြင်းအပေါ်မကျေမနပ်ဖြစ်မှုများတိုးမြင့်လာသည်။၂၀၀၅ခုနှစ်တွင်ထိုင်းနိုင်ငံသည်
စခန်းထဲ၌ရှိသောအသစ်ဝင်ရောက်နေထိုင်သည့်ဒုက္ခသည်များအားဒုက္ခသည်အဖြစ်တရားဝင်စာရင်းသွင်းခွင့်ပြုခြင်းကိုရပ်ဆိုင်း
လိုက်သည်။တရားမဝင်ဝင်ရောက်မှုများဆက်လက်ဝင်ရောက်နေသော်လည်းအသစ်ဝင်ရောက်လာသူများသည်အခြေအနေ
သတ်မှတ်ချက်မရှိ၊စီစစ်သတ်မှတ်ချက်မရှိဖြစ်ခဲ့ပြီးတတိယနိုင်ငံသို့အခြေချရန်အတွက်တရားဝင်ခိုလှုံခွင့်(သို့မဟုတ်)လျှောက်
ထားခွင့်မရနိုင်ပေ။၎င်းတို့သည်တရားဝင်အလုပ်အကိုင်များလည်းမရှိနိုင်ပေ၊ခေါင်းပုံဖြတ်အမြတ်ထုတ်ခြင်းများအတွက်မည်
သည့်အကာအကွယ်ပေးရေးဆိုင်ရာအသိအမှတ်ပြုမှုအခြေအနေတွင်မဆိုရရှိရန်အားနည်းမှုများရှိသည်။

“ကျွန်တော်တို့လှောင်အိမ်ထဲကငှက်တွေလိုပဲလို့ခံစားရပါ တယ်”ဟုကိုနယ့်ရယ်ကပြောခဲ့သည်။လူငယ်အများအပြားသူတို့ရဲ့
မသေချာမရောရာတဲ့အခြေအနေတွေကိုစိတ်ပျက်နေကြပါတယ်၊ကျောင်းထွက်သွားခဲ့ကြတယ်။စခန်းထဲမှာအကြမ်းဖက်မှုတွေ
နဲ့အရက်သေစာသောက်စားပြီးအကြမ်းဖက်မှုတွေပိုမိုများပြားလာပါတယ်။”

ထိုအတောအတွင်းနေထိုင်မှုအဆင့်အတန်းသည်လည်းနှစ်စဉ်နှစ်တိုင်းယိုယွင်းလာသည်။ NGOs မှထောက်ပံ့ကူညီပေးနေ
သည့်စားနပ်ရိက္ခာများသည်တိုးမြင့်လာသောလူဦးရေကိုလိုက်မီရန်မည်သည့်အခါမှလုံလောက်မှုမရှိခဲ့ပေ၊အလှူရှင်များ၏စိတ်
ဝင်စားမှုများကျဆင်းလာခဲ့သည်။ ၁၉၉၀ ခုနှစ်တွင်ကူညီထောက်ပံ့ရရှိခဲ့သောကီလို(၂၀)နှင့်နှိုင်းယှဉ်ပါကယခုလတွင်ဒုက္ခသည်
တစ်ဦးလျှင်ဆန်(၉)ကီလို(ပေါင်၂၀)သာရရှိတော့မည်ဖြစ်သည်။

“ရိက္ခာတွေလျော့လာတာကတော့အလှူရှင်တွေရဲ့စိတ်ဝင်စားမှုပြောင်းလဲသွားတာကြောင့်ပါ။၂၀၁၂ခုနှစ်ကတည်းကသူတို့ရဲ့
နည်းဗျူဟာအသစ်ကတော့မြန်မာနိုင်ငံထဲကဖွံ့ဖြိုးတိုးတက်မှုတွေကိုအာရုံစိုက်ပစ်မှတ်ထားလာတာပါပဲ။စခန်းကတော့ပိုမိုကြီး
ထွားလာပေမယ့်ပိုပြီးအမေ့ခံဖြစ်လာပါတယ်”ဟုကိုလုဇ်မာတင်ကပြောခဲ့သည်။

၎င်းတို့၏စားနပ်ရိက္ခာဖြည့်ဆည်းရန်အတွက်ဒုက္ခသည်(၁၅)ရာခိုင်နှုန်းခန့်သည်အနီးအနားရှိထိုင်းစိုက်ပျိုးမွေးမြူရေးခြံများ
တွင်တရားမဝင်သွားရောက်လုပ်ကိုင်နေကြသည်။လူဝင်မှုကြီးကြပ်ရေးအရာရှိများမှ၎င်းတို့အားဖမ်းမိပါကတရားမဝင်ဝင်
ရောက်မှုဖြင့်နိုင်ငံမှနှင်ထုတ်ခံရနိုင်ကာတရားစွဲဆိုခံရနိုင်သည်။အနည်းဆုံးတော့ယခုလက်ရှိတွင်ထိုင်းအာဏာပိုင်များသည်
ဒုက္ခသည်များအတွက်အခြားနည်းလမ်းများကိုရှာဖွေရန်ဆန္ဒရှိလာကြသော်လည်းသူတို့၏သက်ညှာမှုသည်မည်မျှကြာကြာခံ
မည်ဆိုသည်ကိုမည်သူမျှမသိနိုင်သလိုရွေးကောက်ပွဲရလဒ်သည်လည်း၎င်းသက်ညှာမှုများအားအဆုံးသတ်ခြင်းရှိမရှိဆိုသည်
ကိုမည်သူမျှသိရှိနိုင်မည်မဟုတ်ပေ။