အာဏာလွှဲပြောင်းပေးရာတွင် ငြိမ်းငြိမ်းချမ်းချမ်းနှင့်လွယ်ကူချောမွေ့စေရန်သမ္မတမှကတိပေး

...

အာဏာလွှဲပြောင်းပေးရာတွင် ငြိမ်းငြိမ်းချမ်းချမ်းနှင့်လွယ်ကူချောမွေ့စေရန်သမ္မတမှကတိပေး

The Global New Light of Myanmar, 15 Nov 2015

URL: http://globalnewlightofmyanmar.com/work-together-without-grudges-president-pledges-peaceful-smooth-power-transfer/
သမ္မတဦးသိန်းစိန်မှလာမည့်အစိုးရအားမြန်မာ့ဖွဲ့စည်းပုံအခြေခံဥပဒေအတိုင်းသတ်မှတ်ထားသည့်အချိန်တွင်စနစ်တကျအာဏာ
လွှဲပြောင်းပေးမည်ဟုကတိပေးခဲ့သည်။

နိုဝင်ဘာလ(၈)ရက်နေ့အထွေထွေရွေးကောက်ပွဲပြီးသည့်အချိန်မှစ၍တနင်္ဂနွေနေ့၌ရန်ကုန်တွင်ပြုလုပ်သည့်ပထမဦးဆုံးအကြိမ်
နိုင်ငံရေးပါတီများအစည်းအဝေးတွင်သမ္မတမှလက်ရှိအစိုးရသည်တည်ရှိနေသောဥပဒေများ၊စည်းမျဉ်းများနှင့်လုပ်ထုံးနည်းများ
အတိုင်းအာဏာအားချောချောမောမောလွှဲပြောင်းပေးရန်အတွက်လုပ်ဆောင်မည်ဖြစ်ပြီးအေးအေးဆေးဆေး၊ငြိမ်းငြိမ်းချမ်းချမ်း
နှင့်လွယ်ကူချောမောစွာလွှဲပြောင်းပေးဖို့ပြုလုပ်မည်ဖြစ်သောကြောင့်အာဏာလွှဲပြောင်းရေးနှင့်ပတ်သက်၍မစိုးရိမ်ကြရန်ပြောကြား
ခဲ့သည်။တည်ရှိသောလုပ်ထုံးလုပ်နည်းများအရသမ္မတမှနောက်ထပ်လွှတ်တော်ကျင်းပရန်အတွက်ဖိတ်စာများပေးပို့သွားမည်ဖြစ်
ကြောင်းပြောကြားခဲ့သည်။

နိုင်ငံရေးပါတီများသည်လည်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင်ပါဝင်သောကြောင့်၎င်းတို့အားသမ္မတမှနိုင်ငံရေးဆွေးနွေးပွဲများတွင်
ပါဝင်ရန်အတွက်ကြိုတင်ပြင်ဆင်မှုများပြုလုပ်ကြရန်နှိုးဆော်ခဲ့သည်။