ဒေါ်အောင်ဆန်းစုကြည်မှသမ္မတ၊တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့နှင့်တွေ့ဆုံ

...

ဒေါ်အောင်ဆန်းစုကြည်မှသမ္မတ၊တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့နှင့်တွေ့ဆုံ

Democratic Voice of Burma, 02 Dec 2015

URL: http://www.dvb.no/news/suu-kyi-meets-president-military-chief/59755
မြန်မာသမ္မတဦးသိန်းစိန်နှင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့သည်အာဏာလွှဲပြောင်းပေးခြင်းဆီသို့ပထမခြေလှမ်းအနေ
ဖြင့်ယနေ့တွင်ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံဆွေးနွေးခဲ့ကြသည်။သူမပါတီမှမဲအပြတ်အသတ်အနိုင်ရရှိပြီးနောက်အမျိုး
သားဒီမိုကရေစီအဖွဲ့(NLD)ခေါင်းဆောင်မှတွေ့ဆုံရန်တောင်းဆိုမှုအရနေပြည်တော်တွင်သီးခြားတွေ့ဆုံဆွေးနွေးခဲ့သည်။

ဗုဒ္ဓဟူးနေ့မနက်ပိုင်းတွင်သမ္မတနှင့်သီးခြားတွေ့ဆုံဆွေးနွေးပြီးနောက်ဒေါ်အောင်ဆန်းစုကြည်သည်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်
ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်တွေ့ဆုံဆွေးနွေးခဲ့သည်။လာမည့်အစိုးရသစ်၏အဓိကရင်ဆိုင်ရမည့်အခက်အခဲတစ်ခုမှာစစ်တပ်
နှင့်တွဲ၍လုပ်ဆောင်ရာတွင်စိန်ခေါ်မှုများကြုံတွေ့နိုင်သည်။သို့သော်လည်းမင်းအောင်လှိုင်မှတွေ့ဆုံမှုသည်ရလဒ်ကောင်းများရရှိ
ခဲ့ကြောင်းသတင်းထောက်များထံပြောကြားခဲ့သည်။

နိုင်ငံအကျိုးအတွက်ကျွန်တော်တို့နှစ်ဦးနှစ်ဖက်ပူးပေါင်းလုပ်ဆောင်သွားဖို့သဘောတူညီခဲ့ကြပါတယ်ဟုသူကထပ်ပေါင်းပြော
ကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့်သမ္မတတွေ့ဆုံချိန်အတွင်းဆွေးနွေးခဲ့သည့်အချက်အလက်အသေးစိတ်ကိုမူမဖော်ပြခဲ့ပေ။