မြန်မာနိုင်ငံ၏ကုန်သွယ်ခွင့်ပိတ်ပင်မှုကိုအမေရိကန်ကယာယီလျော့ချ

...

မြန်မာနိုင်ငံ၏ကုန်သွယ်ခွင့်ပိတ်ပင်မှုကိုအမေရိကန်ကယာယီလျော့ချ

Bangkok Post, 08 Dec 2015

URL: http://www.bangkokpost.com/news/asean/788597/us-temporarily-lifts-myanmar-shipping-restrictions
အမေရိကန်နိုင်ငံမှမြန်မာနိုင်ငံ၏ကုန်သွယ်ခွင့်ပိ​တ်ပင်မှုကိုအင်္ဂနေ့မှစ၍ယာယီလျော့ချပေးလိုက်သည်။အထွေထွေရွေးကောက်ပွဲ
ပြီးနောက်ပိုင်းတွင်ယင်းအဆိုပြုချက်များပြုလုပ်းလာသည့်အပေါ်စီးပွားရေးတိုးတက်လာသောအရှေ့တောင်အာရှတိုင်းပြည်များမှ
စီးပွားရေးခေါင်းဆောင်များကလှိုက်လဲစွာကြိုဆိုပါသည်။

မြန်မာနိုင်ငံရွေးကောက်ပွဲတွင်အောင်ဆန်းစုကြည်ဦးဆောင်သောအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကပြတ်သားစွာအနိုင်ရရှိခဲ့ပြီးနောက်
စီးပွားရေးနှင့်ပတ်သက်သည့်ပေါ်လစီပြောင်းလဲလာမှုများရှိလာခဲ့သည်။ယင်းပေါ်လစီပြောင်းလဲလာမှုရှိလာသည့်အပေါ်အမေရိကန်
ကုမ္ပဏီများမှမြန်မာနိုင်ငံ၏အဓိကဆိတ်ကမ်းများနှင့်လေဆိတ်များကိုတိုက်ရိုက်ဆက်သွယ်ရန်ပိုမိုလွယ်ကူလာသည်။

မြန်မာနိုင်ငံသည်ဆယ်စုနှစ်များကာလတလျောက်လုံးတွင်ရက်စက်သောစစ်အာဏာအုပ်ချုပ်မှုအောက်တွင်ရပ်တည်လာခဲ့ရပြီး
၂၀၁၁ ခုနှစ်တွင်ပြည်သူ့​အမည်ခံအစိုးရသို့ကူးပြောင်းရန်အခွင့်အရေးရရှိလာခဲ့ပြီးနောက်ပိုင်းတွင်ဝါရှင်တန်မှမြန်မာနိုင်ငံအပေါ်
ချမှတ်ထားသောကုန်သွယ်ရေးပိတ်ပင်မှုများကိုလျော့ချပေးခဲ့သည်။