ဒေါ်အောင်ဆန်းစုကြည်မှအပစ်ရပ်လက်မှတ်ရေးထိုးခဲ့သည့်အဖွဲ့(၈)ဖွဲ့နှင့်တွေ့ဆုံ

...

ဒေါ်အောင်ဆန်းစုကြည်မှအပစ်ရပ်လက်မှတ်ရေးထိုးခဲ့သည့်အဖွဲ့(၈)ဖွဲ့နှင့်တွေ့ဆုံ

Myanmar Times, 18 Dec 2015

URL: http://www.mmtimes.com/index.php/national-news/nay-pyi-taw/18200-daw-aung-san-suu-kyi-meets-eight-ceasefire-signatories.html
ဒေါ်အောင်ဆန်းစုကြည်မှသူမသည်တစ်နိုင်ငံလုံးဆိုင်ရာအပစ်အခတ်ရပ်စဲရေးစာချုပ်လက်မှတ်ရေးထိုးပွဲအခမ်းအနားတွင်အသိ
သက်သေအဖြစ်(သို့)ကိုယ်စားလှယ်အဖြစ်မတက်ရောက်ခဲ့သော်လည်းသူမ၏ပါတီသည်အပစ်အခတ်ရပ်စဲရေးလုပ်ငန်းစဉ်များကို
ပံ့ပိုးကူညီပေးကြောင်းကိုအပစ်အခတ်ရပ်စဲရေးစာချုပ်တွင်လက်မှတ်ရေးထိုးခဲ့သည့်အဖွဲ့(၈)ဖွဲ့အားယမန်နေ့ကတွေ့ဆုံအားပေး
ပြောကြားခဲ့သည်။

အမျိုးသားဒီမိုကရေစီခေါင်းဆောင်သည်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့(၈)မှကိုယ်စားလှယ်များနှင့်နေပြည်တော်ရှိလွှတ်တော်
နေရာတွင်တွေ့ဆုံခဲ့သည်။

အစည်းအဝေးသို့ PLO ၊ ကရင်အမျိုးသားအစည်းအရုံး၊ KNU/ KNLA ငြိမ်းချမ်းရေးကောင်စီ၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေး
ကောင်စီ၊ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော်၊ ချင်းအမျိုးသားတပ်ဦး၊ ရခိုင်လွတ်မြောက်ရေးပါတီနှင့်မြန်မာနိုင်ငံလုံးဆိုင်ရာ
ကျောင်းသားများဒီမိုကရက်တစ်တပ်ဦးစသည်တို့မှကိုယ်စားလှယ်များတက်ရောက်ခဲ့ကြသည်။

ကြေငြာစာတမ်း၌ပါတီမှငြိမ်းချမ်းရေးလုပ်ငန်းစဉ်များလုပ်ဆောင်မှုနှင့်ပတ်သတ်၍အသေးစိတ်အနည်းငယ်ကိုသာဖော်ပြခဲ့သော်
လည်း “အမျိုးသားရင်ကြားစေ့ရေး”သည်ပါတီ၏ထိပ်ဆုံးဦးစားပေးဖြစ်ကြောင်း NLD ကပြောကြားခဲ့သည်။