တောင်ကိုရီးယားမှရှေ့ပြေးစမ်းသပ်အစီအစဉ်အဖြစ်ဒုက္ခသည်များကိုဦးဆုံးအကြိမ်လက်ခံ

...

တောင်ကိုရီးယားမှရှေ့ပြေးစမ်းသပ်အစီအစဉ်အဖြစ်ဒုက္ခသည်များကိုဦးဆုံးအကြိမ်လက်ခံ

UNHCR, 23 Dec 2015

URL: http://www.unhcr.org/567a73aa6.html
ကိုရီးယားလူမျိုးများအကြောင်းအားရုပ်မြင်သံကြားများနှင့်စာအုပ်များမှတဆင့်လေ့လာခြင်းသည်၎င်းတို့အသိုင်းအဝိုင်းတွင်ဝင်
ရောက်နေထိုင်ရန်အတွက်အထောက်အကူဖြစ်စေသည်။နိုင်ငံ၏ပြန်လည်နေရာချထားရေးသုံးနှစ် ရှေ့ပြေးစမ်းသပ်အစီအစဉ်
တွင်မယ်လဒုက္ခသည်စခန်းနှင့်အုန်းဖြန်ဒုက္ခသည်စခန်းမှမြန်မာဒုက္ခသည်(၂၂)ဦးပါဝင်သည့်အုပ်စုသည့်နွေးထွေးသည့်ကြိုဆိုမှု
များနှင့်အပြုသဘောဆောင်မှုများစတင်ရရှိရန်အတွကဗုဒ္ဓဟူးနေ့တွင်ကိုရီးယားပြည်ထောင်စုသမ္မတနိုင်ငံသို့အခြေချခဲ့သည်။

မိသားစု(၄)စုသည်၎င်းတို့၏ဘဝများကိုတောင်ကိုရီးယား၊ အင်ချွန်းရှိလူဝင်မှုကြိုဆိုလက်ခံရေးစင်တာတွင်စတင်ကြမည်ဖြစ်ပြီး
ကိုရီးယားဘာသာစကား၊ ယဉ်ကျေးမှုနှင့်အလုပ်အကိုင်ကျွမ်းကျင်မှုများစသည်တို့၏အခြေခံသင်ရိုးများကိုသင်ယူရန်အတွက်
ထိုနေရာတွင်(၆)လမှ(၁၂)အထိနေထိုင်ရမည်ဖြစ်သည်။ဆိုးလ်မြို့နှင့်ဘေးချင်းကပ်လျှက်တည်ရှိသည့်ဂျီယွန်ဂျီးခရိုင်တွင်၎င်း
တို့နေထိုင်ရန်အလားအလာရှိကြောင်းတရားရေးဝန်ကြီးဌာနမှပြောကြားခဲ့သည်၊အဘယ့်ကြောင့်ဆိုသော်ထိုဒေသတွင်မြန်မာ
အသိုင်းအဝိုင်းနေထိုင်နှင့်နေပြီဖြစ်သောကြောင့်ဖြစ်သည်။

"ကမ္ဘာအနှံ့ရှိအခြားနေရာဒေသများနှင့်အဓိကကျသည့်အရေးပေါ်နေရာများရှိဒုက္ခသည်များအတွက်တောင်ကိုရီးယားမှ၎င်းတို့
၏ပြန်လည်နေရာချထားရေးအစီအစဉ်ကိုတဖြည်းဖြည်းနဲ့တိုးချဲ့လာလိမ့်မယ်လို့UNHCR ကမျှော်လင့်ပါတယ် "ဟု Hebecke
မှပြောကြားခဲ့သည်။