ဆွေးနွေးပွဲများတွင်လက်နက်ကိုင်အဖွဲ့များအားလုံးကိုပါဝင်ခွင့်ပြုရန်ဒေါ်အောင်ဆန်းစုကြည်မှတောင်းဆို

...

ဆွေးနွေးပွဲများတွင်လက်နက်ကိုင်အဖွဲ့များအားလုံးကိုပါဝင်ခွင့်ပြုရန်ဒေါ်အောင်ဆန်းစုကြည်မှတောင်းဆို

Reuters, 12 Jan 2016

URL: http://uk.reuters.com/article/myanmar-suukyi-peace-talks-idUKKCN0UQ0BR20160112
နောက်ထပ်လူနည်းစုဖြစ်သည့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကိုငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင်ထည့်သွင်းသင့်ကြောင်းနှင့်ပဋိပက္ခ
များကိုအဆုံးသတ်ဖို့ကြိုးပမ်းရာတွင်ညှိနှိုင်းအဖွဲ့များတွင်ပါဝင်သည့်အဖွဲ့များနှင့်ဖယ်ထားသည့်သူများကိုမခွဲခြားသင့်ကြောင်းဒေါ်အောင်ဆန်း
စုကြည်ကအင်္ဂါနေ့တွင်ပြောကြားခဲ့သည်။

အပစ်ရပ်လက်မှတ်ရေးထိုးသည့်အဖွဲ့များနှင့်မရေးထိုးသည့်အဖွဲ့များအတွင်းစိတ်ဝမ်းမကွဲကြဖို့အရေးကြီးကြောင်းဒေါ်အောင်ဆန်းစုကြည်
ကပြောကြားခဲ့သည်။

နေပြည်တော်၌ပြုလုပ်သောညီလာခံဖွင့်ပွဲအခမ်းအနားတွင်သမ္မတဦးသိန်းစိန်နှင့်တပ်မတော်ကာကွယ်ရေးစစ်ဦးစီးချုပ်မင်းအောင်လှိုင်
လည်းတက်ရောက်ခဲ့ကြသည်။ဒေါ်အောင်ဆန်းစုကြည်ထံသို့နှစ်ဖက်စလုံးမှအာဏာလွှဲပြောင်းပေးအပ်ရာတွင်ချောချောမွေ့မွေ့ရှိပုံပေါ်သည်။