NLDမှကရင်နီပြည်နယ်တွင်သိမ်းဆည်းခံထားရသည့်လယ်ယာမြေများစာရင်းစုဆောင်း

...

NLDမှကရင်နီပြည်နယ်တွင်သိမ်းဆည်းခံထားရသည့်လယ်ယာမြေများစာရင်းစုဆောင်း

Mizzima News, 07 Jan 2016

URL: http://www.mizzima.com/news-domestic/nld-compile-land-grabbing-list-karenni-state
နိုင်ငံ၏အသေးငယ်ဆုံးပြည်နယ်ဖြစ်သည့်ကရင်နီပြည်နယ်တွင်သိမ်းဆည်းခံထားရသည့်လယ်ယာမြေများစာရင်းကို၎င်းတို့မှစာရင်းပြုစု
မည်ဖြစ်ကြောင်းအမျိုးသားဒီမိုကရေစီအဖွဲ့(NLD)မှပြီးခဲ့သည့်လကထုတ်ပြန်ကြေငြာခဲ့သည်။

ကရင်နီပြည်နယ်လယ်သမားများသမဂ္ဂ(KSFU)အဖွဲ့မှဗဟိုကော်မတီဝင်တစ်ဦးဖြစ်သူကိုသေးရယ်ကသူ၏သမဂ္ဂအဖွဲ့သည်ကရင်နီပြည်
နယ်၌လယ်ယာမြေသိမ်းယူမှုစာရင်းအတွက်အချက်အလက်များလိုက်လံကောက်ခံနေဆဲဖြစ်ကြောင်း​(BNI)သို့ပြောခဲ့သည်။

“လယ်ယာမြေကိစ္စအများဆုံးဖြစ်ပွားနေတဲ့ဖရူဆို၊ဒီမောဆိုးနဲ့လွိုင်ကော်မြို့နယ်တို့မှာကျွန်တော်တို့အချက်အလက်တွေကောက်ခံနေဆဲ
ဖြစ်ပါတယ်”ဟုသူကပြောခဲ့သည်။

ကရင်နီပြည်နယ်လယ်သမားများသမဂ္ဂ(KSFU)အဖွဲ့မှစုဆောင်းရရှိသည့်အချက်အလက်များကိုပြန်လည်သုံးသပ်မည်ဖြစ်ပြီး၎င်းအချက်
အလက်များကို(NLD)ရွေးကောက်ခံကိုယ်စားလှယ်လောင်းများထံသို့တင်ပြမည်ဖြစ်ကာထိုမြေယာပြဿနာများကိုဖြေရှင်းပေးရန်၎င်းတို့
ထံတောင်းဆိုမည်ဖြစ်သည်။