လွတ်ငြိမ်းချမ်းသာခွင့်တွင်နိုင်ငံရေးအကျဉ်းသား(၅၂)ဦးပါဝင်

...

လွတ်ငြိမ်းချမ်းသာခွင့်တွင်နိုင်ငံရေးအကျဉ်းသား(၅၂)ဦးပါဝင်

Myanmar Times, 22 Jan 2016

URL: http://www.mmtimes.com/index.php/national-news/18625-52-political-prisoners-released-in-surprise-amnesty.html
သမ္မတလွတ်ငြိမ်းချမ်းသာခွင့်ဖြင့်အကျဉ်းသား(၁၀၀)ကျော်ကိုမြန်မာနိုင်ငံအနှံ့အကျဉ်းထောင်များမှလွတ်ငြိမ်းချမ်းသာခွင့်ပေးရာတွင်နယူးဇီ
လန်နိုင်ငံသားတစ်ဦးအပါအဝင်နိုင်ငံရေးအကျဉ်းသားအယောက်(၅၀)ကိုလွှတ်ပေးခဲ့သည်။

“ကျွန်တော်တို့သိရသလောက်တော့မန္တလေး၊တောင်ငူ၊အင်းစိန်၊ဘားအံ၊မြစ်ကြီးနားနဲ့ပူတာအိုအကျဉ်းထောင်တွေမှာရှိတဲ့နိုင်ငံရေးအကျဉ်း
သား(၅၂)ဦးကိုလွှတ်ပေးခဲ့ပါတယ်”ဟုနိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း-မြန်မာ(AAPPB)မှဥက္ကဌဖြစ်သူဦးဘိုကြည်က
ပြောခဲ့သည်။

သမ္မတရုံးမှညွှန်ကြားရေးမှူးဖြစ်သူဦးဇော်ဌေးကသမ္မတသည်အဖွဲ့အစည်းအများအပြား၏တောင်းဆိုမှုအရအကျဉ်းသား(၁၀၂)ဦးကိုလွတ်ငြိမ်း
ချမ်းသာခွင့်ပေးခဲ့ကြောင်းပြောကြားခဲ့သည်။သမ္မတသည်နိုင်ငံ၏အနာဂတ်အတွက်လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း၎င်းမှပြောကြားခဲ့သည်။

ယနေ့လွှတ်ပေးခြင်းသည်မှန်ကန်သည့်လမ်းကြောင်းတွင်အဆင့်တဆင့်ဖြစ်သော်လည်းတရားစွဲဆိုထားသည့်နိုင်ငံရေးအမှု(၄၀၉)မှုရှိပြီးအ
ကျဉ်းထောင်သံတိုင်များနောက်တွင်အမှုရင်ဆိုင်နေရသူ(၁၁၄)ဦးရှိသည်ဟုဦးဘိုကြည်ကပြောခဲ့သည်။