လာအိုမှမြန်မာသို့လျှပ်စစ်ဓာတ်အားတင်သွင်းမည်

...

လာအိုမှမြန်မာသို့လျှပ်စစ်ဓာတ်အားတင်သွင်းမည်

Mizzima, 04 Feb 2016

URL: http://mizzima.com/latest-news-news-domestic/myanmar-import-electricity-laos
များမကြာမီအနာဂတ်တွင်လာအိုမှမြန်မာသို့လျှပ်စစ်ဓာတ်အား(၃၀၀)မီဂါဝပ်ခန့်တပ်ဆင်တင်သွင်းမည်ဟုမြန်မာမှမျှော်မှန်းထား
ကြောင်းဖေဖော်ဝါရီလ(၃)ရက်နေ့တွင် Vientiane Times မှအစီရင်ခံဖော်ပြခဲ့သည်။

မကြာသေးမီကကျင်းပသည့်ပါတီ၏ဆဠမအကြိမ်မြောက်ပါတီကွန်ကရက်တွင်စွမ်းအင်နှင့်သတ္တုတွင်းဝန်ကြီးဌာန၏ပါတီအတွင်း
ရေးမှူးဖြစ်သူ Dr Khammany Inthirath ကလာအိုသည်ယခုနှစ်တွင်မြန်မာနိုင်ငံသို့လျှပ်စစ်ဓာတ်အားကနဦးစတင်တင်သွင်းမည်
ဖြစ်ကြောင်းအစီရင်ခံပြောကြားခဲ့သည်။

လာအို၏လောင်နန်သာခရိုင်နှင့်နီးကပ်စွာတည်ရှိသောမြန်မာနိုင်ငံရှိကျေးရွာအနည်းငယ်၌အသုံးပြုနိုင်ရန်အတွက်ကနဦးတင်
သွင်းမှုများပြုလုပ်ရာတွင်အရေအတွက်အနည်းငယ်မျှကိုသာကနဦးတင်သွင်းမည်ဖြစ်ကြောင်းစွမ်းအင်နှင့်သတ္တုတွင်းဒုတိယဝန်
ကြီး Viraphonh Viravong ကရှင်းပြခဲ့သည်။