မော်လမြိုင်နှင့်ဖော့ဝိန်းမြို့ကိုညီအစ်မမြို့အဖြစ်တရားဝင်သတ်မှတ်

...

မော်လမြိုင်နှင့်ဖော့ဝိန်းမြို့ကိုညီအစ်မမြို့အဖြစ်တရားဝင်သတ်မှတ်

Mon News Agency, 09 Feb 2016

URL: http://monnews.org/2016/02/08/moulmein-and-fort-wayne-official-sister-cities/
မွန်ပြည်နယ်၏မြို့တော်ဖြစ်သောမော်လမြိုင်မြို့နှင့်အမေရိကန်ပြည်ထောင်စုရှိအင်ဒီယန်းနားပြည်နယ်မှဖော့ဝိန်းမြို့တို့အားညီအစ်မမြို့
တော်အဖြစ်တရားဝင်တည်ထောင်ခြင်းသဘောတူညီမှုကိုကြာသာပတေးနေ့တွင်လက်မှတ်ရေးထိုးခဲ့သည်။

လက်မှတ်ရေးထိုးခြင်းအခမ်းအနားကိုဖေဖော်ဝါရီလ(၄)ရက်နေ့၌မော်လမြိုင်မြို့ရှိမွန်ပြည်နယ်အစိုးရရုံး၊အောင်ဆန်းခန်းမတွင်ကျင်းပ
ခဲ့ခြင်းဖြစ်သည်။အခမ်းအနားအားမွန်ပြည်နယ်ဝန်ကြီးဦးအုန်းမြင့်၊ ပြည်နယ်အစိုးရအရာရှိများနှင့်ဖော့ဝိန်းမြို့မှကိုယ်စားလှယ်များတက်
ရောက်ခဲ့ကြသည်။

မြို့နှစ်မြို့စလုံးမှအစိုးရများသည်၂၀၁၂ခုနှစ်ကတည်းကပင်ညီအစ်မမြို့ဖြစ်လာစေရန်ဆောင်ရွက်ခဲ့ကြသည်။

မွန်ပြည်နယ်၊မြို့တော်ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဒေါက်တာတိုးတိုးအောင်၏ပြောကြားချက်အရသဘောတူညီချက်တွင်ရိုးရာယဉ်ကျေးမှု
နှင့်ကုန်သွယ်မှုများဖလှယ်မည့်အစီအစဉ်ပါဝင်သည်။မွန်ပြည်နယ်မှစီးပွားရေးလုပ်ကိုင်သည့်သူများ၊အနုပညာသည်များနှင့်ပညာသင်ဆု
များစသည်တို့အားအခြားတဖက်မှအဆင့်တူပုဂ္ဂိုလ်များထံသို့ဗဟုသုတများနှင့်အတွေ့အကြုံများကိုဝေမျှရန်အတွက်ယခုအခါဖော့ဝိန်း
မြို့သို့ခရီးသွားလာနိုင်ပြီဖြစ်သည်။

သဘောတူညီမှုတစ်စိတ်တစ်ပိုင်းအနေဖြင့်နိုင်ငံနှစ်နိုင်ငံသည်၂၀၁၇ခုနှစ်တွင်လူငယ်ဖလှယ်ခြင်းအစီအစဉ်ကိုစတင်မည်ဖြစ်သည်။ပါ
ဝင်မည့်အသက်(၂၁)နှစ်အောက်လူငယ်များကိုညီအစ်မမြို့တစ်မြို့စီရှိအထက်တန်းကျောင်းများနှင့်တက္ကသိုလ်များထံသို့သွားရောက်
လည်ပတ်လေ့လာရန်ဖိတ်ကြားမည်ဖြစ်သည်။