KNU မှ မြဝတီနှင့်ပုသိမ် ဘတ်စ်ကားလိုင်းပြေးဆွဲမည်

...

KNU မှ မြဝတီနှင့်ပုသိမ် ဘတ်စ်ကားလိုင်းပြေးဆွဲမည်

Mizzima, 05 Feb 2016

URL: http://www.mizzima.com/latest-news-business-domestic/knu-start-myawaddy-pathein-bus-service
ကရင်အမျိုးသားအစည်းအရုံး(KNU)တပ်မဟာ(၇)သည်၎င်းတို့၏ကုမ္ပဏီဖြစ်သည့်ခရီးသည်တင်ယာဉ်ဒို့မိတ်ဆွေအဝေးပြေးဘတ်စ်
ကားလိုင်းကိုမြဝတီ၊ရန်ကုန်နှင့်ပုသိမ်မြို့တို့အတွင်း(KNU)၏ပထမဆုံးအဝေးပြေးဘတ်စ်ကားလိုင်းအဖြစ်စတင်ပြေးဆွဲမည်ဖြစ်သည်။

ဒို့မိတ်ဆွေဘတ်စ်ကားကုမ္ပဏီသည် KNU တပ်မဟာ(၇) ပိုင်ဆိုင်သည့်မိုးကိုစန်းကုမ္ပဏီ၏ကုမ္ပဏီခွဲတစ်ခုဖြစ်သည်။

“ဘတ်စ်ကားလိုင်းအတွက်ကျွန်တော်တို့ပုသိမ်မှာဂိတ်ငှားထားပြီးပါပြီ၊ဒါပေမယ့်တချို့လိုအပ်တာတွေလုပ်ရအုံးမှာမို့လို့ကျွန်တော်တို့
ကားပြေးဆွဲတာကိုမတ်လမှာပဲစတင်ပြေးဆွဲမှာပါ ” ဟုဒို့မိတ်ဆွေလုပ်ငန်းမန်နေဂျာစောထရူးမန်းကပြောပြခဲ့သည်။

ဇန်နဝါရီလ(၂၄)ရက်နေ့ကတည်းမှစ၍ဒို့မိတ်ဆွေသည်မြဝတီမှရန်ကုန်နှင့်မြဝတီမှတောင်ငူသို့ထိုင်ခုံ(၁၅)ခုံပါဟိုင်းအေ့စ်ဘတ်စ်ကား
များကိုအသုံးပြုကာပြေးဆွဲနေပြီဖြစ်သည်။

ယာဉ်စီးခမှာမြဝတီမှရန်ကုန်သို့တစ်ဦးလျှင်တစ်သောင်းငါးထောင်(၁၅၀၀၀)ကျပ်၊ မြဝတီမှတောင်ငူသို့တစ်သောင်းသုံးထောင့်ငါးရာ
(၁၃၅၀၀)ကျပ် နှင့် မြဝတီမှပုသိမ်သို့နှစ်သောင်း(၂၀၀၀၀)ကျပ်ဖြစ်သည်ဟုဒို့မိတ်ဆွေတာဝန်ရှိသူများ၏ပြောပြချက်အရသိရှိရသည်။

မိုးကိုစန်းကုမ္ပဏီသည်မြဝတီနှင့်ဘားအံမြို့တွင်ရုံးခန်းများထားရှိသည်။