အောင်ဆန်းစုကြည်အားနိုင်ငံတော်အကြံပေးပုဂ္ဂိုလ်အဖြစ်ရာထူးခန့်ထား

...

အောင်ဆန်းစုကြည်အားနိုင်ငံတော်အကြံပေးပုဂ္ဂိုလ်အဖြစ်ရာထူးခန့်ထား

Xinhau News, 06 Apr 2016

URL: http://news.xinhuanet.com/english/2016-04/06/c_135256048.htm
မြန်မာနိုင်ငံ၏နိုင်ငံခြားရေးဝန်ကြီးဖြစ်သောဒေါ်အောင်ဆန်းစုကြည်အားနိုင်ငံတော်၏အကြံပေးပုဂ္ဂိုလ်ရာထူးအဖြစ်ခန့်အပ်လိုက်ကြောင်းသမ္မတရုံး
ရှိပြောရေးဆိုခွင့်ရှိသူဦးဇော်ဌေးကဆိုသည်။

အကြံပေးပုဂ္ဂိုလ်ဆိုင်ရာဥပဒေကိုတပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်မှမဲမပေးကန့်ကွက်ခဲ့သော်လည်းထောက်ခံသည့်မဲကများနေသောကြောင့်
အထက်လွှတ်တော်နှင့်အောက်လွှတ်တော်မှယင်းဥပဒေကြမ်းကိုအတည်ပြုခဲ့ပြီးသမ္မတဦးထင်ကျော်ကလက်မှတ်ရေးထိုးခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်နိုင်ငံတော်အကြံပေးပုဂ္ဂိုလ်ရာထူးကိုပေးအပ်ရန်၎င်းနိုင်ငံတော်၏အကြံပေးပုဂ္ဂိုလ်ဆိုင်ရာဥပဒေကြမ်းကိုလွန်ခဲ့သည့်ကြာသပ
တေးနေ့တွင်အထက်လွှတ်တော်သို့အလျင်စလိုတင်ပြလာခဲ့ပြီးထောက်ခံမဲ(၁၃၇)မဲနှင့်ကန့်ကွက်မဲ(၆၈)မဲရရှိသောကြောင့်အတည်ပြုခဲ့ရသည်။

ယင်းဥပဒေပြဌာန်းချက်သည်နိုင်ငံအတွင်း၌ပါတီစုံဒီမိုကရေစီကျင့်သုံးခြင်း၊ကုမ္ပဏီနှင့်ကုန်ပစ္စည်းဈေးနှုန်းသည်အစိုးရ၏စီစဉ်မှုအောက်၌မရှိသောစီး
ပွါးရေးစနစ်ကိုကျင့်သုံးခြင်း၊ဖယ်ဒရယ်ပြည်ထောင်စုဖြစ်မြောက်ရေး၊ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးများရရှိစေရန်ရည်ရွယ်ထားခြင်းဖြစ်သည်။