တိုင်းရင်းသားနိုင်ငံရေးပါတီ(၆)ခုမှ UNA အသင်းဝင်များအဖြစ်လျှောက်ထားလာ

...

တိုင်းရင်းသားနိုင်ငံရေးပါတီ(၆)ခုမှ UNA အသင်းဝင်များအဖြစ်လျှောက်ထားလာ

Burma News International, 05 May 2016

URL: http://search.sosodesktop.com/search/web?fcoid=417&q=Six+Ethnic+Political+Parties+Apply+for+UNA+Membership
တိုင်းရင်းသားနိုင်ငံရေးပါတီ(၈)ဖွဲ့၏ညီညွတ်သောတိုင်းရင်းသားလူမျိုးများမဟာမိတ်အဖွဲ့(UNA) သည်အဖွဲ့ဝင်အဖြစ်လျှောက်ထားလာသော
တိုင်းရင်းသားနိုင်ငံရေးပါတီ(၆)ဖွဲ့အားလက်ခံမည်ဖြစ်ကြောင်းဟုUNA ခေါင်းဆောင်ဦးခွန်ထွန်းဦးက ဆိုလိုက်သည်။

“UNA အဖွဲ့ဝင်အဖြစ်လျှောက်ထားလာတဲ့တိုင်းရင်းသားပါတီတွေကိုကျွန်တော်တို့လက်ခံသွားမှာပါ။သူတို့ကိုလက်ခံအတည်ပြုဖို့အတွက်UNA ကအစည်းအဝေးတစ်ခုကျင်းပပါမယ်။သူတို့ကိုလက်ခံဖို့ကျွန်တော်လုံးဝကိုသေချာပါတယ်၊ဘာကြောင့်လဲဆိုတော့တိုင်းရင်းသားတွေအနေနဲ့
အင်အားတောင့်တင်းဖို့လိုပါတယ်။အခုကချင်လူထုကလည်းစည်းလုံးနေကြပြီ၊ ကရင်လူထုကလည်းစည်းလုံးနေကြပြီ၊ဒါကြောင့်UNA ကအင်
အားတောင့်တင်းဖို့လိုပါတယ်”ဟုသူကပြောခဲ့သည်။

အဖွဲ့များအားအဖွဲ့ဝင်သစ်အဖြစ်လက်ခံမည်၊မခံမည်ဆိုသည့်ဆုံးဖြတ်ချက်ကို မေလ(၇)ရက်နေ့တွင်ကျင်းပမည့် UNA အဖွဲ့ဝင်များအစည်းအ
ဝေးတွင်ပြုလုပ်မည်ဖြစ်သည်။

UNA ၏လက်ရှိအဖွဲ့ဝင်များမှာရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်(SNLD)၊ ရခိုင်အမျိုးသားပါတီ(ANP)၊ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်(ZCD) ၊
ကရင်အမျိုးသားပါတီ၊ မွန်အမျိုးသားပါတီ(MNP) ၊ ကချင်အမျိုးသားများဒီမိုက ရေစီကွန်ဂရက်(KNCD) ၊ ရှမ်းပြည်ကိုးကန့်ဒီမိုကရက်တစ်ပါတီ
(SSKDP)နှင့်ကယန်းအမျိုးသားပါတီတို့ဖြစ်သည်။

UNA အဖွဲ့ဝင်အဖွဲ့လျှောက်ထားသည့်တိုင်းရင်းသားနိုင်ငံရေးပါတီ(၆)ခုမှာ - ကချင်ပြည်နယ်ဒီမိုကရေစီပါတီ(KSDP) ၊ရခိုင်မျိုးချစ်ပါတီ ၊ချင်းဒီ
မိုကရေစီအဖွဲ့၊ ဓနုအမျိုးသားတိုးတက်ရေးပါတီ၊ မြိုအမျိုးသားဒီမိုကရေစီပါတီစသည်တို့ဖြစ်သည်။