ကရင်ပြည်နယ်တွင် ရေရှိရေး ကနဦးလှုပ်ရှားဆောင်ရွက်ရန်အတွက် တင်ဒါခေါ်ယူမည်

...

ကရင်ပြည်နယ်တွင် ရေရှိရေး ကနဦးလှုပ်ရှားဆောင်ရွက်ရန်အတွက် တင်ဒါခေါ်ယူမည်

The Global New Light of Myanmar, 16 May 2016

URL: https://issuu.com/myanmarnewspaper/docs/16_may_16_gnlm
ရေရှားပြတ်လတ်မှုများကြောင့် ကရင်ပြည်နယ်ရှိ ကျေးရွာ(၃၈)ရွာတွင် ရေရရှိမှုစီမံကိန်း အကောင်အထည်
ဖော်ဆောင်ရွက်ရေးအတွက်လက်ရှိ ၂၀၁၆-၂၀၁၇ ဘဏ္ဍနှစ်အတွင်း တင်ဒါခေါ်ယူမည်ဖြစ်ကြောင်းပြည်နယ်
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဌာန၏ပြောကြားချက်အရသိရှိရသည်။

တင်ဒါတန်ဖိုးခန့်မှန်းခြေ ကျပ်(၅၁၉)သန်း (US$ ၄၄၄,၃၅၀)ကျော်အတွက် လေလံ၌ပေးသည့်စျေးများကို
အဝီစိတွင်းများတူးခြင်း၊ မြေတွင်းရေကန်တူးခြင်းများအတွက်ဖြစ်ပြီးတင်ဒါများ၌မြေအောက်ရေအရန်ထား
ရှိအသုံးပြုရေးအခြားစီမံကိန်းများအတွက်ရှေရှည်အလို့ငှာ ခွင့်ပြုမည်ဖြစ်သည်၊ နှစ်စဉ်သောက်သုံးရေရရှိမှု
ကျဆင်းနေသည့်နိုင်ငံ၏အခြားနေရာဒေသများသို့လည်းလုံလောက်သောသောက်သုံးရေပံ့ပိုးပေးခြင်းများ
လည်းပါဝင်မည်ဖြစ်သည်။

“အခုလက်ရှိမှာတော့ ကျွန်တော်တို့ အယ်နီညိုကြောင့် သောက်သုံးရေ ပြတ်လတ်မှုဒဏ်ကို ခံစားနေရတဲ့ကရင်
ပြည်နယ်ကကျေးရွာများဆီကို အထောက်အပံ့တွေ ကူညီပံ့ပိုးပေးနေပါတယ်။ ပြီးတော့လည်း အစိုးရသစ်ရဲ့က
နဦးရက်(၁၀၀)စီမံချက်အောက်မှာ ရေရှိမှု စီမံကိန်းအတွက် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်အတွင်း ပြည်နယ်ရဲ့မြို့
နယ်(၇) မြို့နယ် အားလုံးအတွက်ကျွန်တော်တို့ တင်ဒါခေါ်ယူပါမယ် ” ဟု ကရင်ပြည်နယ်ကျေးလက်ဒေသဖွံ့
ဖြိုးတိုးတက်ရေးဌာနမှူး ဦးနေဦးကပြောပြခဲ့သည်။

ရေရရှိမှုစီမံကိန်းများကို ကျေးရွာစုစုပေါင်း (၃၈) ရွာတွင် အကောင်အထည်ဖော် ဆောင်ရွက်မည် ဖြစ်သည်။
ဘားအံမြို့နယ်တွင် ကျေးရွာ (၅) ရွာ ၊ လှိုင်းဘွဲ့ မြို့နယ်တွင် (၇) ရွာ ၊ ကော့ကရိတ် မြို့နယ်တွင် (၆)ရွာ ၊ မြဝ
တီမြို့နယ်တွင် (၄) ရွာ၊ ကြာအင်းဆိပ်ကြီး မြို့နယ်တွင် (၅) ရွာ ၊ သံတောင်ကြီး မြို့နယ်တွင် (၈) ရွာ နှင့်ဖာပွန်
မြို့နယ်တွင် (၃) ရွာ တို့ဖြစ်ကြသည်။

ကရင်ပြည်နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဌာနသည် ရေပြတ်လတ်မှုကြုံနေသည်ဟုယူဆရသည့်
ဘားအံမြို့နယ်ရှိကျေးရွာ စုစုပေါင်း(၁၅) ရွာအား ဧပြီလ(၈)ရက်နေ့တွင် အစိုးရသစ်၏ ကနဦးရက်(၁၀၀)စီ
မံချက်တစ်စိတ်တစ်ပိုင်းအနေဖြင့်ရေရရှိမှုလုပ်ဆောင်မှုများကို စတင်လုပ်ဆောင်ခဲ့သည်။ မေလ(၉)ရက်နေ့
တွင်ကနဦးဆောင်ရွက်မှုများမှတစ်ဝက်ကျော်ကျော်ကို လုပ်ကိုင်ဆောင်ရွက်ပြီးခဲ့ပြီ ဖြစ်သည်။