၂၀၁၆-၂၀၁၇ခုနှစ် ချေးငွေများအတွက် တနင်္သာရီ UCS မှ ကျပ် (၁.၀၈)သန်း ချထားပေးမည်

...

၂၀၁၆-၂၀၁၇ခုနှစ် ချေးငွေများအတွက် တနင်္သာရီ UCS မှ ကျပ် (၁.၀၈)သန်း ချထားပေးမည်

The Global New Light of Myanmar, 16 May 2016

URL: https://issuu.com/myanmarnewspaper/docs/16_may_16_gnlm
မြန်မာနိုင်ငံအရှေ့တောင်ပိုင်းတနင်္သာရီဒေသအတွက်ပြည်ထောင်စုသမဝါယမလုပ်ငန်းအသင်းအဖွဲ့များ(USC) သည်၂၀၁၆-၂၀၁၇
ဘဏ္ဍာနှစ်အတွင်း ချေးငွေများအတွက်ကျပ်ငွေ(၁.၀၈)သန်း (US$၉၂၄,၆၅၈)ကို ခွဲဝေချထားပေးမည် ဖြစ်ကြောင်းဒေသတွင်းအသင်း
တစ်သင်း၏ ပြောကြားချက်အရသိရှိရသည်။ ဒေသတွင်းအစိုးရမှ ချေးငွေတန်ဖိုးကို အတည်ပြုပေးခဲ့သည်။

“ချေးငွေကို UCS အသင်းဝင်တွေကို ချေးမှာပါ။ တစ်ဦးချင်းလုပ်ငန်းစုများအဆင့်အလိုက် ချေးငွေများကို ကျွန်တော်တို့ ထုတ်ပေးပါ
မယ် ”ဟု တနင်္သာရီဒေသအတွက် UCS အရာရှိတစ်ဦးဖြစ်သူ ဦးကျော်မိုးတင့် ကပြောခဲ့သည်။

ချေးငွေချေးချင်သည့်သူများသည်စုပေါင်းတာဝန်ယူမှုစနစ်ဖြင့်ကျေးရွာအဆင့်တွင် UCS ကိုအခြေပြုသည့် အသင်းတစ်သင်းဖွဲ့အား
ဦးစွာဖွဲ့စည်းရမည်ဖြစ်သည်။ ချေးငွေချေးယူရာတွင်အပေါင်ပေးစရာမလိုပေ။ ဤစနစ်အောက်တွင်တစ်ဦးစီအား အများဆုံးကျပ်ငွေ
(၁)သိန်းချေးယူနိုင်သည်။

“အသင်းအနေနဲ့ချေးငွေချေးတဲ့ အဖွဲ့ဝင်များအတွက် ချေးငွေရဲ့ တစ်ဆယ်ရာခိုင်နှုန်းကို သူတို့အတွက် စုထားပေးမှာ ဖြစ်ပါတယ်။ဒီ
လိုနည်းလမ်းမျိုးလုပ်ဆောင်ရတဲ့ရည်ရွယ်ချက်ကတော့ချေးငွေတွေထုတ်ချေးတဲ့အခါ ပိုမိုများများ စုထားနိုင်ဖို့အတွက်ပါပဲ ။ UCS အ
ဖွဲ့ဝင်ဖြစ်လာဖို့အတွက်အသင်းဝင်ကြေး (၅) ထောင်ကျပ် ပေးသွင်းဖို့ လိုအပ်ပါတယ် ။ အဲ့ဒီနောက်မှာတော့ အမြတ်ကိုတွက်ချက်ပြီး
တော့ နှစ်ကုန်တဲ့အခါ ဒီငွေပမာဏကို အသင်းဝင်တွေကို ပြန်ပေးပါမယ် ”ဟု ဦးကျော်မိုးတင့်က ပြောခဲ့သည်။

၂၀၁၁-၂၀၁၅ ခုနှစ်အတွင်း တနင်္သာရီဒေသ UCS သည် ကျပ်ငွေစုစုပေါင်း (၃.၈)ကျပ်( $ ၃,၂၅၃,၄၂၅) ဘီလီယံ ချေးပေးခဲ့သည်၊ချေး
ငွေများကို ခြောက်လ(၁) ကြိမ်ထုတ်ပေးပြီး နောက်ထပ်ခြောက်လကြာပြီးနောက် ပြန်ဆပ်ရမည်ဖြစ်သည်။ယခုဘဏ္ဍာရေးနှစ်အတွင်းတ နင်္သာရီဒေသကြီးချေးငွေခွဲဝေချထားမှုများအရအသင်းအဖွဲ့ဝင်(၁၇၅၇)ဦးပါဝင်သည့်ထားဝယ်ခရိုင် UCS အသင်း(၂၈)သင်းအတွက်
ချေးငွေပမာဏကျပ်(၂၉၁.၆)သန်း၊ အသင်းအဖွဲ့ဝင်(၄၀၆၁)ဦးပါဝင်သည့် မြိတ်ခရိုင် UCS အသင်း(၇၈)သင်းအတွက်ချေးငွေပမာဏ
ကျပ်(၆၃၄)သန်းနှင့်၊ အသင်းအဖွဲ့ဝင်(၁၁၉၄)ဦးပါဝင်သည့်ထားဝယ်ခရိုင် UCS အသင်း(၁၅)သင်းအတွက် ချေးငွေပမာဏကျပ်(၁၅၇.၄၂)
သန်းဖြစ်သည်။