မြန်မာနိုင်ငံအရှေ့တောင်ပိုင်း ကျေးလက်ဒေသပြန်လည်တည်ဆောက်ရေးလုပ်ငန်းများအတွက် ကျပ်သန်း၁၇၀ကျော် ချထားပေး

...

မြန်မာနိုင်ငံအရှေ့တောင်ပိုင်း ကျေးလက်ဒေသပြန်လည်တည်ဆောက်ရေးလုပ်ငန်းများအတွက် ကျပ်သန်း၁၇၀ကျော် ချထားပေး

myintmakha New Agency, 17 May 2016

URL: http://www.myitmakhamedia.info/over-k170-million-injected-into-southern-myanmars-rural-infrastructure/
အစိုးရသစ်၏ ကနဦးရက်၁၀၀ စီမံချက် တစ်စိတ်တစ်ပိုင်းအနေဖြင့် မြန်မာနိုင်ငံတောင်ပိုင်း၊ တနင်္သာရီဒေသကြီး၌ကျေးလက်လမ်းများ
နှင့်တံတားများ၏ အရည်အသွေးတိုးတက်လာစေရန်အတွက်ထိန်းသိမ်းခြင်းနှင့်ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများဆောင်ရွက်ရန်ဘတ်ဂျတ်
ကျပ်သန်းပေါင်း(၁၇၀)ကျော်ခွဲဝေချထားပေးခဲ့သည် ဟုဒေသတွင်း ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဌာန၏ အဆိုအရဖြစ်သည်။

"အစိုးရသစ်ရဲ့ ရက်၁၀၀စီမံချက်အနေနဲ့ ကျေးလက်ဒေသတွေမှာ ကျေးရွာလမ်းခင်းတာတွေနဲ့ တံတားတွေပြန်လည်ပြုပြင်တာတွေကို ပြီး
စီးအောင် ကျွန်တော်လုပ်ဆောင်မှာပါ၊ သက်ဆိုင်ရာမြို့နယ်တွေက လမ်း၊တံတား စာရင်းတွေကို ဦးစားပေးလုပ်ဆောင်ဖို့အတွက် စုစည်း
နေပါတယ်။ ဌာနအတွက် မြို့နယ်အဆင့်ရုံး တည်ဆောက်နိုင်ဖို့အတွက် အလားတူဦးစားပေး တစ်စိတ်တစ်ပိုင်းအနေနဲ့ ကြိုးစားလုပ်ဆောင်
သွားမှာဖြစ်ပါတယ် "ဟု တနင်္သာရီဒေသ၊ ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးဌာနမှ ဌာနမှူးဦးသက်ပိုင်က ပြောခဲ့သည်။

အထက်တွင် ဖော်ပြထားသည် ဘတ်ဂျက်ငွေအား တနင်္သာရီဒေသကြီးရှိ ခရိုင်များကို ခွဲဝေချထားပေးမည် ဖြစ်သည်။ ထားဝယ်ခရိုင်ရှိမြို့
နယ်(၄)မြို့နယ်အတွက် ကျပ်(၁၁၃.၄)သန်း သုံးမည်ဖြစ်သည်၊ မြိတ်ခရိုင်ရှိ မြို့နယ်(၄)မြို့နယ်အတွက် ကျပ်(၄၃.၇)သန်း နှင့် ဒေသကြီး
တောင်ပိုင်းကော့သောင်းခရိုင်ရှိ မြို့နယ်(၂)မြို့နယ်အတွက်ကျပ်(၁၃.၃)သန်း အသုံးပြုမည်ဖြစ်သည်။

လမ်း၊တံတားနှင့် ရေရှိမှု ကနဦး ဆောင်ရွက်မှုပြုလုပ်ရန်အတွက် ဤ၂၀၁၆-၂၀၁၇ဘဏ္ဍာနှစ်အတွင်း တနင်္သာရီဒေသ ခရိုင်တစ်ခုလုံးအ
သုံးပြုရန်အတွက် စုစုပေါင်းဘတ်ဂျက်ငွေ ကျပ်သန်းပေါင်း(၂၁၁.၉)သန်း ခွင့်ပြုပေးခဲ့သည်။