ADB နှင့် အစိုးရမှ မွန်ပြည်နယ် ကမ္ဘာလှည့်ခရီးသွားလလုပ်ငန်းအတွက် ဒေါ်လာ(၃)သန်း ပေးအပ်

...

ADB နှင့် အစိုးရမှ မွန်ပြည်နယ် ကမ္ဘာလှည့်ခရီးသွားလလုပ်ငန်းအတွက် ဒေါ်လာ(၃)သန်း ပေးအပ်

Mon News Agency, 21 May 2016

URL: http://monnews.org/2016/05/21/adb-govt-inject-3-million-mon-state-tourism-industry/
မွန်ပြည်နယ်၌ ကမ္ဘာလှည့် ခရီးသွားလာရေးလုပ်ငန်းများ ပြန်လည်ဆန်းသစ်လာစေရန် အတွက် အာရှဖွံ့ဖြိုးတိုးတက်ရေးဘဏ်
နှင့်အစိုးရမှ ယူအက်စ်ဒေါ်လာ(၃)သန်း ခွင့်ပြုကြောင်း သဘောတူစာချုပ်ကို ကြာသာပတေးနေ့ (မေလ၁၇ရက်)နေ့တွင်လက်မှတ်
ရေးထိုးခဲ့သည် ဟုအာရှဖွံ့ဖြိုးတိုးတက်ရေးဘဏ်(ADB)က ပြောကြားခဲ့သည်။

လက်မှတ်ရေးထိုးခြင်း အခမ်းအနားကို နိုင်ငံ၏မြို့တော် နေပြည်တော်၌ ကျင်းပခဲ့ပြီး ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ
ညွှန်ကြားရေးမှူးချုပ် ဦးတင့်လွင် ၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးမောင်မောင်ဝင်း နှင့် ADB မှ
Country Director ဖြစ်သူ Winfried Wicklein အပါအဝင် ADB နှင့်အစိုးရ၏ သက်ဆိုင်ရာ ကိုယ်စားလှယ်များ တက်ရောက် လက်
မှတ်ရေးထိုးခဲ့သည်။

“ခွင့်ပြုငွေက အသေးစားနဲ့ အငယ်စား လုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ပံ့ပိုးကူညီပေးဖို့ပဲ ဖြစ်ပါတယ်။ အမျိုးသမီးများက
လက်မှုပစ္စည်းများနဲ့ ဒေသထွက် အစားအစာတွေကို ချောင်းဆုံကျွန်း ၊ ကျိုက်ထီးရိုး၊ မော်လမြိုင်နဲ့ မုဒုံ တို့မှာရှိတဲ့ မြို့နယ်တွေက
ကမ္ဘာလှည့် ခရီးသွားတွေနဲ့ ဒေသတွင်း နေထိုင်သူတွေဆီကို ရောင်းချပေးတာတွေ အပါအဝင် ဆင်းရဲ မွဲတေမှု အတွက်အလုပ်
အကိုင်နဲ့ စီးပွားရေး အခွင့်အလမ်းတွေ တိုးလာစေမယ့် အကျိုးရလဒ်တွေ ရရှိလာပါမယ် ” ဟု ADB မှ Country Director ဖြစ်သူ
Mr. Winfried Wicklein ကပြောကြားခဲ့သည်။

ADB ၏ ပြောကြားချက်အရ ခွင့်ပြုငွေသည် ပြည်နယ်နှင့်အတူ အသေးစားနှင့် အငယ်စား ကမ္ဘာလှည့်ခရီးသွား အခြေစိုက် စီးပွား
ရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ခြင်း မှနေ၍ ကောင်းမွန်ပြီး တာရှည်ခံသော စီးပွားရေးလုပ်ငန်းများ တည်ဆောက်ခြင်း မှတဆင့်
အိမ်ထောင်စုများ၏ ဆင်းရဲမွဲတေမှုကို လျော့ချနိုင်ရန် ရည်ရွယ်သည်။

ဒေါ်လာ(၃)သန်း စီမံကိန်းခွင့်ပြုငွေသည် နည်းပညာပိုင်းနှင့် အခြေခံကျွမ်းကျင်မှု သင်တန်းများကို ပံ့ပိုးပေးမည်ဖြစ်သည်။ သင်တန်း
တွင်စီးပွားရေး စီမံခန့်ခွဲမှုပညာ၊ ငွေကြေးနှင့် နည်းပညာ ၊ စျေးကွက်ဖော်ထုတ်ခြင်းနှင့် လက်ခံရရှိခြင်း စသည်တို့ကို သင်တန်းပေး
မည်ဖြစ်သည်။

ယခု လက်မှတ်ရေးထိုးခဲ့သည့် ခွင့်ပြုငွေ ဒေါ်လာ(၃)သန်းသည် ဆင်းရဲမွဲတေမှု လျော့ချရေးအတွက် ဂျပန်ကျောထောက်နောက်ခံ
ဂျပန်ငွေကြေးရန်ပုံငွေအဖွဲ့(JFPR)ထံမှ ဖြစ်သော်လည်း ADBက စီမံခန့်ခွဲသည်။

ထို့ပြင် မွန်ပြည်နယ်ရှိ ထိုစီမံကိန်းအပြင် JFPRသည် နိုင်ငံတဝှမ်းရှိ နေရာဒေသများ၏ ပညာရေး၊ အသက်မွေးမှု ဖွံ့ဖြိုးတက်မှုများ၊
ငွေရေးကြေးရေး ၊ စွမ်းအင်နှင့် သယ်ယူပို့ဆောင်ရေး စသည်တို့ကို လုပ်ဆောင်နေသော စီမံကိန်း(၁၆)ခုအတွက် ငွေကြေးများ ပံ့ပိုး
ကူညီပေးခဲ့သည်။