ဘားအံ၌ မသန်စွမ်းသူများအတွက် ပထမဦးဆုံးအကြိမ် အားကစားပြိုင်ပွဲတစ်ရပ် အောင်မြင်စွာကျင်းပ

...

ဘားအံ၌ မသန်စွမ်းသူများအတွက် ပထမဦးဆုံးအကြိမ် အားကစားပြိုင်ပွဲတစ်ရပ် အောင်မြင်စွာကျင်းပ

Karen News, 22 May 2016

URL: http://karennews.org/2016/05/organisers-hail-first-disabled-sport-competition-held-in-hpa-an-a-success.html/
ကရင်ပြည်နယ်၊ ဘားအံမြို့၌ ပထမဦးဆုံးအကြိမ်အဖြစ် မသန်စွမ်းသူများ အတွက် အားကစားပြိုင်ပွဲတစ်ရပ်ကို မေက(၁၇)ရက်နေ့တွင်
ကျင်းပပြုလုပ်ခဲ့သည်။ ပြိုင်ပွဲ၏ရည်ရွယ်ချက်မှာ မသန်စွမ်းသူများ၏တန်ဖိုးကို လူမှု့အသိုင်းအဝိုင်းက ဂရုပြုလာစေဖို့အတွက် တိုက်တွန်း
အားပေးရန်ဖြစ်ကြောင်း ပြိုင်ပွဲစီစဉ်သူများက ပြောဆိုလိုက်သည်။

မြန်မာ့ကြက်ခြေနီအဖွဲ့အစည်း၊ သြစတေးလျကြက်ခြေနီအဖွဲ့အစည်းနှင့် ကရင်မသန်မစွမ်းအားကစားကော်မတီစသည်တို့မှကရင်ပြည်
နယ်၏ မြို့တော် ဖြစ်သော ဘားအံမြို့၌ မသန်စွမ်းသူများအတွက် အားကစားပြိုင်ပွဲ ဖွင့်ပွဲ ကျင်းပရန် အတူတကွ လုပ်ကိုင်ဆောင်ရွက်ခဲ့
ကြသည်။

ပြိုင်ပွဲစီစဉ်သူတစ်ဦးလည်းဖြစ်သူ မြန်မာနိုင်ငံ ခြေတုလက်တုဆိုင်ရာ ရုံးခွဲမန်နေဂျာ နန်းကျော့ကေသီအောင်က ကရင်သတင်းစဉ်သို့
အောက်ပါအတိုင်း ပြောပြခဲ့သည်။
"ကျွန်မတို့မြန်မာနိုင်ငံမှာ မသန်စွမ်း ဘီးတပ်ဘတ်စကတ်ဘော အမျိုးသား လက်ရွေးစင်တစ်သင်းပဲ ရှိ ပါသေးတယ်။ ကရင်ပြည်နယ်အ
သင်းက မြန်မာပြည်မှာ ဆိုရင် ဒုတိယမြောက် အသင်းပါ။ ဒါကြောင့် ကရင်ပြည်နယ်မှာ မသန်စွမ်းသူတွေ အတွက် သူတို့ မသန်စွမ်းဖြစ်
နေပေမယ့်လည်း သူတို့ အများအပြားလုပ်ဆောင်နိုင်တယ်ဆိုတာ သူတို့ကို ပေးသိစေဖို့နဲ့ ပိုမို ကောင်းမွန်စွာ ကစားနိုင်ဖို့ အတွက်ပဲဖြစ်
ပါတယ်။ ကျွန်မတို့ အနေနဲ့သူတို့ကို တိုက်တွန်း အားပေးဖို့ ရည်ရွယ်ပါတယ်။”

ပြိုင်ပွဲသို့ မသန်စွမ်း အားကစားသမား (၅၀)ဦးကျော်တို့က မသန်စွမ်း ဘီးတပ် ကုလားထိုင် ဘတ်စကတ်ဘောပြိုင်ပွဲ ၊ စားပွဲတင်တင်းနစ်
ပြိုင်ပွဲ၊ ကြက်တောင်ရိုက် ပြိုင်ပွဲနှင့် ခြင်းလုံးပြိုင်ပွဲ စသည်တို့ ယှဉ်ပြိုင် ကစားခြင်းဖြင့်ပြိုင်ပွဲကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့သည်ဟု ပြိုင်ပွဲ
စီစဉ်သူများက ပြောပြခဲ့သည်။ မသန်စွမ်း ကလေးငယ်များ အတွက် အားကစားပြိုင်ပွဲကိုလည်း ကျင်းပပေးခဲ့ပြီး ဆုရရှိသည့် ကစားသမား
များကို ကရင်ပြည်နယ် ဝန်ကြီးချုပ်နန်းခင်ထွေးမြင့်က ဆုများ ချီးမြှင့်ပေးခဲ့သည်။

ကရင်ပြည်နယ် အတွင်းရှိ မသန်စွမ်း ကလေးငယ်များ၏ စိတ်ဓာတ်ပိုင်းဆိုင်ရာ မြှင့်တင်ပေးရန် ရည်ရွယ်၍ ကရင်ပြည်နယ် မသန်မစွမ်း
အားကစား ကော်မတီကို ၂၀၁၄ခုနှစ်တွင် စတင် တည်ထောင်ခဲ့ခြင်း ဖြစ်သည်။