KNU နှင့် ကရင်လူမှု့ အဖွဲ့အစည်းများမှ တိုင်းရင်းသားရေးရာမူဝါဒ(မူကြမ်း)များကို သုံးသပ်ဆွေးနွေး

...

KNU နှင့် ကရင်လူမှု့ အဖွဲ့အစည်းများမှ တိုင်းရင်းသားရေးရာမူဝါဒ(မူကြမ်း)များကို သုံးသပ်ဆွေးနွေး

Karen News, 22 May 2016

URL: http://karennews.org/2016/05/knu-and-karen-community-groups-work-to-draft-ethnic-affairs-policies.html/
နိုင်ငံရေးဆွေးနွေးပွဲများတွင် အထောက်အကူပြုနိုင်ရန် ရည်ရွယ်၍ ရေးဆွဲထားသည့် တိုင်းရင်းသားရေးရာ မူဝါဒ(မူကြမ်းများ)အားသုံး
သပ်ဆွေးနွေးရန်အတွက် ကရင်တိုင်းရင်းသားလူမျိုးများရေးရာစင်တာ(ENAC) မှ ကရင်နိုင်ငံရေးအဖွဲ့အစည်းများ၊ အရပ်သားအဖွဲ့အ
စည်းများနှင့်အတူ အစည်းအဝေး ကျင်းပပြုလုပ်ခဲ့သည်။

မဲဆောက်မြို့၌ မေလ(၁၂)ရက်နေ့တွင် ကျင်းပသော အစည်းအဝေးကို ကရင်အမျိုးသားအစည်းအရုံးနှင့် လူထုအခြေစိုက် အဖွဲ့အစည်း
များမှကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။ အစည်းအဝေးအတွင်း ရေးဆွဲထားခဲ့သည့် တိုင်းရင်းသားရေးရာ မူဝါဒ(မူကြမ်း)ရှိအချက်
(၉)ချက်အပေါ် အဓိကထား အခြေခံကာ ဆွေးနွေးခဲ့ခြင်းဖြစ်ပြီး ဖက်ဒရယ် ပြည်ထောင်စုစနစ် ပေါ်ထွန်းရေးအတွက်ပြုလုပ်မည့် နိုင်ငံရေး
ဆွေးနွေးပွဲများ၌ အထောက်အကူပြုစေရန်ဖြစ်သည်။

ဤအစည်းအဝေးသည် တိုင်းရင်းသားအဖွဲ့အစည်းများ ရေးဆွဲထားသည့် မူကြမ်းများအပေါ် တိုင်းရင်းသားများ၏ ဘုံလိုလားချက်တစ်ခုရ
ရှိလာရေးအတွက် ရည်ရွယ်လုပ်ဆောင်ခြင်းဖြစ်ကြောင်း ENAC မှ ပရိုဂရမ်မန်နေဂျာဖြစ်သူ ကိုယောထုန်က ကေအိုင်စီသို့ယခုလိုပြောပြ
ခဲ့သည်။

"ဒီမူကြမ်းက အားလုံးပါဝင်နိုင်ရေးမူကို အခြေခံပြီး တိုင်းရင်းသားအားလုံး (လက်မှတ်ထိုးတဲ့အဖွဲ့ရော မထိုးတဲ့အဖွဲ့ရဲ့) ဘုံလိုလားချက်တွေ
ပါဝင်လာအောင် လုပ်ဆောင်ခြင်းဖြစ်တယ်။ လာမယ့် နိုင်ငံရေးဆွေးနွေးပွဲတွေမှာ ဒီမူဝါဒတွေဟာ တိုင်းရင်းသားတွေဘက်က ကိုင်ထားမယ့်
မူဝါဒတွေဖြစ်ပြီး ဖွဲ့စည်းပုံမှာ ဒီမူဝါဒတွေ ပါသွားဖို့ဖြစ်တယ် " ဟု ၎င်းကပြောသည်။

တိုင်းရင်းသားများဘက်မှ ရေးဆွဲထားသည့် ယင်းမူဝါဒကြမ်းများသည် ၂၀၁၄ခုနှစ်တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ(EAOs)၊
မြန်မာနိုင်ငံတွင်းရှိ နိုင်ငံရေးပါတီများ ၊တိုင်းရင်းသားလူထုအခြေပြု အဖွဲ့အစည်းများနှင့် လူမှု့အဖွဲ့အစည်းများ စသည်တို့မှ ရေးဆွဲခဲ့သည်။

မူကြမ်းတွင် ကျန်းမာရေး၊ ပညာရေး ၊ မြေယာပိုင်ဆိုင်မှု၊ သဘာဝသံယံဇာတ၊ စိုက်ပျိုးရေး ၊ ပြည်တွင်းနေရပ်စွန့်ခွာထွက်ပြေးသူများ(IDPs) ၊
ဒုက္ခသည်ရေးရာများ၊ လူသားချင်းစာနာထောက်ထားမှု အကူအညီများ၊ အခွန်ကောက်ခံခြင်းများ၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာမူ
ဝါဒစသည်တို့ပါဝင်သည်။

အစည်းအဝေးကို မဲဆောက်မြို့တွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး KNU အပါအဝင် ကရင်အမျိုးသမီးအစည်းအရုံး(KWO)၊ ကရင်လူငယ်အစည်းအ
ရုံး(KYO)၊ ပြည်တွင်းနေရပ်စွန့်ခွာတိမ်းရှောင်သူ ကရင်လူထုအတွက် ကော်မတီ(CIDKP) ၊ ကရင်ကျောင်းသားကွန်ယက်အဖွဲ့(KSNG) ၊က
ရင်လူ့အခွင့်အရေးအဖွဲ့(KHRG) ၊ နယ်လှည့်ကျောပိုးအိတ်ကျန်းမာရေးလုပ်သားများအသင်း(BPHWT) ၊ မြန်မာ့ဆေးဝါးအသင်း(BMA)၊
မယ်တော်ဆေးပေးခန်း(MTC)၊ ကရင့်ကျန်းမာရေးနှင့်လူမှု့ဖူလုံရေးဌာန(KDHW) ၊ ပြည်ထောင်စုကော်သူးလေကုန်သွယ်ရေးအဖွဲ့ချုပ်(FTUK)၊ ကရင်သဘာဝပတ်ဝန်းကျင်နှင့်လူမှု့လှုပ်ရှားဆောင်ရွက်မှုကွန်ရက်(KESAN) ၊ ကရင်ပညာရေးဌာန(KED)၊ ကရင်ဒုက္ခသည်ကော်မတီ(KRC)တို့
မှကိုယ်စားလှယ်များစသည်တို့ကတစ်ဖွဲ့ချင်းစီအဖွဲ့ခွဲကာသုံးသပ်၊ ဆွေးနွေးဖြည့်စွက်ပြင်ဆင်မှုများပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။