NCA လက်မှတ်ရေးထိုးသူများ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

...

NCA လက်မှတ်ရေးထိုးသူများ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

Mizzima, 20 May 2016

URL: http://mizzima.com/news-domestic/nca-signatory-groups-hold-workshop
တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးစာချုပ်(NCA)ကို လက်မှတ်ရေးထိုးခဲ့သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း(EAOs)
(၈)ဖွဲ့မှခေါင်းဆောင်များသည် နိုင်ငံရေးတည်ဆောက်နိုင်မှု အလုပ်ရုံအစည်းအဝေးကို ရန်ကုန်မြို့၊ အင်းလျားလိတ်ဟိုတယ်၌မေလ(၁၈)
ရက်မှ (၂၂) ရက်အတွင်း ကျင်းပလျှက်ရှိသည်။

အလုပ်ရုံဆွေးနွေးပွဲသို့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း တစ်ဖွဲ့စီမှ ခေါင်းဆောင်ငါးဦးစီ အပါအဝင် စုစုပေါင်းအယောက်(၄၀)
နှင့်အတူ အခြားလူမှုအဖွဲ့အစည်းများနှင့် အဖွဲ့များမှ ကိုယ်စားလှယ်များတက်ရောက်လာကြသည်။

“ဒီနိုင်ငံရေးဆိုင်ရာ ဆွေးနွေးပွဲမှာ ကျွန်တော်တို့ အဓိကခေါင်းစဉ်(၅)ခုကို ဆွေးနွေးမှာပါ။ နိုင်ငံရေး၊ လူမှု့ရေး ၊ လုံခြုံရေး ၊ သဘာဝသံ
ယံဇာတအရင်းအမြစ်တွေနဲ့ သဘာဝပတ်ဝန်းကျင် ၊ ပညာရေး စသည်ဖြင့် အဓိက ခေါင်းစဉ်တွေကို ဆွေးနွေးသွားမှာပဲဖြစ်ပါတယ်။အ
ရင်က ကျင်းပခဲ့တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံက ရရှိတဲ့ အတွေ့အကြုံတွေအပေါ် အခြေခံပြီး ဆွေးနွေးသွားမှာပါ ”ဟုပအို့အ
မျိုးသားလွတ်မြောက်ရေး အဖွဲ့အစည်း(PNLO)မှ ဥက္ကဌဖြစ်သူ ဦးခွန်မြင့်ထွန်းက ပြောပြခဲ့သည်။

ဤအဓိက ခေါင်းစဉ်(၅)ခုအား ယခင်ကပင် ဇန်နဝါရီလ(၁၂)ရက်နေ့၌ ယခင်ဦးသိန်းစိန်အစိုးရခေါင်းဆောင်သော အစိုးရအဖွဲ့လက်
အောက်၌ကျင်းပသောပထမဦးဆုံးပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံတွင် အမျိုးမျိုးသောအဖွဲ့များ မှ ပါဝင်ဆွေးနွေးခဲ့ကြသည်။