မွန်ပြည်နယ်တွင် မြေယာပြဿနာအကင်းရှင်းဆုံး (၁၀)ရွာကို အနှစ်(၃၀)မြေဂရမ် ပြုလုပ်ပေးမည်

...

မွန်ပြည်နယ်တွင် မြေယာပြဿနာအကင်းရှင်းဆုံး (၁၀)ရွာကို အနှစ်(၃၀)မြေဂရမ် ပြုလုပ်ပေးမည်

Mon News Agency, 06 Jun 2016

URL: http://monnews.org/2016/06/07/30-year-land-grant-provided-specific-villages-mon-state/
မွန်ပြည်နယ်အတွင်းရှိ မြေယာပြဿာနာ အကင်းရှင်းဆုံးကျေးရွာ(၁၀)ရွာကို အနှစ်(၃၀)မြေငှားဂရမ် ပြုလုပ်ပေးမည်ဟု မွန်ပြည်နယ်
အထွေထွေအုပ်ချုပ်ရေးမှူးဦးစီးဌာနမှ အောင်ဆန်းခန်းမ၌ ရက်(၁၀၀)လုပ်ငန်းစဉ်စီမံချက်ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

မွန်ပြည်နယ် အထွေထွေအုပ်ချုပ်ရေးမှူးဦးစီးဌာနမှ ညွှန်ကြားရေးမှူးဖြစ်သူ ဦးမြင့်သန်းဝင်းက "ကျွန်တော်တို့ ပြည်ထဲရေးဌာနကတစ်
မြို့နယ်မှာ တစ်ရွာနှုန်းနဲ့ အနှစ် (၃၀)မြေဂရမ်လုပ်ပေးသွားမှာဖြစ်ပါတယ်။ အဲ့ဒီရွာတွေက ပြည်ထဲရေးဝန်ကြီးဌာနရဲ့ကျေးရွာမြေစာရင်း
ပေါက်ဖြစ်ပြီးတော့ မြေယာအရှုပ်အရှင်း ရှင်းလင်းတဲ့ကျေးရွာတွေကို ထုတ်ပေးတာပါ "ဟု မေလ(၃၁)ရက်နေ့တွင်ကျင်းပသည့်ရက်၁၀၀
လုပ်ငန်းစဉ်စီမံချက်ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ရက် ၁၀ဝ စီမံချက်ပါ အနှစ် ၃၀ မြေငှားဂရမ်ပြုလုပ်ပေးမည့် မွန်ပြည်နယ်ရှိရွာများ မှာကျိုက်ထိုမြို့နယ်-သံတံတားကျေးရွာ၊ဘီးလင်းမြို့
နယ်-အနိုင်းပွန်ကျေးရွာ၊ သထုံမြို့နယ်- ချောင်းဝကျေးရွာ၊ ပေါင်မြို့နယ်-ရေးစုကွက်သစ်ကျေးရွာ၊ မော်လမြိုင်မြို့နယ်-ကော့ခပိုကျေးရွာ၊
ချောင်းဆုံမြို့နယ်- မူးရစ်ကြီးကျေးရွာ၊ ကျိုက်မရောမြို့နယ်- ပေါ်ကျေးရွာ၊ မုဒုံမြို့နယ်-အခွန်ကျေးရွာ၊ သံဖြူဇရပ်မြို့နယ်-ပဒါငံကျေးရွာ
နှင့်ရေးမြို့နယ်- နှင်းစုံကျေးရွာတို့ ပါရှိသည်။