ကလေးသူငယ်များ၏ကျန်းမာရေးအတွက် ကျေးလက်ဆေးပေးခန်းသစ်များ တည်ဆောက်မည်

...

ကလေးသူငယ်များ၏ကျန်းမာရေးအတွက် ကျေးလက်ဆေးပေးခန်းသစ်များ တည်ဆောက်မည်

Myanmar Times, 20 Jun 2016

URL: http://www.mmtimes.com/index.php/national-news/20937-new-rural-healthcare-centres-aim-to-improve-maternal-child-health.html
ကျန်းမာရေး ဝန်ဆောင်မှုများ တိုးတက်လာစေရန်နှင့် အရည်အသွေးမပြည့်မီမှုများ လျော့ချနိုင်ရန်အတွက် မြန်မာနိုင်ငံ
ရှိကျေးလက်ဒေသများတွင် ကျန်းမာရေးစင်တာအဆောက်အဦး (၈၀) နီးပါး ဆောက်လုပ်မည်ဟု the Three Millennium
Development Goal Fund အဖွဲ့၏ ပြောကြားချက်အရ သိရှိရသည်။

စင်တာ(၁၇)လုံးကို မကွေးတိုင်းဒေသကြီးတွင် ဦးဆုံး ဆောက်လုပ်ခဲ့ပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနထံသို့လွှဲ
ပြောင်းပေးအပ်ခဲ့သည်။ နောက်ထပ်(၆၁)လုံးကို၂၀၁၇ခုနှစ်တွင် ဆောက်လုပ်မည်ဖြစ်ပြီး 3MDG ငွေကြေးရန်ပုံငွေအဖွဲ့
မှငွေကြေး ထောက်ပံ့ပေးမည်ဖြစ်သည်၊ 3MDG အဖွဲ့အား စီမံကိန်းလုပ်ငန်းများအတွက်လုပ်ဆောင်သည့် ကုလသမဂ္ဂရုံး
(UNOPS)မှ စီမံခန့်ခွဲသည်။

ကျန်းမာရေးစင်တာများ​တွင် ကျန်းမာရေးစောင့်ရှောက်မှုပေးရခြင်း၏ရည်ရွယ်ချက်မှာ မိခင်နှင့်ကလေးစောင့်ရှောက်ရေး၊
မွေးကင်းစ ကလေးနှင့် ကလေးသူငယ်ကျန်းမာရေး စသည်တို့နှင့်ပတ်သတ်၍ ကူညီပံ့ပိုးပေးရန်ဖြစ်သည်။ တီဘီရောဂါ
ကဲ့သို့သော ကူးစက်တတ်သောရောဂါများနှင့် ငှက်ဖျားရောဂါ ကုသကာကွယ်ပေးခြင်းများလည်းပါဝင်သည်။စင်တာများ
အားလုံးတွင် ဝန်ထမ်း နှစ်ဦး (သို့) သုံးဦးထားရှိမည်ဖြစ်ပြီး တစ်နေ့လျှင် လူနာအယောက်(၃၀) မှ အယောက်(၅၀)အထိ
ကြည့်ရှု့ကုသပေးမည်ဖြစ်သည်။

မကွေးတွင် တည်ဆောက်ပြီးနောက် ဧရာဝတီတိုင်းတွင်စင်တာ(၁၅)လုံး၊ မန္တလေးတိုင်းတွင် (၂)လုံး၊စကိုင်းတိုင်းတွင်(၁၇)
လုံးနှင့် ရန်ကုန်တိုင်းတွင် (၃)လုံး တည်ဆောက်မည်ဖြစ်သလို ချင်းပြည်နယ်တွင် (၅)လုံး၊ ကယားပြည်နယ်တွင် (၆)လုံး
နှင့်ရှမ်းပြည်နယ်တွင် (၁၃)လုံး စသည်ဖြင့် တည်ဆောက်မည်ဖြစ်သည်။