သိမ်းယူထားသည့်မြေများအား မူလပိုင်ရှင်များထံ ပြန်လည်ပေးအပ်

...

သိမ်းယူထားသည့်မြေများအား မူလပိုင်ရှင်များထံ ပြန်လည်ပေးအပ်

Mizzima, 27 Jun 2016

URL: http://www.mizzima.com/news-domestic/more-confiscated-land-returned-rightful-owners
ဧရာဝတီတိုင်းတွင် သိမ်းဆည်းထားသည့်မြေ ဧက(၆၄၀၀)ကျော်အား မူလပိုင်ရှင်များထံ ပြန်လည်ပေးအပ်ခဲ့ပြီးကျန်ရှိသေးသည့် မြေများကိုလည်း
ပြန်လည်ပေးအပ်ရန် တိုင်းနှင့်ပြည်နယ်များရှိ အာဏာပိုင်များကို ဒုသမ္မတဦးဟန်နရီဗန်ထီးသိုက ပြောကြားခဲ့ကြောင်း ယမန်နေ့ပြည်တွင်းသတင်း
စာများတွင် ဖော်ပြခဲ့သည်။

လယ်ယာမြေများနှင့် အခြားမြေများ သိမ်းဆည်းခြင်းနှင့်ပတ်သတ်၍ ပြန်လည် သုံးသပ်ရေး ဗဟိုကော်မတီတွင် ဥက္ကဌအဖြစ် တာဝန်ယူထားသူဒု
တိယသမ္မတမှ ဧရာဝတီတိုင်း၊ ပန်းတနော်မြို့နယ်၌ မိန့်ခွန်းပြောကြားရာတွင် အစိုးရအနေဖြင့် သိမ်းယူထားသည့် မြေများအားမူလပိုင်ရှင် လယ်သ
မားများထံ ပြန်လည်ပေးအပ်ခြင်းများ ပြုလုပ်ရာတွင် ပွင့်လင်းမြင်သာမှုရှိစေရန် စနစ်တကျ အသေအချာဖြစ်အောင် ကြိုးပမ်းလုပ်ဆောင်နေကြောင်း
ပြောကြားခဲ့သည်။

သို့သော်လည်း ထိုသို့လုပ်ဆောင်ရာတွင် တည်ရှိနေသည့် မြေယာစည်းမျဉ်းစည်းကမ်းများနှင့် ကိုက်ညီမှုရှိအောင်ဆောင်ရွက်ရသောကြောင့် လယ်
သမားများ အနေဖြင့် အတန်ငယ် စောင့်ဆိုင်းသင့်ကြောင်း ၎င်းက ထပ်ပေါင်းပြောကြားခဲ့သည်ဟု သိရှိရသည်။