ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တွင် ပြည်နယ်အဆင့်အပစ်အခတ်ရပ်စဲရေးကော်မတီများ ဖွဲ့စည်းမည်

...

ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တွင် ပြည်နယ်အဆင့်အပစ်အခတ်ရပ်စဲရေးကော်မတီများ ဖွဲ့စည်းမည်

Mizzima, 28 Jun 2016

URL: http://www.mizzima.com/news-domestic/state-level-ceasefire-committees-be-formed-kayin-and-mon-states
ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်စဲရေး ပူးတွဲစောင့်ကြည့်စစ်ဆေးရေးကော်မတီ( JCMC)အဖွဲ့ဝင်များသည် မွန်ပြည်နယ်နှင့်ကရင်
ပြည်နယ်တို့တွင် ပြည်နယ်အဆင့် ကော်မတီများ ဖွဲ့စည်းရန် ဆွေးနွေးခဲ့ကြောင်း ၂၈ရက်နေ့ထုတ် ပြည်တွင်း သတင်းစာတွင် ဖော်ပြခဲ့
သည်။

ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် JMC-S ကော်မတီခွဲဖွဲ့စည်းခြင်းကို ဇွန်လ(၂၉-၃၀)ရက်နေ့တွင်စတင်ရန်မျှော်မှန်းထားကြောင်း
JMC-U ဒုဥက္ကဌ (၁)စောအိုင်းဇက်ဖိုးကပြောခဲ့သည်။

ယခုလက်ရှိ စတင်ကျင်းပနေသည့် နှစ်ရက်တာအစည်းအဝေးသည် ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့၌ JCMCs များဖွဲ့စည်းရန်အ
တွက်ဆွေးနွေးမည်ဖြစ်ပြီး JCMC နည်းပညာပိုင်းဆိုင်ရာ စင်တာ(TSC) တည်ဆောက်မှုပြီးစီးအောင် ဆောင်ရွက်မည်ဖြစ်ကာ သုံး
နှစ်အတွင်းJCMCလုပ်ငန်းစဉ် များ အကောင်အထည်ဖော် ဆောင်ရွက်ရန်အတွက် ဘတ်ဂျက်များနှင့်ပတ်သတ်၍လည်း ဆွေးနွေးမည်
ဖြစ်သည်၊ ကော်မတီဖွဲ့စည်းရန် လုပ်ဆောင်ခြင်းသည် အလုပ်ပရိုဂရမ်များနှင့် JCMC ဒေတာဘေ့စ်များ ပိုမိုတိုးတက်လာစေရန်နှင့်လှည့်
လည်ကြည့်ရှူ့ စစ်ဆေးရေးလုပ်ငန်းများ၌ လူထူပူးပေါင်းပါဝင်မှု ပိုမိုတိုးလာစေရန်အတွက်ဖြစ်ကြောင်း အစီရင်ခံစာထဲတွင် ဖော်ပြထား
သည်။