မုံရွာနှင့်လွိုင်ကော်တွင်အားကစားကောလိပ်ဖွင့်မည်

...

မုံရွာနှင့်လွိုင်ကော်တွင်အားကစားကောလိပ်ဖွင့်မည်

myintmakha New Agency, 23 Jun 2016

URL: http://www.myitmakhamedia.info/sports-colleges-to-open-in-monywa-and-loikaw/
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် စစ်ကိုင်းတိုင်း ၊ မုံရွာမြို့ နှင့်ကယားပြည်နယ်၊ လွိုင်ကော်မြို့တို့တွင် အားကစားကောလိပ်ဖွင့်လှစ်ရန် စီစဉ်နေကြောင်းပြောကြားလိုက်သည်။

“မြန်မာ့အားကစားအဖွဲ့ချုပ်အတွက်မျိုးဆက်သစ်အားကစားသမားတွေကိုမြေတောင်မြှောက်ပေးဖို့အားကစားကောလိပ်ကိုရန်ကုန်၊ မန္တလေး ၊မော်
လမြိုင် နဲ့ တောင်ကြီး တို့မှာဖွင့်လှစ်ထားပြီးပါပြီ။ မုံရွာနဲ့လွိုင်ကော်မှာဖွင့်လှစ်ဖို့လည်းစီစဉ်နေပါပြီ " ဟုအားကစားနှင့်ကျန်းမာရေးဝန်ကြီးဌာနပြည်
ထောင်စု ဝန်ကြီးဒေါက်တာမြင့်ထွေးကပြောခဲ့သည်။"

ထိုသို့တိုးချဲ့ရခြင်း၏ရည်ရွယ်ချက်မှာမြန်မာ့အားကစားအဆင့်အတန်းတိုးတက်မြင့်မားလာစေရန်အတွက်ဖြစ်ကြောင်း၎င်းကထပ်ပေါင်းပြောကြား
ခဲ့သည်။မန္တလေး၊ရတနာပုံကောလိပ်နှင့် ရန်ကုန်၊ဒဂုံတက္ကသိုလ်တို့တွင်ယခုပညာသင်နှစ်၌အားကစားကိုလေ့လာသင်ယူနေကြသူစုစုပေါင်းကျောင်း
သားဦးရေ(၃၀၂)ဦးရှိသည်။ တက္ကသိုလ်နှစ်ခုစလုံးမှ B.Sc(Sport) ဘွဲ့ပေးအပ်မည်ဖြစ်ပြီးယင်းဘွဲ့သည်၂၀၁၃-၂၀၁၄ခုနှစ်အတွင်းကျန်းမာရေးဝန်ကြီး
ဌာနမှပထမဦးဆုံးအကြိမ်ပေးအပ်သည့်ဘွဲ့လည်းဖြစ်သည်။