သံဖြူဇရပ်မြို့နယ်တွင်ရွှေ့ပြောင်းအိမ်ထောင်စုစာရင်း (၉၀၀)ကျော်စာရင်းပေးသွင်းလျှောက်ထား

...

သံဖြူဇရပ်မြို့နယ်တွင်ရွှေ့ပြောင်းအိမ်ထောင်စုစာရင်း (၉၀၀)ကျော်စာရင်းပေးသွင်းလျှောက်ထား

Mon News Agency, 28 Jun 2016

URL: http://monnews.org/2016/06/28/900-migrant-households-apply-documentation-thanbyuzayat-tsp/
အစိုးရ၏ရက်(၁၀၀)စီမံချက်အနေဖြင့်ရွှေ့ပြောင်းအလုပ်သမားများအားအိမ်ထောင်စုစာရင်းထုတ်ပေးလျှက်ရှိရာမွန်ပြည်နယ်၊
သံဖြူဇရပ်မြို့နယ်တွင်အခြေချအိမ်ထောင်စုစာရင်းအတွက်(၉၀၀)ရာကျော်စာရင်းပေးသွင်းထားပြီးဖြစ်သည်။

အိမ်ထောင်စုစာရင်းထုတ်ပေးခြင်းစီမံချက်သည်ပြည်ထောင်စုအစိုးရရက်(၁၀၀)စီမံချက်၏တစိတ်တပိုင်းဖြစ်ပြီးအဓိကအား
ဖြင့်ပဲခူးတိုင်းနှင့်ဧရာဝတီတိုင်းရှိဗမာတိုင်းရင်းသားများပါဝင်ပြီးမြန်မာနိုင်ငံရှိအခြားတိုင်းဒေသကြီးများမှဗမာတိုင်းရင်းသား
များလည်းပါဝင်သည်။

"ရက်(၁၀၀)စီမံချက်အနေနဲ့အခြားနေရာဒေသတွေကလာပြီးအခြေချနေထိုင်တဲ့သူတွေကိုအိမ်ထောင်စုစာရင်းထုတ်ပေးနေ
ပါတယ်။အိမ်ထောင်စုစာရင်းထုတ်ပေးခြင်းကိုနှစ်မျိုးနှစ်စားခွဲခြားထားပါတယ်။သာမန်ရွှေ့ပြောင်းနဲ့ယာယီရွှေ့ပြောင်းဆိုပြီးခွဲ
ခြားထားပါတယ်။ယာယီနေတဲ့သူတွေကိုတော့ကျွန်တော်တို့စာရင်းပဲကောက်ပါတယ်။အခြေချမယ့်သူတွေကိုတော့ကျွန်တော်
တို့အိမ်ထောင်စုစာရင်းထုတ်ပေးမယ် " ဟုသံဖြူဇရပ်မြို့နယ်၊လဝကဦးစီးမှူးဦးစိုးမင်းလတ်က MNA နှင့်တွေ့ဆုံမေးမြန်းချက်
တရပ်တွင်ပြောခဲ့သည်။

မွန်ပြည်နယ်အစိုးရအဖွဲ့၏ရွှေ့ပြောင်းအိမ်ထောင်စုစာရင်းထုတ်ပေးရေးအစီအစဉ်ကိုပြန်လည်ရုတ်သိမ်းပေးရန်ဇွန်လ(၁၀)ရက်
နေ့ရက်စွဲဖြင့်မွန်အသင်းအဖွဲ့(၁၅)သင်း၊ မွန်သံဃာတော်များနှင့်အမျိုးမျိုးသောပုဂ္ဂိုလ်များမှလည်းဝန်ကြီးချုပ်ထံလက်မှတ်ရေး
ထိုးတောင်းဆိုခဲ့ကြသည်။