နိုင်ငံတော်အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်နှင့် NCAလက်မှတ်ရေးထိုးသည့်အဖွဲ့များမှဒုတိယအကြိမ်ပင်လုံညီလာခံကိုသြဂုတ်လတွင်စတင်ပြုလုပ်ရန်သဘောတူညီ

...

နိုင်ငံတော်အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်နှင့် NCAလက်မှတ်ရေးထိုးသည့်အဖွဲ့များမှဒုတိယအကြိမ်ပင်လုံညီလာခံကိုသြဂုတ်လတွင်စတင်ပြုလုပ်ရန်သဘောတူညီ

Democratic Voice of Burma, 28 Jun 2016

URL: http://www.dvb.no/news/suu-kyi-nca-start-second-panglong-august/67648
နိုင်ငံတော်အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်နှင့်တစ်နိုင်ငံလုံးဆိုင်ရာအပစ်အခတ်ရပ်စဲရေးစာချုပ်ကိုလက်မှတ်ရေးထိုးထားသည့်တိုင်းရင်း
သားလက်နက်ကိုင်အဖွဲ့(၈)ဖွဲ့မှကိုယ်စားလှယ်များသည်ငြိမ်းချမ်းရေးဆွေးနွေးမှုများကိုပိုမိုကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်နိုင်ရန်အတွက်၂၁
ရာစုပင်လုံညီလာခံကိုသြဂုတ်လနောက်ပိုင်းထက်နောက်မကျစေပဲကျင်းပပြုလုပ်ရန်ယနေ့အစည်းအဝေးတွင်သဘောတူညီခဲ့ကြသည်။

"ကျွန်တော်တို့အဓိကပြောဖြစ်တာကတော့လာမယ့်ငြိမ်းချမ်းရေးညီလာခံစီစဉ်ဖို့အကြောင်းပါပဲ။ဒေါ်အောင်ဆန်းစုကြည်နဲ့တိုင်းရင်းသားခေါင်း
ဆောင်တွေကအကြံပေးထားကြတဲ့အဓိကအချက်တွေကိုဆွေးနွေးခဲ့ကြပြီးညီလာခံကိုသြဂုတ်လထက်နောက်မကျစေပဲကျင်းပဖို့ဆွေးနွေးခဲ့ပါ
တယ်" ဟု အစည်းအဝေးတက်ရောက်သူပင်လုံအကြိုပြင်ဆင်ရေးဆပ်ကော်မတီအတွင်းရေးမှူးဦးလှမောင်ရွှေကပြောခဲ့သည်။

“NCA ကိုလက်မှတ်မထိုးသေးတဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေပါဝင်ဖို့အတွက်နည်းလမ်းတွေကိုလည်းကျွန်တော်တို့ဆွေးနွေးခဲ့သလို
ဆွေးနွေးပွဲမှာပါဝင်မယ့်အရပ်ဖက်အဖွဲ့အစည်းတွေနဲ့နိုင်ငံရေးပါတီတွေရဲ့အခန်းကဏ္ဍတွေကိုလည်းဆွေးနွေးခဲ့ပါတယ် ” ဟု၎င်းကထပ်ပေါင်း
ပြောကြားခဲ့သည်။