ကယားပြည်နယ် သဘာဝဘေး ကြိုတင်ပြင်ဆင်နိုင်ရန် ငွေကျပ်သိန်း ၁၀၀၀ လှူဒါန်း

...

ကယားပြည်နယ် သဘာဝဘေး ကြိုတင်ပြင်ဆင်နိုင်ရန် ငွေကျပ်သိန်း ၁၀၀၀ လှူဒါန်း

The Global New Light of Myanmar, 01 Jul 2016

URL: https://issuu.com/myanmarnewspaper/docs/1_july_16_gnlm_44760f4e8e0b3c
ယမန်နှစ်နိုဝင်ဘာလတွင်မြေပြိုမှုများအကြီးအကျယ်ဖြစ်ပွားခဲ့သည့်ကယားပြည်နယ်အားသဘာဝဘေးအန္တရယ်ကြိုတင်ကာကွယ်ပြင်ဆင်နိုင်
ရန်အတွက်စေတနာရှင်အဖွဲ့အစည်းမှဗုဒ္ဓဟူးနေ့တွင်ငွေကြေးပေးအပ်လှူဒါန်းခဲ့သည်။

ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းသည်မကြာသေးမီကပင်ရခိုင်ပြည်နယ်၊ချင်းပြည်နယ်၊စစ်ကိုင်းတိုင်းနှင့်မကွေးတိုင်းတို့တွင်
ယခုကဲ့သို့ငွေကြေးရန်ပုံငွေစိုက်ထူလှူဒါန်းခဲ့ပြီးနောက်ကယားပြည်နယ်၌ငွေကျပ်သိန်း(၁၀၀၀)လှူဒါန်းခဲ့ခြင်းဖြစ်သည်။

" ဒီလိုဖောင်ဒေးရှင်းထူထောင်ရတဲ့ရည်ရွယ်ချက်ကတော့သဘာဝဘေးကျရောက်လာတဲ့အခါအာဏာပိုင်တွေကအကူအညီတွေကိုလျှင်လျှင်မြန်
မြန်ပေးနိုင်ဖို့ပါ " ဟု အလှူငွေကြေးအားကယားပြည်နယ်အစိုးရထံသို့လွှဲပြောင်းပေးအပ်သည့်အခမ်းအနား၌ လွိုင်ကော် KBZ ရုံးခွဲမှဒေါ်အိအိခိုင်
ကပြောခဲ့သည်။

ကျေးရွာတွင်စုစုပေါင်းရေရှစ်ထောင်ဂါလံဆန့်သည့်ရေတိုင်ကီ(၂)လုံးနှင့် အိမ်တိုင်းအတွက်ရေပေးဝေဖြန့်ဖြူးပေးသည့်ပိုက်လုံးများအပြင်လျှပ်စစ်
ဓာတ်အားအတွက် ၁၀၀ KVA ထရန်စဖော်မာတစ်လုံးကို လည်းတပ်ဆင်ထားပြီဖြစ်သည်။