ပင်လုံညီလာခံမတိုင်မီ မြန်မာတိုင်းရင်းသားများညီလာခံ ကျင်းပမည်

...

ပင်လုံညီလာခံမတိုင်မီ မြန်မာတိုင်းရင်းသားများညီလာခံ ကျင်းပမည်

Xinhau News, 10 Jul 2016

URL: http://news.xinhuanet.com/english/2016-07/10/c_135501866.htm
အစိုးရမှ ကမကထပြုလုပ်မည့် သြဂုတ်လနှောင်းပိုင်းတွင် ကျင်းပမည်ဖြစ်သော၂၁ရာစု ပင်လုံညီလာခံမတိုင်မီကြိုတင်ပြင်ဆင်မှုများ
ပြုလုပ်နိုင်ရန်အတွက် မြန်မာတိုင်းရင်းသားများညီလာခံကို ဇူလိုင်လ(၂၆)ရက်နေ့တွင် ကချင်ပြည်နယ်မြောက်ဘက်ပိုင်းတွင် ကျင်းပ
ပြုလုပ်မည်ဖြစ်သည်ဟု တနင်္ဂနွေနေ့ထုတ် ပြည်တွင်းသတင်းစာတွင်ဖော်ပြခဲ့သည်။

ကချင်လွတ်မြောက်ရေးအဖွဲ့အစည်း(KIO) ထိန်းချုပ်ရာဒေသဖြစ်သည့် မိုင်ဂျာယန်တွင် သုံးရက်တာ အစည်းအဝေး ကျင်းပမည်ဖြစ်
သည်။တစ်နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်စာချုပ်(NCA) လက်မှတ်ရေးထိုးသူ အဖွဲ့(၈)ဖွဲ့နှင့် လက်မှတ်မရေးထိုးသည့် အခြားသောအဖွဲ့များ
မှကိုယ်စားလှယ်များ ပါဝင်တက်ရောက်သည့် သောကြာနေ့၌ချင်းမိုင်မြို့တွင်ပြုလုပ်သောအစည်းအဝေးတွင်ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

နိုင်ငံရေးညှိနှိုင်းဆွေးနွေးမှု (DPN) အတွက် ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC)၏ ကိုယ်စားလှယ်
များသည် အပစ်ရပ်စာချုပ်လက်မှတ်မထိုးသည့် အဖွဲ့(၈)ဖွဲ့ကို ကိုယ်စားပြုထားသည်။

NCA လက်မှတ်မထိုးသည့် အဖွဲ့များအား နိုင်ငံရေးဆွေးနွေးမှုများတွင် ပါဝင်ခွင့်ပြုရန်အတွက် ကော်မတီကဆုံးဖြတ်ခဲ့သည်။