အစိုးရမှ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အရှိန်အဟုန်မြှင့်လုပ်ဆောင်၊ အသစ်ပြန်လည်ဖွဲ့စည်းလိုက်သည့် ငြိမ်းချမ်းရေးစင်တာကို ဦးဆောင်မှုပြုရန် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အား ခန့်အပ်

...

အစိုးရမှ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အရှိန်အဟုန်မြှင့်လုပ်ဆောင်၊ အသစ်ပြန်လည်ဖွဲ့စည်းလိုက်သည့် ငြိမ်းချမ်းရေးစင်တာကို ဦးဆောင်မှုပြုရန် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အား ခန့်အပ်

Myanmar Times, 13 Jul 2016

URL: http://www.mmtimes.com/index.php/national-news/nay-pyi-taw/21345-govt-speeds-up-peace-process-planning-appoints-state-counsellor-to-head-rebranded-pea
အစိုးရသစ်၏ငြိမ်းချမ်းရေးအစီအစဉ်သစ်များတွင် အဖွဲ့ဝင်ဆယ်ဦးပါဝင်သော ငြိမ်းချမ်းရေးဗဟိုစင်တာတွင်နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်သည်
ဥက္ကဌဖြစ်လာမည်ဖြစ်သည်၊ ငြိမ်းချမ်းရေးစင်တာသည် မူဝါဒများရေးဆွဲမည်ဖြစ်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ဝင်တစ်ဦးဖြစ်သူ ဦးတင်မျိုးဝင်း
သည် အသစ်ဖွဲ့စည်းလိုက်သည့်ငြိမ်းချမ်းရေးကော်မရှင်ကို ဦးဆောင်နေပြီး အစီအစဉ်များကို အကောင်အထည်ဖော်ဆောင်ရွက်နေသည်ဟုအစိုး
ရ ငြိမ်းချမ်းရေးအသင်းအဖွဲ့ဝင် ဦးလှမောင်ရွှေက ပြောကြားခဲ့သည်။ သမ္မတဦးထင်ကျော်၏ အပြောင်းအလဲများနှင့်ပတ်သတ်၍ကြေငြာချက်ကို
ပြည်တွင်းမီဒီယာများ၌ ယမန်နေ့ကဖော်ပြခဲ့ကြသည်။

ပြည်ထောင်စုညီနောင်သားချင်းများ ဖက်ဒရယ်ကောင်စီ(UNFC)၏ တောင်းဆိုမှုအရ ဒေါ်အောင်ဆန်းစုကြည်သည် ရန်ကုန်မြို့၌ဇူလိုင်လ(၁၇)
ရက်နေ့တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် တွေ့ဆုံမည်ဖြစ်ပြီးအစည်းအဝေးတွင် ငြိမ်းချမ်းရေးစင်တာသစ်အကြီးအကဲတစ်ဦးအဖြစ်
ပထမဦးဆုံးအကြိမ် အစည်းအဝေးပြုလုပ်မည်ဖြစ်သည်ဟု အစိုးရငြိမ်းချမ်းရေးညှိနှိုင်းဆွေးနွေးသူက ပြောကြားခဲ့သည်။

အစည်းအဝေးတွင် NCAလက်မှတ်မရေးထိုးခဲ့သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့(၉)ဖွဲ့မှ UNFC ခေါင်းဆောင်များသည် ၂၁ရာစုပင်လုံညီ
လာခံအတွက် ဆွေးနွေးရန်အဆိုပြုမည်ဖြစ်သည် ဟုဦးလှမောင်ရွှေကပြောကြားခဲ့သည်။