ကမ္ဘာ့ဘဏ် ကူညီထောက်ပံ့ပေးရေးစီမံကိန်းမှ မြန်မာနိုင်ငံရှိ စာသင်ကျောင်းအားလုံးအား ငွေကြေးကူညီပံ့ပိုးပေးမည်

...

ကမ္ဘာ့ဘဏ် ကူညီထောက်ပံ့ပေးရေးစီမံကိန်းမှ မြန်မာနိုင်ငံရှိ စာသင်ကျောင်းအားလုံးအား ငွေကြေးကူညီပံ့ပိုးပေးမည်

The Global New Light of Myanmar, 14 Jul 2016

URL: https://issuu.com/myanmarnewspaper/docs/14_july_16_gnlm_8e52b5652d9f27
မြန်မာနိုင်ငံရှိ အခြေခံပညာစာသင်ကျောင်းများနှင့် ဘုန်းကြီးကျောင်းစာသင်ကျောင်းများသည်ကမ္ဘာ့ဘဏ်ငွေကြေး
ကူညီထောက်ပံ့ပေးရေးစီမံကိန်းမှ တဆင့်ငွေကြေးကူညီပံ့ပိုးမှုများရရှိမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနမှအရာ
ရှိတစ်ဦးကယမန်နေ့တွင်ပြောကြားခဲ့သည်။

နိုင်ငံတော်စာသင်ကျောင်းများနှင့်ဘုန်းကြီးကျောင်းစာသင်ကျောင်း များတွင် ကျောင်းသားအရေအတွက်ပေါ်မူတည်
၍ထောက်ပံ့ကြေးငွေပမာဏကွဲပြား မှုရှိမည်ဖြစ်သည်ဟုဝန်ကြီးဌာန၏ အခြေခံပညာရေးဌာနမှ လက်ထောက်ညွှန်
ကြားရေးမှူးဖြစ်သူဦးတိုးဝင်းကပြောခဲ့သည်၊ စာသင်ကျောင်းအားလုံး ထောက်ပံ့ကြေးငွေရရှိမည်ဖြစ်ကြောင်းထပ်
ပေါင်းပြောကြားခဲ့သည်။

စာသင်ကျောင်း ငွေကြေးထောက်ပံ့ကူညီပေးရေးစီမံကိန်းအောက်၌ ကျောင်းသားအယောက်(၅၀)ရှိသော စာသင်
ကျောင်းတစ်ကျောင်းလျှင်ငွေကျပ်(၄)သိန်း၊ ကျောင်းသားအယောက်(၁၀၀)ရှိသောစာသင်ကျောင်းတွင်ငွေကျပ်(၈)
သိန်း၊ကျောင်းသားအယောက်(၂၀၀)ရှိသော စာသင်ကျောင်းတွင်ငွေကျပ်(၁၀)သိန်း၊ ကျောင်းသားအယောက်(၃၀၀)
ရှိသောစာသင်ကျောင်းအတွက်ငွေကျပ်(၁၂)သိန်း ၊ကျောင်းသားအယောက်(၄၀၀)ရှိသောစာသင်ကျောင်း အတွက်
ငွေကျပ်(၁၄)သိန်း၊ ကျောင်းသားအယောက်(၅၀၀)ရှိသောစာသင်ကျောင်းအတွက်ငွေကျပ်(၁၆)သိန်း၊ကျောင်းသား
အယောက်(၇၀၀)ရှိသောစာသင်ကျောင်းအတွက်ငွေကျပ်(၁၈)သိန်း ၊ ကျောင်းသားအယောက်(၉၀၀)ရှိသောစာသင်
ကျောင်းအတွက်ငွေကျပ်(၂၂)သိန်း၊ ကျောင်းသား(၁၁၀၀)ရှိသောစာသင်ကျောင်းအတွက်ငွေကျပ်သိန်း(၂၆)သိန်း၊
ကျောင်းသားအယောက်(၁၅၀၀)ရှိသောစာသင်ကျောင်းအတွက်ငွေကျပ်သိန်း(၃၀)၊ ကျောင်းသားအယောက်(၂၀၀၀)
ရှိသောစာသင်ကျောင်းအတွက် ငွေကျပ်သိန်း(၃၄)သိန်း နှင့် ကျောင်းသားအယောက်(၂၅၀၀)ရှိသောစာသင်ကျောင်း
အတွက်ငွေကျပ်(၃၈)သိန်း ပံ့ပိုးကူညီပေးမည်ဖြစ်သည်။ ဤစီမံကိန်းသည်လေးနှစ်တာစီမံကိန်းဖြစ်ပြီး ၂၀၁၄-၂၀၁၅
ပညာသင်နှစ်တွင် စတင်ခဲ့သည်ဟု အခြေခံပညာရေးဌာနက ပြောကြားခဲ့သည်