ဒေါ်အောင်ဆန်းစုကြည်မှ အပစ်ရပ်စာချုပ် လက်မှတ်မရေးထိုးသည့် လက်နက်ကိုင်အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေး

...

ဒေါ်အောင်ဆန်းစုကြည်မှ အပစ်ရပ်စာချုပ် လက်မှတ်မရေးထိုးသည့် လက်နက်ကိုင်အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေး

The Global New Light of Myanmar, 18 Jul 2016

URL: https://issuu.com/myanmarnewspaper/docs/18_july_16_gnlm
ယမန်နေ့၌ ရန်ကုန်မြို့ရှိ အမျိုးသားရင်ကြားစေ့ရေးနှင့်ငြိမ်းချမ်းရေးစင်တာတွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစု
ကြည်နှင့်ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီဥက္ကဌ ဦးအန်ဘန်လဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့တို့
သည်တိုင်းပြည်၏ငြိမ်းချမ်းရေးလုပ် ငန်းစဉ်များနှင့်ပတ်သတ်၍တွေ့ဆုံဆွေးနွေးခဲ့သည်။

အစိုးရသစ်နှင့် အပစ်ရပ်စာချုပ်လက်မှတ်မရေးထိုးသည့် လက်နက်ကိုင်အဖွဲ့များအတွင်း ပထမဦးဆုံးအကြိမ်ကျင်းပသည့်တွေ့ဆုံ
ဆွေးနွေးပွဲတွင် လာမည့် ၂၁ရာစု ပင်လုံညီလာခံတွင် အားလုံးပါဝင်နိုင်ရေးသေချာမှုရှိစေရန်အတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ
နှင့်ပတ်သတ်၍နှစ်ဘက်စလုံးမှ ညှိနှိုင်းဆွေးနွေးရေးကိစ္စရပ်များကို ဆွေးနွေးခဲ့သည်။

အစည်းအဝေးတွင် နှစ်ဦးနှစ်ဖက်ယုံကြည်မှုတည်ဆောက်နိုင်ခဲ့သည်ဟုပင်လုံညီလာခံအကြိုပြင်ဆင်ရေးကော်မတီအတွင်းရေးမှူး
ဖြစ်သူဦးလှမောင်ရွှေကပြောခဲ့သည်၊ အစည်းအဝေးသည် မိသားစုဆန်သည့်ဆွေးနွေးမှု ပုံစံမျိုးဖြစ်ကြောင်းထပ်ပေါင်းပြောပြခဲ့
သည်။

အစည်းအဝေးအတွင်း UNFC မှလာမည့်ပင်လုံညီလာခံတွင်၎င်းတို့ပါဝင်မှုများနှင့်ပတ်သတ်၍မရှင်းလင်းသည့်ကိစ္စရပ်များအပေါ်
မေးခွန်း​များ မေးမြန်းခဲ့ပြီး နိုင်ငံတော်အတိုင်ပင်ခံနှင့်အတူ ၎င်းတို့အမြင်ချင်းဖလှယ်ခဲ့ကြသည် ဟု ထပ်ပေါင်းပြောကြားခဲ့သည်။