ပင်လုံညီလာခံတွင် ကိုယ်စားလှယ်(၇၀၀)ရာခန့် တက်ရောက်မည်ဟု မျှော်မှန်းထား

...

ပင်လုံညီလာခံတွင် ကိုယ်စားလှယ်(၇၀၀)ရာခန့် တက်ရောက်မည်ဟု မျှော်မှန်းထား

Xinhau News, 10 Aug 2016

URL: http://news.xinhuanet.com/english/2016-08/10/c_135583535.htm
မြန်မာနိုင်ငံ၏ လာမည့်၂၁ရာစု တိုင်းရင်းသားပင်လုံညီလာခံတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အသီးသီးမှကိုယ်စားလှယ်(၁၅၀)ဦးအပါအဝင်
ကိုယ်စားလှယ်(၇၀၀)ခန့် တက်ရောက်မည်ဟု မျှော်မှန်းထားကြောင်း ထိပ်တန်းအရာရှိတစ်ဦးက ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။

သြဂုတ်လ(၃၁)ရက်နေ့တွင်တက်ရောက်မည့်သူ အရေအတွက်အတိအကျကို ယခုလလယ်ပိုင်းတွင် အလျင််ပြုလုပ်မည့် ပြည်ထောင်စုငြိမ်းချမ်း
ရေး ဆွေးနွေးမှုကော်မတီ(UPDJC) အစည်းအဝေးတွင် အတည်ပြုမည်ဖြစ်သည်၊ ထိုအစည်းအဝေးတွင် ညီလာခံအတွက် နိုင်ငံရေးမူဘောင်ကို
အတည်ပြုမည်ဖြစ်သည်ဟု နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီး ဦးကျော်တင့်ဆွေက အမျိုးသားလွှတ်တော်အစည်းအဝေးတွင် ပြောကြားခဲ့သည်။

အခြားတက်ရောက်မည့်သူများမှာ အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ နိုင်ငံရေးပါတီများနှင့် တိုင်းရင်းသားအဖွဲ့များမှဖြစ်လိမ့်ဖြစ်ကြောင်း ၎င်းက
ပြောကြားခဲ့သည်။

UPDJC အဖွဲ့ဝင်(၁၈)ဦးသည် အစိုးရဘက်မှကိုယ်စားလှယ်များ၊တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှကိုယ်စားလှယ်များနှင့် နိုင်ငံရေးပါတီများမှ
ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကဦးဆောင်သည်။