တိုင်းရင်းသားဘာသာသင်ကြားမည့် ကျောင်းသားဆရာ၊ ဆရာမများ လုံလောက်မှုမရှိကခန့်အပ်နိုင်

...

တိုင်းရင်းသားဘာသာသင်ကြားမည့် ကျောင်းသားဆရာ၊ ဆရာမများ လုံလောက်မှုမရှိကခန့်အပ်နိုင်

Burma News International, 18 Aug 2016

URL: http://www.bnionline.net/news/mon-state/item/2163-ethnic-language-teachers-being-recruited.html
မွန်ပြည်နယ်အတွင်း တိုင်းရင်းသားစာပေ သင်ကြားရေးကိစ္စတွင် ဆရာ/ ဆရာမများ လုံလောက်မှု မရှိပါက သက်ဆိုင်ရာ
မြို့နယ်ပညာရေးမှူးရုံး အစီအစဉ်ဖြင့် ဒေသခံ တိုင်းရင်းသား ဆရာ/ဆရာမများ ထပ်မံ ခန့်အပ်ပေးရန်ညွှန်ကြားထားကြောင်း
ပြည်နယ်ပညာရေးမှူးရုံးထံမှ သိရသည်။

မွန်ပြည်နယ် ပညာရေးမှူးရုံး ညွှန်ကြားရေးမှူး ဦးမျိုးတင့်အောင် က “ကျောင်းသားဦးရေ အချိုးနဲ့ပေါ့၊ တိုင်းရင်းသားစာပေ
သင်ကြားဖို့ ဆရာ/ဆရာမလိုအပ်ချက်ရှိရင်လည်း မြို့နယ်အဆင့် ပညာရေးမှူးရုံးတွေကို ညွှန်ကြားထားပြီးသား ဖြစ်ပါတယ်၊
လိုရင် လိုသလို သူတို့ရဲ့ အစီအမံနဲ့ ခန့်အပ်ပေးနိုင်တယ်” ဟု ပြောသည်

တိုင်းရင်းသားစာပေ သင်ကြားရေးကိစ္စတွင် လိုအပ်ချက်ရှိလာပါက ဒေသခံ တိုင်းရင်းသား ဆရာ/ဆရာမများ လာရောက်
သင်ကြားပေးရန် ကမ်းလှမ်းထားကြောင်း နှင့် အစိုးရဝန်ထမ်းရှိ တိုင်းရင်းသားစာပေ သင်ကြားပေးနိုင်သည့် ဆရာ/ဆရာမ
များကိုလည်း ကျောင်းချိန်ပြင်ပ၌ သင်ကြားရန် ခွင့်ပြုထားကြောင်း ၄င်းက ဆက်ပြောသည်။

၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် ပညာရေးဌာနအနေဖြင့် တိုင်းရင်းသားစာပေသင်ကြားပေးမည့် ဆရာ/ ဆရာမ တစ်ဦးလျှင်
ထောက်ပံ့ကြေး ကျပ်(၃)သောင်းနှုန်းဖြင့် လစဉ်ပုံမှန် ထောက်ပံ့သွားမည်ဖြစ်သော်လည်း လက်ရှိတွင်ဘတ်ဂျက်ငွေမကျသေး
ကြောင်း မွန်ပြည်နယ် ပညာရေးမှူးရုံးမှ သိရသည်။

မွန်ပြည်နယ်၌ တိုင်းရင်းသားဘာသာသင်ကြားသည့် ဆရာ၊ဆရာမများကိုပေးရန်အတွက် ဘတ်ဂျက်ငွေကျပ် သိန်းပေါင်း
(၂၉၈.၆)သန်းကျော် အစိုးရထံတင်ပြထားသည်။
လက်ရှိတွင် မွန်ပြည်နယ်၌ တိုင်းရင်းသားဘာသာကို အဓိကသင်ကြားပေးနေသည့် ဆရာ၊ဆရာမစုစုပေါင်း(၁၁၀၆)ဦးရှိသည်။
ယခုနှစ်တွင် တိုင်းရင်းသားစာပေသင်ကြားပေးသည့် ဆရာ၊ဆရာမ မွန်တွင် ၅၀၁ဦး၊ စကောကရင် ၃၈၄ဦး ၊ ပိုးကရင် ၁၃၈ဦး ၊
ပအိုဝ်း ၈၃ဦးရှိသည်။