တိုင်းရင်းသားဘာသာသင်ကြားသည့် ဆရာ၊ဆရာမများအတွက် ဝန်ကြီးဌာနမှ လစဉ်ထောက်ပံ့ကြေးပေးအပ်

The Global New Light of Myanmar, 26 Aug 2016
URL: https://issuu.com/myanmarnewspaper/docs/26_aug_16_gnlm
တိုင်းရင်းသားဘာသာသင်ကြားသည့် ဆရာ၊ဆရာမများအား ဝန်ကြီးဌာနမှ လစဉ်ထောက်ပံ့ကြေးပေးအပ်နေပြီ
ဖြစ်ကြောင်း ပညာရေးပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကြီးက ယမန်နေ့တွင် အမျိုးလွှတ်တော်၌ပြော
ကြားခဲ့သည်။
တိုင်းရင်းသားဘာသာသင်ကြားပေးသည့် ဆရာ၊ဆရာမများအတွက်လစဉ်ထောက်ပံ့ကြေးငွေ ဘတ်ဂျတ်အား
ခွဲဝေချထားပေးပြီဖြစ်ပြီး၂၀၁၆-၂၀၁၇စာသင်နှစ်အတွင်း မြို့နယ်(၁၈၇)မြို့နယ်ရှိ ကျောင်းသား ငါးသိန်းလေး
သောင်းအတွက် တိုင်းရင်းသားဘာသာ(၄၉)ဘာသာရှိသည့် ကျောင်းသုံးဖတ်စာအုပ်များကို ဖြန့်ဝေပေးရန်အ
တွက်လည်းစီစဉ်ထားပြီဖြစ်သည်ဟု ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့သည်။
ပြည်ထောင်စုဝန်ကြီး၏ပြောကြားချက်အရ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့မှ အတည်ပြုပြီးဖြစ်သည့်
တိုင်းရင်းသားဘာသာ ကျောင်းသုံးစာအုပ်များကို တစ်တန်း၊ နှစ်တန်းနှင့် သုံးတန်းကျောင်းသားများထံ ဖြန့်ဝေ
ပေးမည်ဖြစ်သည်။ယခုစာသင်နှစ်တွင်မူ တိုင်းရင်းသားဘာသာသင်ကြားသည့် ဆရာ၊ဆရာမများ ပိုမိုခန့်ထား
ရန်အစီအစဉ်မရှိပေ။ တိုင်းရင်သားဘာသာသင်ကြားသည့် ဆရာ၊ဆရာမများနှင့် ဒေသတွင်းစေတနာ့ဝန်ထမ်း
များသည် တိုင်းရင်းသားကျောင်းသားများကို ၎င်းတို့၏ဘာသာစကားဖြင့် သင်ကြားပေးလျှက်ရှိ တိုင်းရင်းသား
ဘာသာဆရာ၊ဆရာမများခန့်အပ်ခြင်းကို ဒေသကြီးအစိုးရ၏စီစဉ်ပေးမှုအောက်ဖြင့် နောင်နှစ်စာသင်နှစ်တွင်
ခန့်အပ်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့သည်။