ကရင်ပြည်နယ်အစိုးရမှ မြေမြှုပ်မိုင်းအန္တရယ် အသိပညာပေးသင်တန်း ပြုလုပ်

...

ကရင်ပြည်နယ်အစိုးရမှ မြေမြှုပ်မိုင်းအန္တရယ် အသိပညာပေးသင်တန်း ပြုလုပ်

Democratic Voice of Burma, 23 Aug 2016

URL: http://www.dvb.no/news/karen-state-govt-hosts-landmine-workshop/69773
တိုင်းဒေသကြီးအစိုးရ၏စီစဉ်ဆောင်ရွက်ပေးမှုဖြင့် မိုင်းအန္တရယ်ကင်းရှင်းရေးအသိပညာရေး
သင်တန်းကိုကရင်ပြည်နယ်၊ ဘားအံမြို့တော်ဖြစ်သော ဘားအံမြို့တွင် ပထမဦးဆုံးအကြိမ်
ကျင်းပပြုလုပ်ခဲ့သည်။

ဘားအံမြို့၊ တော်ဝင်ရတနာဟိုတယ်၌ တနင်္လာနေ့တွင် စတင်ကျင်းပခဲ့သည့် လေးရက်တာ
သင်တန်းဖြစ်ကာ ကရင်ပြည်နယ် အစိုးရဌာနများမှ ဝန်ထမ်းခြောက်ဆယ်ကျော်အပါအဝင်
လူဦးရေ(၆၀)ကျော်တက်ရောက်ခဲ့ကြသည်။

သင်တန်းအား နိုင်ငံတကာမိုင်းပညာရှင်များပါဝင်ဖွဲ့စည်းထားသည့် Danish NGO Dan
Church Aid (DCA) နှင့် UNICEF(မြန်မာ)တို႔ ပူးပေါင်းစီစဉ်ခဲ့ခြင်းဖြစ်သည်။

"သင်တန်းတက်ရောက်တဲ့အထဲမှာ ကျွန်တော်တို့မြေစာရင်းပါတယ်။ သစ်တောပါတယ်။စိုက်
ပျိုးရေးဦးစီးဌာနပါတယ်။ နယ်စပ်ဒေသနဲ့ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနပါတယ်။ ပညာရေးက
ဝန်ထမ်းတွေလည်းပါပါတယ်။ဒီဝန်ထမ်းတွေက သူတို့ကိုယ်တိုင် မိုင်းအန္တရယ်ကင်းရှင်းဖို့အ
တွက် အသိပညာတွေရရှိသလိုသူတို့ကနေတဆင့် ကျွန်တော်တို့ပြည်သူလူထုတိုင်းရင်းသား
တွေထဲကို ဒီပညာတွေရောက်ရှိဖို့အတွက်ကိုလည်း ဒီသင်တန်းကိုရည်ရွယ်ပြီးမှ ဖွင့်လှစ်ခြင်း
ဖြစ်ပါတယ်"ဟု ကရင်ပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာနဒုတိယညွှန်ကြားရေးမှူးဖြစ်သူဦးဇော်
မင်းက ပြောခဲ့သည်။

အခမ်းအနားစီစဉ်သူက ကရင်ပြည်နယ်တလျှောက်ရှိနေရာအနှံ့အပြား၌ ဆယ်စုနှစ်များစွာ
ဖြစ်ပွားခဲ့သည့်ပဋိပက္ခရှည်များအတွင်းအစိုးရတပ်နှင့်တိုင်းရင်းသားလက်နက်ကိုင်များမြှုပ်
ထားသည့်မြေမြှုပ်မိုင်းများသည် ပြန့်ကျဲလျှက်ရှိနေဆဲဖြစ်ကြောင်းပြောခဲ့သည်။

“ဒီသင်တန်းအစီအစဉ်ရဲ့ ရည်ရွယ်ချက်ကတော့ မြန်မာနိုင်ငံမှာ ဘေးကင်းလုံခြုံမှုရှိတဲ့ပတ်
ဝန်းကျင်ကိုဖန်တီးထားပေးနိုင်ဖို့နဲ့ မြေမြှုပ်မိုင်းအန္တရယ်ကင်းရှင်းစေဖို့ ရည်ရွယ်ပါတယ်။ဒီ
သင်တန်းမှာအသိပညာပေးမှုပံ့ပိုးပေးရေးနဲ့ပတ်သတ်ပြီးကျွန်တော်တို့အများဆုံးအဓိကထား
ဆွေးနွေးခဲ့ပါတယ်”ဟုDCAစီမံကိန်းမန်နေဂျာဖြစ်သူ Matthew Richard Walsh ကပြောခဲ့
သည်။