လျှပ်စစ်စွမ်းအားစီမံကိန်းများတွင်တရုတ်နှင့်စင်ကာပူသည် အများဆုံးရင်းနှီးမြှုပ်နှံသူများဖြစ်

...

လျှပ်စစ်စွမ်းအားစီမံကိန်းများတွင်တရုတ်နှင့်စင်ကာပူသည် အများဆုံးရင်းနှီးမြှုပ်နှံသူများဖြစ်

The Global New Light of Myanmar, 07 Sep 2016

URL: http://www.globalnewlightofmyanmar.com/china-and-singapore-top-investors-in-electric-power-projects/
တရုတ်နှင့်စင်ကာပူသည် ၂၀၁၆-၂၀၁၇ခုနှစ်ဘဏ္ဍာနှစ် ဇူလိုင်လအရ လျှစ်စစ်စီမံကိန်း(၉)ခုတွင် အကြီးမားဆုံး ရင်းနှီးမြှုပ်နှံမှုများ
ပြုလုပ်ခဲ့သည်ဟု ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီအုပ်ချုပ်ရေး ဒါရိုက်တာလူကြီးများအဖွဲ့(DICA)ထံမှသိရှိရသည်။

တရုတ်သည်လျှပ်စစ် ကဏ္ဍ၌ စီမံကိန်း(၅)ခုတွင်ယူအက်စ်ဒေါ်လာ(၁.၃)ဘီလီယံရင်းနှီးမြှုပ်နှံခဲ့သည်။ စင်ကာပူသည်စီမံကိန်း(၄)ခု
တွင် ယူအက်စ်ဒေါ်လာသန်း(၅၇၀)ရင်းနှီးမြှုပ်နှံခဲ့သည် ဟု DICA မှအရာရှိတစ်ဦးကပြောကြားခဲ့သည်။

ယခုလက်ရှိတွင် ရေအားလျှပ်စစ်စီမံကိန်း(၃၉)ခု၊ လေအားလျှပ်စစ်စီမံကိန်း(၅)ခုနှင့် ဆိုလာစွမ်းအင်စီမံကိန်း(၅)ခုတို့သည်အကောင်
အထည်မဖော်ရသေးပေ။သို့သော်လည်း ဆောက်လုပ်-စီမံ-လွှဲပြောင်း(BOT)စနစ်နှင့် ပူးတွဲလုပ်ဆောင်မှုစနစ်(JV)အောက်တွင်စီမံ
ကိန်းကိုလုပ်ဆောင်ရန်ရေးဆွဲပြီးပြီဖြစ်သည်။

မြန်မာနိုင်ငံတွင်လျှပ်စစ်အားပိုမိုရရှိရန်အတွက် ရေအားလျှပ်စစ်၊ သဘာဝဓာတ်ငွေ့၊ဒီဇယ်၊ ဆိုလာ၊အခြားဇီဝထုတ်ကုန်များနှင့်လောင်
စာဆီများစသည်တို့ကိုအသုံးပြု၍ လျှပ်စစ်အားထုတ်လုပ်နိုင်ရန်အတွက် လျှပ်စစ်စွမ်းအင်ဝန်ကြီးဌာနနှင့်ပြည်တွင်းကုမ္ပဏီများမှကြိုး
ပမ်းအားထုတ်လုပ်ဆောင်နေကြသည်။ ဤစီမံကိန်းများကိုအကောင်အထည်ဖော်ဆောင်ရွက်ရန်အတွက် နိုင်ငံခြားရင်းမှတိုက်ရိုက်ရင်း
နှီးမြှုပ်နှံမှုများပြုလုပ်ရန်ဖိတ်ကြားခဲ့သည်။

မြန်မာနိုင်ငံ၌ ၂၀၁၅-၂၀၁၆ဘဏ္ဍာနှစ်တွင်လျှပ်စစ်မီးရရှိသည့်အိမ်ထောင်စုပေါင်း(၃.၈)သန်းရှိသည်။ပြီးခဲ့သည့်ငါးနှစ်အတွင်းတွင် အိမ်ထောင်စု(၁.၄၈)သန်းကိုလျှပ်စစ်မီးပေးနိုင်ခဲ့ပြီးစုစုပေါင်းလူဦးရေ(၇.၄)သန်းရှိသည်။

သို့သော်လည်း အိမ်ထောင်စု(၆.၈)သန်းသည် လျှပ်စစ်မီးမရရှိသေးကြောင်း အထက်တွင်ဖော်ပြထားသည့်ဝန်ကြီးဌာန၏ပြောကြားချက်
အရသိရှိရသည်။