အထည်ချုပ်စက်ရုံအသစ်များမှ အလုပ်အကိုင် ၆၀၀၀ အထိ ပေးနိုင်

...

အထည်ချုပ်စက်ရုံအသစ်များမှ အလုပ်အကိုင် ၆၀၀၀ အထိ ပေးနိုင်

Mizzima, 05 Sep 2016

URL: http://www.mizzima.com/business-domestic/new-garment-factories-could-provide-6000-new-jobs
ဒေသခံများကို အလုပ်အကိုင် အခွင့်အလမ်း ၆၀၀၀ အထက် ဖန်တီးပေးရန် မျှော်လင့်နိုင်မည့် ရန်ကုန်စက်မှုဇုံများအတွင်း
အထည်ချုပ်စက်ရုံ ၅ ရုံ တည်ထောင်ရန် မြန်မာ့ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ ခွင့်ပြုချက်ပေးခဲ့ကြောင်း စက်တင်ဘာလ ၄
ရက်နေ့တွင် နိုင်ငံပိုင်မီဒီယာမှ တဆင့်သိရှိရသည်။

စက်ရုံ ၅ ရုံထဲမှ ၄ ရုံသည် နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုအောက်တွင် လုပ်ကိုင်လိမ့်မည်ဖြစ်ပြီး စက်ရုံတစ်ရုံသည်နိုင်
ငံသားရင်းနှီးမြှုပ်နှံမှုအောက်တွင် လုပ်ကိုင်လိမ့်မည်ဖြစ်သည်။ ၎င်းတို့သည် ဖြတ်-ချုပ်-ထုပ်ပိုးစနစ်အောက်တဝင် အလုပ်
လုပ်လိမ့်မည်ဖြစ်သည်။ လှိုင်သာယာ၊ ရွှေပြည်သာနှင့် မှော်ဘီစက်မှုဇုံများအတွင်းတွင် စက်ရုံများကို တည်ဆောက်လိမ့်
မည်ဖြစ်သည်။

ယခုလက်ရှိတွင် နိုင်ငံ၏ အထည်အလိပ်စက်မှုလုပ်ငန်း၌ ဒေသခံ ၃၅ ၀၀၀၀(သုံးသိန်း ငါးသောင်း) ဝန်းကျင်ခန့် အလုပ်
လုပ်ကိုင်လျှက်ရှိသည်။