အခြေခံပညာရေး ကျောင်းဆရာ၊ ဆရာမများအား ရာထူးနှင့် လစာများ တိုးမြှင့်ပေးမည်

...

အခြေခံပညာရေး ကျောင်းဆရာ၊ ဆရာမများအား ရာထူးနှင့် လစာများ တိုးမြှင့်ပေးမည်

Myanmar Times, 28 Sep 2016

URL: http://www.mmtimes.com/index.php/national-news/yangon/22763-basic-edu-teacher promotions-salaries-to-be-upgraded.html
အတန်းငယ်များအတွက် သင်ကြားရေး အရည်အသွေး တိုးမြှင့်လာစေရန်နှင့် လုပ်သက်အတွေ့အကြုံရှိသည့် ဝန်ထမ်းများကို
ဆက်လက်ထိန်းထားနိုင်ရေးအတွက် ပညာရေးဝန်ကြီးဌာန၏ အခြေခံပညာရေးဌာနသည် ကျောင်းဆရာ၊ ဆရာမများအား၎င်း
တို့၏ စာသင်ကျောင်းများတွင် ရာထူးတိုးပေးမည်ဖြစ်ပြီး လစာများကိုလည်း တိုးပေးမည်ဖြစ်သည်။

ယခင်က ဆရာ၊ဆရာမများသည် မူလတန်းပြအဆင့်တွင် စတင်ခဲ့ရပြီး လုပ်သက်အတွေ့အကြုံရှိမှသာ အလယ်တန်းပြအဆင့်
သို့ တိုးမြှင့်ခံရပြီး ထိုမှတဆင့် အထက်တန်းပြအဆင့်သို့ တိုးမြှင့်ခြင်းခံရသည်။ လစာပေးသည့် နှုန်းသည်လည်း အလားတူစွာ
အဆင့်ဆင့်တိုးသွားသည်၊ လုပ်သက်အတွေ့အကြုံ အနည်းဆုံးဆရာများသည် အတန်းငယ်များအတွက်သာ တာဝန်ယူရသည်။

သို့သော်လည်း ယခုအခါတွင်မူ အတန်းငယ်များမှစ၍ ပညာရေး အရည်အသွေးတိုးမြှင့်ပေးရန်အတွက် အားထုတ်ကြိုးပမ်းမှုများ
ပေါ်ပေါက်လာပြီဖြစ်သည်၊ အကယ်၍ မူလတန်းဆရာများမှ လုပ်ဆောင်ချက် ကောင်းမွန်၍ဖြစ်စေ၊ (သို့မဟုတ်) လုပ်ငန်း အ
တွေ့အကြုံရှိပါက ၎င်းတို့သည် မူလတန်းစာသင်ကျောင်းများတွင်“ကျွမ်းကျင်”အဆင့်(၁)နှင့် (၂)တို့ဖြင့် ရာထူး တိုးပေးမည်ဖြစ်
သည်။ ကျွမ်းကျင်အဆင့်များကို မူလတန်း၊ အလယ်တန်းနှင့် အထက်တန်းအဆင့်များတွင် ခန့်အပ် ထားမည်ဖြစ်သည် ဟု ပ
ညာရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်မြဲ က ပြောခဲ့သည်။

“ကျောင်းဆရာ၊ဆရာမတွေ ရာထူးတိုးတာနဲ့ သူတို့ရဲ့လစာလည်း တိုးသွားမှာပါ”ဟု ဦးခိုင်မြဲကပြောသည်။

ပညာရေးဝန်ကြီးဌာနသည် ကျောင်းဆရာ၊ဆရာမများ လခတိုးပေးရန်အတွက် တောင်းခံမှုကို စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး
ဌာနနှင့် အစိုးရရုံးထံသို့ တင်ပြထားပြီးဖြစ်သည်။

“အစိုးရရုံးက ပြန်စာ ရလာရင်တော့ ကျောင်းဆရာတွေရဲ့ လစာကို တိုးလို့ရပြီ ”ဟု သူကပြောခဲ့သည်။ “ဒီနှစ်မှာ အကောင်အ
ထည်ဖော်ဖြစ်မှာပါ။”

လက်ရှိတွင် မူလတန်းပြများသည် ငွေကျပ် တစ်သိန်း ငါးသောင်း ငါးထောင် ရရှိပြီး အလယ်တန်းပြများသည် တစ်သိန်းခြောက်
သောင်း ငါးထောင်ရရှိကာ အထက်တန်းပြများမှာ တစ်သိန်း ခုနစ်သောင်း ငါးထောင် ရရှိကြသည်။