လှိုင်းဘွဲ့တွင် ခရီးသွားခြင်းကို တင်းကြပ်ထားသောကြောင့် စားနပ်ရိက္ခာ ပြတ်လတ်မှာကို စိုးရိမ်နေကြ

...

လှိုင်းဘွဲ့တွင် ခရီးသွားခြင်းကို တင်းကြပ်ထားသောကြောင့် စားနပ်ရိက္ခာ ပြတ်လတ်မှာကို စိုးရိမ်နေကြ

FRONTIER MYANMAR, 30 Sep 2016

URL: http://frontiermyanmar.net/en/news/travel-restrictions-tightened-hlaingbwe-concern-grows-food-supplies
ကရင်ပြည်နယ်တွင် မကြာသေးမီက ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် ယခုလအစောပိုင်းတွင် နေရပ်စွန့်ခွာ ထွက်ပြေးလာသူများသည်
၎င်းတို့နေရပ်ပြန်ခြင်းကို စစ်တပ်မှတားမြစ်ထားပြီး အစားအစာများ ပြတ်တောက်သွားမည်ကို ၎င်းတို့မှ စိုးရိမ်ပူပန်နေကြကြောင်း Frontier
သို့ပြောပြခဲ့သည်။

ယခင် ရက်သတ္တပတ်ကပင် ခရီးသွားရာတွင် တင်းကြပ်မှုများရှိနေကြောင်းကို ဒေသတွင်း ကျောင်းမှ ကျောင်းအုပ်ဆရာဖြစ်သူ စိုင်းမောင်
ညွန့်က ပြောပြခဲ့သည်။ ၎င်းသည် ထွက်ပြေးလာကြသူများ စတင် လာရောက် ခိုလှုံပြီးနောက် မြိုင်ကြီးငူ ဘုန်းတော်ကြီးကျောင်း၏ စီမံ
ခန့်ခွဲမှုများကို ကူညီပေးနေသူတစ်ဦးဖြစ်သည်။

စက်တင်ဘာလ(၉)ရက်နေ့တွင် ၎င်းတို့အိမ်များမှ ထွက်ခွာကြရန် အမိန့်ရရှိပြီးနောက် ရွာသားအချို့သည် ၎င်းတို့ အိမ်များတွင် ကျန်ရှိနေ
သည့် ခြံမွေးတိရစ္ဆာန်များနှင့် သီးနှံများကို စစ်ဆေးရန် ရံဖန်ရံခါ ပြန်ကြသည်။ သို့သော်လည်း စစ်တပ်မှ ၎င်းတို့ ထိုသို့ ပြန်ကြည့်ခြင်း
ကို တားဆီးခဲ့သည်။

“အခုလောလောဆယ်တော့ အဆင်ပြေနေသေးတာပေါ့။ အစားအစာ အလုံအလောက် ရှိသေးတယ်၊ ဒါပေမယ့် ရေရှည်မှာ ရိက္ခာပြတ်သွား
မှာကို ကျွန်တော်တို့ စိုးရိမ်နေပါတယ်” ဟု ၎င်းက Frontier သို့ ဗုဒ္ဓဟူးနေ့တွင် ပြောခဲ့သည်။

နေရပ် စွန့်ခွာလာသည့် အဖွဲ့များအား အလှူရှင်များမှ စားနပ်ရိက္ခာများ လာရောက် လှူဒါန်းခဲ့သည်၊ စက်တင်ဘာလ(၉)နေ့ ရက်သတ္တပတ်
တွင် မြိုင်ကြီးငူဆရာတော်မှ ထွက်ပြေးလာသည့် ရွာသားများကို ၎င်း၏ ဘုန်းကြီးကျောင်းသို့ ခေါ်ဆောင်လာခဲ့သည်။

မြို့နယ် လက်ထောက် အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးနေလင်းထက်မှ မကြာသေးမီက ဖြစ်ပွားခဲ့သည့် တိုက်ပွဲများသည် ခဏစဲနေသော်လည်း
ပြန်ဖြစ်မည့် အလားအလာ ရှိသေးသောကြောင့် ရွာသားများ လုံခြုံရေးအတွက် ခရီးသွားရာတွင် တင်းကြပ်ထားခြင်း ဖြစ်ကြောင်း ပြော
ခဲ့သည်။

ရွာသား နောက်တစ်ဖွဲ့မှာ နယ်စပ်ကိုဖြတ်ကျော်ကာ ထိုင်းနိုင်ငံရှိ ၎င်းတို့၏ ဆွေမျိုးများထံသို့ သွားရောက် ခိုလှုံခဲ့သည်ဟု ဒုက္ခသည်များ
ဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီးများရုံးက Frontier သို့စက်တင်ဘာလ(၁၆)ရက်နေ့တွင်ပြောကြားခဲ့သည်။